6
Dec

က​မ္ဘာ့အေ​အိုင်​ဒီ​အက်စ်​နေ့ အ​ထိမ်း​အ​မှတ် ​လမ်း​လျှေက်​ပွဲ ​ကျင်း​ပ

ဒီ​ဇင်​ဘာ ၁ ​ရက်​နေ့မှာ ​ကျ​ရောက်​မ​ယ့် “World AIDS Day 2013” ​အ​ထိမ်း​အ​မှတ် ​လမ်း​လျှောက်​ပွဲ​ကို ​ရန်​ကုန်​မြို့ ​ကန်​တော်​ကြီး ​ကန်​ပတ်​လမ်း​မှာ ​ဒီ​နေ့ ​မ​နက်​ပိုင်း​က ​ပြုလုပ်​ခဲ့​ပါ​တယ်။ ​လမ်း​လျှောက်​ပွဲ​မှာ ​အန်​ဂျီ​အို ​အ​ဖွဲ့ဝင်​တွေ၊ AIDS ​ဝေ​ဒ​နာ​ရှင်​တွေ၊ ​နန်း​ခင်​ဇေ​ယျာ​နဲ့ အ​တူ ​တ​ခြား​အ​နု​ပ​ညာ​ရှင်​တွေ​နဲ့ လူ​ငယ်​တွေ​လည်း ​ပါ​ဝင်​ဆင်​နွှဲ ခဲ့​ကြ​ပါ​တယ်။

နန်း​ခင်​ဇေ​ယျာ​က “​အေ့​ဒ်​ရော​ဂါ​ဝေ​ဒ​နာ​ရှင်​တွေ​ကို ​ညီ​မ ​အား​ပေး​စ​ကား ​ပြော​ချင်​ပါ​တယ်။ ​အ​နု​ပ​ညာ​ရှင်​ တ​ယောက်​အ​နေ​နဲ့ အား​ပေး​ချင်​ပါ​တယ်။ ​စိတ်​သိမ်​ငယ်​မှု ​မ​ထား​ပါ​နဲ့​၊ ​ဘ​ဝ​မှာ ​ဖြစ်​ချင်​တာ​တွေ​နဲ့ ​လုပ်​ချင်​တာ​တွေ ​စွမ်း​စွမ်း​တ​မံ ​လုပ်​ဆောင်​သွား​ဖို့ ပြော​ချင်​ပါ​တယ်” ​လို့ ဆို​ပါ​တယ်။ အေ့​ဒ်​ရော​ဂါ​သည်​တွေ​ကို ​သာ​မန်​လူ​တွေ​လို​ပဲ ​ဆက်​ဆံ​လို့ ရ​တယ်​ဆို​တာ​ကို ​သိ​စေ​ချင်​ပါတယ်​လို့ ​အ​နု​ပ​ညာ​သည်​ တ​ဦး​က​လည်း ​ပြော​ပါ​တယ်။

“​သူ​များ​တွေ​က ​အေ့​ဒ်​ရော​ဂါ​ဆို ​ကူး​စက်​တတ်​တယ်​ဆို​ပြီး ​ကြောက်​ကြ​တယ်​လေ။ ​အစ်​မ​က​တော့ ​အ​ရင်​ဇာတ်​လမ်း​တို​လေး​တွေ​လည်း ​ရိုက်​ဖူး​တယ်။ ​ပ​ညာ​ပေး​တာ​တွေ​လည်း ​သိ​ရ​တဲ့​အ​တွက် ​ဒီ​ရော​ဂါ​က ​မ​ကူး​စက်​တတ်​ပါ​ဘူး​။ ​ကြောက်​စ​ရာ​ မ​လို​ပါ​ဘူး​။ ​သူ​တို့တွေ​ကို​လည်း ​သာ​မန်​လူ​တွေ​လို​ပဲ ​ဆက်​ဆံ​လို့ ရ​တယ်၊ ​ဒါ​ကို​ကျန်​တဲ့​လူ​တွေ​ကို​လည်း ​သိ​စေ​ချင်​တာ​ပါ။”

မြန်​မာ​နိုင်​ငံ​မှာ HIV ​ရော​ဂါဝေ​ဒ​နာ​ရှင်​ပေါင်း ၂ ​သိန်း​ခွဲဝန်း​ကျင် ​ရှိ​နေ​တယ်​လို့ ​ကျန်း​မာ​ရေး ၀န်​ကြီး​ဌာ​န​က ​ခန့်မှန်း​ပါ​တယ်။ က​မ္ဘာ​ပေါ်​က ​အ​သက် ၁၀ ​နှစ်​နဲ့ ၁၉ ​နှစ်​အ​ရွယ် ​ဆယ်​ကျော်​သက် ​လူ​ငယ်​အ​ယောက် ၂ ​သန်း​ဟာ HIV ​ရော​ဂါ​ပိုး ​ကူး​စက်​ခံ​နေ​ရ​ပြီး ​အ​များ​အား​ဖြ​င့် ​ကျန်း​မာ​ရေး​ စောင့်ေ​ရှာက်​မှု​တွေ ​မ​ရ​ဘူး​လို့လည်း ​ဆို​ပါ​တယ်။ ၂၀၁၂ ​ခု​နှစ်​ အ​တွင်း​မှာ ​က​လေး​သူ​ငယ် ၂ ​သိန်း ၁ ​သောင်း​ဟာ AIDS ​ရော​ဂါ​ကြော​င့် ​သေ​ဆုံး​ကြောင်း WHO ​က ​ထုတ်​ပြန်​ထား​ပါ​တယ်။

DVB - က​မ္ဘာ့အေ​အိုင်​ဒီ​အက်စ်​နေ့ အ​ထိမ်း​အ​မှတ် ​လမ်း​လျှေက်​ပွဲ ​ကျင်း​ပ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top