25
Sep

ခုခံကျရောဂါ ကာကွယ်ဆေး



ဒီကနေ့
သတင်းတွေထဲမှာ ထိပ်ဆုံးကပါလာတာကတော့ ခုခံကျရောဂါကာကွယ်ဆေး သုတေသန အောင်မြင်မှု သတင်းပါ။
ထိုင်း-အမေရိကန် ၆ နှစ်ကြာ ပူးတွဲ သုတေသနပြုချက်အရ ကာကွယ်ဆေး ထိုးထားသူတွေဟာ ကာကွယ်ဆေး
ထိုးမထားသူတွေထက် ခုခံကျရောဂါဖြစ်ပွားမှု ၃၁ ရာနှုန်း လျော့နည်းတယ်လို့ ဆိုပါတယ်။

ဒီသတင်းကောင်းကို
ခွဲခြမ်းစိပ်ဖြာ ကြည့်ရအောင်။

စမ်းသပ်မှု

ဒီသုတေသနပြုချက်ဟာ
ကာကွယ်ဆေး စမ်းသပ်မှုအဆင့် (၃) ဖြစ်ပြီး အရည်အသွေးပိုင်းမှာ စနစ်တကျ ဆောင်ရွက်ထားတာ
တွေ့ရပါတယ်။

 

(စကားချပ်။
စမ်းသပ်မှု အဆင့် (၁) - ကာကွယ်ဆေးက လူကို ဥပါဒ် မပေးနိုင်ဘူး ဆိုတာ သေချာအောင် စမ်းသပ်တာပါ။

စမ်းသပ်မှု
အဆင့် (၂) - ကာကွယ်ဆေးက တကယ့် အာနိသင် ရှိမရှိ လူဦးရေ ခပ်နည်းနည်းနဲ့ စမ်းသပ်တာ ဖြစ်ပြီး

စမ်းသပ်မှု
အဆင့် (၃) - ကာကွယ်ဆေးက တကယ့် အာနိသင် ရှိမရှိ လူဦးရေ

များများနဲ့
စမ်းသပ်တာဖြစ်ပါတယ်။)

 

ခုခံကျရောဂါ
မရှိတဲ့ အသက် ၁၈ နှစ်ကနေ ၃၀ အတွင်း ထိုင်းလူမျိုး ကျား-မစုစုပေါင်း ၁၆၀၀၀ ကျော်ကို
စမ်းသပ်ထားပါတယ်။ အစမ်းသပ်ခံတဲ့ လူတွေထဲမှာတစ်ဝက်က ကာကွယ်ဆေးရပြီး ကျန်တစ်ဝက်က ကာကွယ်ဆေး
မရပါ။ သို့သော်အားလုံးကိုတော့ အပြင်ပန်းကြည့်ရင် အတူတူပဲလို့ ထင်ရတဲ့ ဆေးတွေ ပုံမှန်ထိုးပေးပါတယ်။
ကာကွယ်ဆေး အတု နဲ့ အစစ်လို့ လွယ်လွယ် ပြောကြပါစို့ရဲ့။

ဆေးထိုးပေးရတဲ့
လူကိုယ်တိုင်တောင် ဘယ်ဆေးက အစစ် ဘယ်ဆေးက အတု ဆိုတာမသိပါဘူး။ ဒီလိုမျိုး ဆေးထိုးခံရသူကော
ဆေးထိုးပေးသူပါ အတု အစစ်မခွဲခြားနိုင်အောင် ပြုလုပ်ထားနိုင်တာဟာ ကာကွယ်ဆေး သုတေသနမှာ
အင်မတန်ကောင်းမွန်တဲ့ အချက်ပါ။ (ဘိုလိုတော့ double blind trial လို့ခေါ်ပါတယ်။)

ဘာဖြစ်လို့
ကောင်းတာလဲ ဆိုတော့ ကာကွယ်ဆေး အစစ် ရထားလို့ ဆိုပြီး အပြင်မှာသွားကဲချင်တိုင်း ကဲနေတာမျိုး၊
ကာကွယ်ဆေး အတု ရထားလို့ဆိုပြီးစမ်းသပ်ကာလအတွင်း ဥပုသ်စောင့်နေတာမျိုး လုပ်နေကြရင် စမ်းသပ်မှု
အဖြေထုတ်ရာမှာ ထိခိုက်နိုင်လို့ပါပဲ။ ဒါကြောင့် စမ်းသပ်မှုမှာ ပါဝင်သူတွေဟာ နေရိုးနေစဉ်အတိုင်း
ဆက်လက်ပြီး နေနေကြဖို့ အရေးကြီးပါတယ်။

အခုလို
ကာကွယ်ဆေး အတု ရထားလား၊ အစစ်ရထားလား ဘယ်သူ့ ဘယ်သူမှ မသိကြလေတော့စမ်းသပ်မှုမှာ ပါဝင်သူတွေဟာ
အရင်လို နေမြဲအတိုင်း ဆက်နေကြဖို့ဖြစ်လာပါတယ်။

နောက်တစ်ချက်က
သုတေသန အဖွဲ့မှာ မပါဝင်တဲ့ သမာသမတ်ရှိမယ်လို့ ထင်ရတဲ့အဖွဲ့တစ်ဖွဲ့က သုတေသန လုပ်သူတွေ
စနစ်ကျမှုရှိမရှိ စောင့်ကြည့်တာပါ။ဒါဟာလည်း အရည်အသွေးကောင်းတဲ့ သုတေသနတွေရဲ့ လက္ခဏာ တစ်ခုပါ။

စမ်းသပ်မှု
အဆင့် (၃) ကိုရောက်ဖို့အတွက် အဆင့် (၁) တွေ (၂) တွေကိုကျော်ဖြတ်ရပါတယ်။ ဒီသုတေသန ပြုချက်မှာ
အဆင့် (၁) နဲ့ (၂) ကိုကျော်ဖြတ်ပြီးခဲ့ကြောင်း မှတ်တမ်းတင်ထားတာ တွေ့ရလို့ ကောင်းမွန်တဲ့
သုတေသနပြုချက်လို့ ပြောလို့ ရနိုင်ပါတယ်။

စမ်းသပ်မှု
အဖြေ

ကာကွယ်ဆေး
ထိုးထားသူတွေထဲမှာ ၅၁ ဦး ခုခံကျ ရောဂါ ရလာပြီး ကာကွယ်ဆေး ထိုးမထားသူတွေထဲမှာ ၇၄ ဦး
ရောဂါရပါတယ်။ စမ်းသပ်မှုမှာ ပါဝင်တဲ့ လူဦးရေအတိအကျနဲ့ ပါဝင်တဲ့ အချိန်တွေ ထည့်တွက်လိုက်တော့
၃၁ ရာခိုင်နှုန်းကာကွယ်မှု ရှိတယ်လို့ သိရတယ်။

နောက်ဆက်တွဲ
ရလဒ်များ

စမ်းသပ်ခဲ့ဖူးသမျှ
ခုခံကျရောဂါ ကာကွယ်ဆေးတွေထဲမှာ ဒီကာကွယ်ဆေးက အလားအလာ အကောင်းဆုံးပါ။ ဒါပေမယ့်လည်း ကာကွယ်နိုင်မှုက
၃၁ ရာနှုန်းပဲ ရှိတော့ကာကွယ်ဆေး ထိုးထားဦး ရောဂါ ကူးစက်နိုင်ချေက အတော်များနေဆဲပါ။ တစ်ဖက်ကကြည့်ပြန်ရင်
ဒီကာကွယ်ဆေးရဲ့ အလုပ်လုပ်ပုံ အစွမ်းသတ္တိတွေကို ထပ်မံလေ့လာပြီး မွမ်းမံလိုက်ရင် ဒီ့ထက်
ပိုကောင်းတဲ့ ကာကွယ်ဆေး ရကောင်းရလာနိုင်ပါတယ်။

သတိထားစရာလေးများ

ဒီစမ်းသပ်မှုမှာ
သတိထားစရာ တစ်ချက်က ထိုင်းမှာ အဖြစ်များတဲ့ ခုခံကျရောဂါပိုး မျိုးကွဲ၊ မျိုးစိတ်တွေကို
အဓိကထား စမ်းသပ်ထားတာမို့ အခြား မျိုးကွဲ၊ မျိုးစိတ်တွေအတွက် သုံးလို့ မရနိုင်သေးပါ။
(အာဖရိကနိုင်ငံတွေမှာ အဖြစ်များတဲ့ ခုခံကျရောဂါ မျိုးကွဲ၊ မျိုးစိတ်တွေဟာထိုင်းနဲ့
မတူပါ။)

ကာကွယ်ဆေး
ပေါ်ပြီဟေ့ ဆိုပြီး လူတွေ လွတ်ချင်တိုင်းလွတ်ပြီး ကဲနေလို့တော့ မဖြစ်ပါ။ ကာကွယ်ဆေးက
ရာနှုန်းပြည့် ကာကွယ်တာ မဟုတ်။ နောက်ပြီး ဒီနေ့ပေါ်တဲ့ ကာကွယ်ဆေးက နောက်နေ့ လူအားလုံး
သုံးဖို့ မဖြစ်နိုင်ပါ။ နောက်ထပ် စမ်းသပ်စရာများ ခွင့်ပြုချက်များ ထုတ်လုပ်မှုပိုင်းဆိုင်ရာ
ကိစ္စများရှိပါသေးတယ်။

ကာကွယ်ဆေး
ပေါ်ပြီဆိုတော့ ခုခံကျရောဂါ ဒီကမ္ဘာပေါ်ကနေ အမြစ်ပြတ် သွားနိုင်မလားနမူနာ တစ်ခုနဲ့ ယှဉ်ပြီး
ပြောပါမယ်။ ပိုလီယို ရောဂါ ကာကွယ်ဆေးဟာ ၉၅ရာနှုန်း ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။
၁၉၆၀ ခုနှစ်ကျော်က ကာကွယ်ဆေးကိုရှာဖွေ တွေ့ရှိခဲ့ပေမယ့် ဒီကနေ့ ဒီအချိန် အထိ ကမ္ဘာပေါ်မှာ
ပိုလီယိုရောဂါအမြစ် မပြတ်နိုင်သေးပါ။ ဒါကြောင့်မို့ ၃၁ ရာနှုန်းသာ ကာကွယ်နိုင်စွမ်းရှိတဲ့
ဒီ ခုခံကျရောဂါ ကာကွယ်ဆေးနဲ့တော့ ခုခံကျရောဂါကမ္ဘာပေါ်မှာ အမြစ်ပြတ် မသွားနိုင်ပါ။

ဒါဆို
ဘာလုပ်ကြမလဲ

လက်ရှိ
သိပြီးသား နည်းလမ်းတွေဖြစ်တဲ့ ကျန်းမာရေး ပညာပေးခြင်း၊ ကွန်ဒုံးသုံးခြင်း၊ ရောဂါကူးစက်နိုင်ခြေများတဲ့
အပြုအမူ ( ဥပမာ -မူးယစ်ဆေး ထိုးခြင်း၊ လိင်ဆက်ဆံဖက် များခြင်း ) တွေကို ရှောင်ခြင်း၊အမျိုးသား
လိင်အင်္ဂါ အရေပြားဖြတ်ခြင်း စတာတွေကို ဆက်လက် ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလို ဆောင်ရွက်ရင်းနဲ့မှ
လူအများ သုံးလို့ရတဲ့ခုခံကျရောဂါ ကာကွယ်ဆေး ရလာပြီဆိုရင် ကာကွယ်ဆေးထိုးတာကိုပါ နည်းလမ်းတစ်ခုအနေနဲ့
ဖြည့်စွက်အသုံးပြု လာနိုင်ပါ လိမ့်မယ်။

 

အာရောဂျံ
ပရမံ လာဘံ

တက္ကသိုလ်
လှမွန်

 

စာကိုး

 

UNAIDS.
“Largest ever HIV vaccine trial results very encouraging”

ClinicalTrials.
HIV Vaccine Trial in Thai Adults.

The
U.S. Military HIV Research Program (MHRP). Fact sheet on RV 144

Phast
III Trial
Thailand.

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top