9
Nov

ခုခံမှုကျဆင်းသော ရောဂါ အတွက် သုံးသောဆေးဝါးများ


 

NsRTIs

NtRTI

NNRTIs

PIs

Zidovudine
(ZDV)

Didanosine
(DDI)

Lamivudine
(3TC)

Stavudine
(d4T)

Abacavir
(ABC)

Tenofovir
(TDF)

Nevirapine
(NVP)

Efavirenz
(EFV)

Saquinavir
(SQV)

Ritonavir
(RTV)

Lopinavir
(LPV)

Nelfinavir
(NFV)

Indinavir
(IDV)

NsRTI = Nucleoside Reverse Transcriptase
Inhibitor

NtRTI =
Nucleotide Reverse Transcriptase Inhibitor

NNRTI          =
Non-nucleoside Reverse Transcriptase Inhibitor

PI        = Protease Inhibitor


အခုလက်ရှိ လက်ခံသုံးစွဲနေတဲ့ ကုထုံး
ကတော့ HAART (Highly Active Anti Retroviral Therapy) ဖြစ်ပါတယ်။ ဆေးအနည်း ဆုံး
(၃)မျိုး တွဲပေးပြီး လူနာ၏အခြေအနေ၊ ဆေးရရှိမှုနဲ့ ဘေးထွက်ဆိုးကျိုး
ထည့်သွင်းစဉ်းစားရမှုတို့ပေါ် မူတည်၍ အမြဲမပြတ် စောင့်ကြပ် စစ်ဆေး ခြင်းဖြင့်
ကုသပေးရပါတယ်။ လူနာ၏ CD4 Cell အရေအတွက် ၂၀၀နှင့် အောက် ရောက်လျှင် သော်၎င်း၊
သို့မဟုတ် CD4 Cell ၂၀၀ ၀န်းကျင်ဟု ယူဆရတဲ့ ပြင်ပရောဂါလက္ခဏာ အခြေ အနေများကို ကြည့်ရှု၍
၎င်းဆေးပေးကုသဖို့ ဆုံးဖြတ်ရပါတယ်။

 

ပထမ ဦးစားပေးဆေးအတွဲ ကတော့

2 NsRTI (Lamivudine + Zidovudine
(or) Stavudine) + 1 NNRTI (Nevirapine (or) Efavirenz) ဖြစ်ပြီး

ဒုတိယ ဦးစားပေးအနေနဲ့
ကတော့

2 NsRTI + 1 PI ဖြစ်ပါတယ်။

ဆေးရဲ့ဘေးထွက်ဆိုးကျိုး၊ လူနာ၏
ကျန်းမာရေးတိုးတက်မှု အခြေအနေတို့ကို အမြဲမပြတ် စောင့်ကြည့်ရပြီး လူနာသက်တမ်းတစ်လျှောက်လုံး
ဆေးပေးနေရပါမယ်။ ဓါတ်ခွဲခန်း အဆင် ပြေသော နေရာဖြစ်ပါက လူနာ၏ CD4 Cell အရေအတွက်၊
ဗိုင်းရပ်စ် အကောင်ရေ စစ်ဆေး နေရပြီး ကုထုံး၏ ဆေးစွမ်း ပြသမှု ရှိမရှိနဲ့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို
စောင့်ကြည့် နေရ ပါမယ်။ ဆေးမပေးမီ အခွင့်အခါသင့် ၀င်ရောက်မှုရှိသော တီဘီ၊ နမိုးနီးယား၊
မှက္ခရု စသည့် ရောဂါ များရှိပါက အရင်ကုသဖို့ လိုအပ်ပါတယ်။

 

HIV ပိုးပါသော သွေး/ အရည် နှင့် မတော်တဆ ထိခိုက်မိခြင်းတွင် အောက်ပါ အခြေအနေ (၄)မျိုး ဖြစ်နိုင်ပါတယ်။

  1. HIV လူနာတွင် သုံးသောဆေးထိုးအပ် (သို့)
    ချွန်သော အရာဖြင့် ထိခိုက်စူးဝင်မိခြင်း၊
  2. HIV လူနာမှ သွေး (သို့) အရည်များ ပါးစပ်၊
    မျက်စိ စသည့် နူးညံ့ အရေပြား (Mucous membrane) သို့ စင်မိခြင်း၊
  3. HIV လူနာ မှ သွေး (သို့) အရည်များ ဒဏ်ရာမရှိသော
    ပုံမှန် အရေပြားသို့ များပြားစွာ ထိစင်မိခြင်း၊
  4. HIV လူနာမှ သွေး (သို့) အရည် နှင့် ဒဏ်ရာရထားသော
    အရေပြား သို့ အနည်းငယ် သာ ထိမိခြင်း၊


အထက်ပါ အခြေအနေ (၄)မျိုးတွင် ပထမ (၂)
မျိုးသည် ဆေးသောက် ကာကွယ်ဖို့ လိုအပ်ပြီး ဒုတိယ (၂) မျိုးမှာ အခြေအနေပေါ် မူတည်ပြီး
စဉ်းစားဆုံးဖြတ် ရမှာဖြစ်ပါတယ်။ဆေး (၃) မျိုး ကို ၄ ပတ်ကြာ သောက်ရမှာ ဖြစ်ပြီး
မတော်တဆ ထိတွေ့မိပြီး ၂ နာရီ မှ ၂၄ နာရီ အတွင်း စသောက်ရပါမယ်။ အကယ်၍ ဆေးရရှိမှု
အဆင်သင့် မဖြစ်ပါက ၄၈ နာရီ မှ ၇၂ နာရီ ထက် နောက်မကျ စေဘဲ ဆေးသောက်သင့်ပါတယ်။
ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ရှိသဖြင့် ဆေးသောက်ရာမှာလည်း နားလည် တတ်ကျွမ်းသော ဆရာဝန်၏
ကြီးကြပ်စောင့်ကြည့်မှုအောက်တွင်သာ သုံးစွဲသင့်ပါတယ်။ သောက်ရမယ့် ဆေးအတွဲ တွေကတော့

 

ပထမဦးစားပေး သောက်သုံးရမည့် ဆေးတွဲ

 

Zidovudine 300 mg twice daily + Lamivudine
150 mg twice daily + Efavirenz 600 mg once daily (OR) Indinavir 800 mg 3
times a day

 

ဒုတိယဦးစားပေး သောက်သုံးရမည့် ဆေးတွဲ

 

Stavudine 40 mg (if B.W > 60 kg)
Stavudine 30 mg (if B.W < 60 kg) twicedaily + Lamivudine 150 mg twice
daily + Efavirenz 600 mg once daily (OR) Indinavir 800 mg 3 times a day

ရောဂါကာကွယ်ခြင်းအနေနဲ့ မလိုအပ်ပဲ သွေးသွင်းမှုမခံယူပဲ
မဖြစ်မနေ လိုအပ်ပါက သေချာစွာ စစ်ဆေးရန်၊ ဆေးထိုးပိုက် ဆေးထိုးအပ်များကို
မျှဝေသုံးစွဲခြင်းမပြုရန်၊ မသန့်ရှင်းသော ကိရိယာများဖြင့် ဆေးမင်ကြောင်ထိုးခြင်း
ဓါတ်အပ်စိုက်ခြင်း မပြုလုပ်ရန်၊ ဆေးဝန်ထမ်းများ အနေဖြင့် မတော်တဆ ထိခိုက်မှုဖြစ်စေမည့်
အပြုအမူမျိုး ရှောင်ကြဉ်ရန်နဲ့ ကာကွယ် ထားရန်၊ လိင်ဆက်ဆံရာတွင် အကာအကွယ် ကွန်ဒုံး
အသုံးပြုရန်၊ သွားတိုက်တံ မုတ်ဆိတ်ရိပ်ဓါး လက်သည်းညှပ်များကို မျှဝေသုံးစွဲခြင်း
မပြုရန်
တို့ ဖြစ်ပါတယ်။

သာမန်
လက်ဆွဲနှုတ်ဆက်ခြင်း၊ အတူစားသုံး သွားလာနေထိုင်ခြင်း တို့ဖြင့် ရောဂါကူးစက်
နိုင်ခြင်း မရှိပါ။ မိခင်တွင် HIV ကူးစက် ခံထားရပါက ရင်သွေးငယ်သို့ ကူးစက်မှု
နည်းအောင် ကိုယ်ဝန် ဆောင်ကာလ နှင့် မီးဖွားစဉ်အတွင်း ဆေးသောက် ကာကွယ်နိုင်ပါတယ်။
ယခု အခါ HIV ကာကွယ်ဆေး၏ လမ်းစကို တွေ့ရှိပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ
နောက်ဆုံး ပတ်က သတင်းဌာနများမှ ကြေငြာသွားခဲ့ ပါကြောင်း ရေးသားလိုက်ရပါတယ်။


References;

>>http://health.ngoinmyanmar.org/

>>http://en.wikipedia.org/wiki/Hiv
>>http://en.wikipedia.org/wiki/HIV_test
>>http://www.medicinenet.com/human_immunodeficiency_virus_hiv_aids/article.htm
>>Guidelines for the clinical management of HIV/AIDS in adults and
adolescents by National AIDS-STD Prevention and Control Programme, DOH, MOH,
Myanmar printed in December 2004



Read More...

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top