26
Apr

ကျွန်တော်-ကျမက စပါမည်၊ HIV ကိုတားနိုင်သည်

24 April 2013 HIV spread in England 'could be halted within generation'
၂၄-၄-၂ဝ၁၃ အင်္ဂလန်မှာ HIV ပြန့်ပွါးမှုကို နောက်မျိုးဆက် မတိုင်မီ ဟန့်တားနိုင်မည်လို့ ကျန်းမာရေးဌာနက ထောက်ကူထားတဲ့ လှုံ့ဆော်ရေး အဖွဲ့ကနေ ပြောလိုက်ပါတယ်။

အင်္ဂလန်မှာ HIV ပိုးနဲ့ အတူနေကြရသူပေါင်း ၉ သိန်း ရှိတယ်။ ၄ ယောက်မှာ ၁ ယောက်က ပိုးရှိနေမှန်း မသိကြပါ။ အာဖရိက သွေးပါသူတွေထဲက လိင်တူ သမားတွေရော အဖြောင့် သမားတွေရောဟာ စုစုပေါင်းရဲ့ ၄ ပုံ၊ ၃ ပုံဖြစ်ပါတယ်။ ဒါကြောင့် ကူးစက်နိုင်ခြေ များသူတွေကို ဦးတည်ပြီး ရောဂါပို ရှိ-မရှိ ရှာဖွေခြင်းဟာ ထိရောက်တဲ့ တားဆီးနည်းဖြစ်ပါတယ်။

လှုံ့ဆောင်ရေး (ကင့်ပိန်း) ဟာ “It Starts With Me; We can stop HIV ကျွန်တော်-ကျမက စပါမည်၊ HIV ကိုတားနိုင်သည်” ဖြစ်ပြီး၊ Terrence Higgins Trust အဖွဲ့ကနေ ကူညီ ထားပါတယ်။ ဖြစ်နိုင်ခြေများတဲ့ အုပ်စုတွေကို အနည်းဆုံး ၁၂ လမှာ တခါ ဆေးစစ်ဘို့ တိုက်တွန်းပါတယ်။

ဒီရောဂါ အတွက် ကာကွယ်ဆေးရော၊ ပျောက်ကင်းစေမဲ့ ဆေးဝါးပါ လက်တကမ်းမှာ မရှိသေးပါ။ ဒီလို အခြေအနေမျိုးမှာ လူတွေက ဗိုင်းရပ်စ်တွေ ပြန့်ပွားမှုကို တန့်စေမဲ့ ဆေးပညာရှေ့ရောက်လာမှုဆိုတာ လက်တကမ်းမှာ ရှိပါတယ်လို့ သဘောပေါက်သင့် ကြပါတယ်။

လူတွေ များများကြီးကို HIV ပိုး ရှိ-မရှိ စမ်းသပ်နိုင်လေလေ၊ ဆေးကုသမှုကိုလည်း ခံယူနိုင်လေလေ ကူးစက်ပြန့်ပွါးမှုကို ထိုးကျသွားစေအောင် လုပ်နိုင်မှာ သေချာပါတယ်။ အင်္ဂလန်မှာ တနေရာရာမှာ တယောက်ယောက်ကို မိနစ် ၉ဝ တိုင်းမှာ HIV ရှိ-မရှိ စမ်းသပ် ကြည့်နေပါတယ်။

ဒေါက်တာတင့်ဆွေ (၂၄-၄-၂ဝ၁၃)

ဒေါက်တာတင့်ဆွေကျွန်တော်-ကျမက စပါမည်၊ HIV ကိုတားနိုင်သည်  

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top