3
Sep

ခုခံမှုကျဆင်းသော ရောဂါ အတွက် သုံးသောဆေးဝါးများ

NsRTIs NtRTI NNRTIs PIs
Zidovudine (ZDV) Tenofovir (TDF) Nevirapine (NVP) Saquinavir (SQV)
Didanosine (DDI) - Efavirenz (EFV) Ritonavir (RTV)
Lamivudine (3TC) - - Lopinavir (LPV)
Stavudine (d4T) - - Nelfinavir (NFV)
Abacavir (ABC) - - Indinavir (IDV)




NsRTI
= Nucleoside Reverse Transcriptase Inhibitor

NtRTI
= Nucleotide Reverse Transcriptase Inhibitor

NNRTI
= Non-nucleoside Reverse Transcriptase Inhibitor

PI
= Protease Inhibitor

အခု
လက်ရှိ လက်ခံသုံးစွဲနေတဲ့ ကုထုံးကတော့ HAART (Highly Active Anti Retroviral
Therapy) ဖြစ်ပါတယ်။. ဆေးအနည်းဆုံး (၃) မျိုး တွဲပေးပြီး လူနာ၏ အခြေအနေ၊ ဆေး ရရှိမှုနဲ့
ဘေးထွက်ဆိုးကျိုး ထည့်သွင်း စဉ်းစားရမှုတို့ပေါ် မူတည်၍ အမြဲမပြတ် စောင့်ကြပ် စစ်ဆေးခြင်းဖြင့်
ကုသ ပေးရပါတယ်။. လူနာ၏ CD4 Cell အရေအတွက် ၂၀၀ နှင့်အောက် ရောက်လျှင်သော်၎င်း၊ သို့မဟုတ်
CD4 Cell ၂၀၀ ၀န်းကျင်ဟု ယူဆရတဲ့ပြင်ပ ရောဂါလက္ခဏာ အခြေအနေများကို ကြည့်ရှု၍၎င်း ဆေးပေးကုသဖို့
ဆုံးဖြတ်ရပါတယ်။. ပထမ ဦးစားပေးဆေး အတွဲကတော့ 2 NsRTI (Lamivudine + Zidovudine
(or) Stavudine) + 1 NNRTI (Nevirapine (or) Efavirenz) ဖြစ်ပြီး ဒုတိယ ဦးစားပေး အနေနဲ့ကတော့
2 NsRTI + 1 PI ဖြစ်ပါတယ်။. ဆေးရဲ့ ဘေးထွက် ဆိုးကျိုး၊ လူနာ၏ ကျန်းမာရေး တိုးတက်မှု
အခြေအနေတို့ကို အမြဲမပြတ် စောင့်ကြည့်ရပြီး လူနာသက်တမ်း တစ်လျှောက်လုံး ဆေးပေး နေရပါမယ်။.
ဓါတ်ခွဲခန်း အဆင်ပြေသော နေရာဖြစ်ပါက လူနာ၏ CD4 Cell အရေအတွက်၊ ဗိုင်းရပ်စ် အကောင်ရေ
စစ်ဆေးနေရပြီး ကုထုံး၏ ဆေးစွမ်းပြသမှု ရှိ၊ မရှိ နဲ့ ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေကို
စောင့်ကြည့် နေရပါမယ်။. ဆေးမပေးမီ အခွင့်အခါသင့် ၀င်ရောက်မှု ရှိသော တီဘီ၊ နမိုးနီးယား၊
မှက္ခရု စသည့် ရောဂါများ ရှိပါက အရင်ကုသဖို့ လိုအပ်ပါတယ်။

HIV
ပိုးပါသော သွေး၊ အရည်နှင့် မတော်တဆ ထိခိုက်မိခြင်းတွင် အောက်ပါ အခြေအနေ (၄) မျိုး ဖြစ်နိုင်ပါတယ်။

1။.
HIV လူနာတွင် သုံးသော ဆေးထိုးအပ် (သို့) ချွန်သော အရာဖြင့် ထိခိုက် စူးဝင်မိခြင်း၊

2။.
HIV လူနာမှ သွေး (သို့) အရည်များ ပါးစပ်၊ မျက်စိ စသည့် နူးညံ့ အရေပြား (Mucous
membrane) သို့ စင်မိခြင်း၊

3။.
HIV လူနာမှ သွေး (သို့) အရည်များ ဒဏ်ရာ မရှိသော ပုံမှန်အရေပြားသို့ များပြားစွာ ထိစင်မိခြင်း၊

4။.
HIV လူနာမှ သွေး (သို့) အရည်နှင့် ဒဏ်ရာ ရထားသော အရေပြား (သို့) အနည်းငယ်သာ ထိမိခြင်း၊

အထက်ပါ
အခြေအနေ (၄) မျိုးတွင် ပထမ (၂) မျိုးသည် ဆေးသောက် ကာကွယ်ဖို့ လိုအပ်ပြီး ဒုတိယ (၂)
မျိုးမှာ အခြေ အနေပေါ် မူတည်ပြီး စဉ်းစား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။. ဆေး (၃) မျိုး ကို
၎ ပတ်ကြာ သောက်ရမှာဖြစ်ပြီး မတော်တဆ ထိတွေ့မိပြီး ၂ နာရီမှ ၂၄ နာရီအတွင်း စသောက် ရပါမယ်။.
အကယ်၍ ဆေးရရှိမှု အဆင်သင့် မဖြစ်ပါက ၄၈ နာရီမှ ၇၂ နာရီထက် နောက်မကျ စေဘဲ ဆေးသောက် သင့်ပါတယ်။.
ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ရှိသဖြင့် ဆေးသောက် ရာမှာလည်း နားလည် တတ်ကျွမ်းသော ဆရာဝန်၏
ကြီးကြပ် စောင့်ကြည့်မှု အောက်တွင်သာ သုံးစွဲ သင့်ပါတယ်. သောက်ရမယ့် ဆေးအတွဲ တွေကတော့

ပထမဦးစားပေး သောက်သုံးရမည့် ဆေးတွဲ = Zidovudine 300 mg twice daily + Lamivudine 150 mg twice daily + Efavirenz 600 mg once daily (OR) Indinavir 800 mg 3 times a day
ဒုတိယဦးစားပေး သောက်သုံးရမည့် ဆေးတွဲ = Stavudine 40 mg (if B.W > 60 kg)Stavudine 30 mg (if B.W < 60 kg) twice daily + Lamivudine 150 mg twice daily +     Efavirenz 600 mg once daily (OR) Indinavir 800 mg 3 times a day








ရောဂါကာကွယ်ခြင်း
အနေနဲ
မလိုအပ်ပဲ သွေးသွင်းမှု မခံယူပဲ မဖြစ်မနေ
လိုအပ်ပါက သေချာစွာ စစ်ဆေးရန်၊ ဆေးထိုးပိုက် ဆေးထိုးအပ်များကို မျှဝေသုံးစွဲခြင်း မပြုရန်၊
မသန့်ရှင်းသော ကိရိယာများဖြင့် ဆေးမင်ကြောင် ထိုးခြင်း၊ ဓါတ်အပ်စိုက်ခြင်း မပြုလုပ်ရန်၊
ဆေးဝန်ထမ်းများ အနေဖြင့်
မတော်တဆ ထိခိုက်မှုဖြစ်စေမည့် အပြုအမူမျိုး
ရှောင်ကြဉ်ရန်နဲ့ ကာကွယ်ထားရန်၊ လိင်ဆက်ဆံရာတွင် အကာအကွယ် ကွန်ဒုံး အသုံးပြုရန်၊ သွားတိုက်တံ
မုတ်ဆိတ်ရိပ်ဓါး လက်သည်း ညှပ်များကို မျှဝေသုံးစွဲခြင်း မပြုရန်
တို့
ဖြစ်ပါတယ်။. သာမန် လက်ဆွဲ နှုတ်ဆက်ခြင်း၊ အတူစားသုံး သွားလာနေထိုင်ခြင်း တို့ဖြင့် ရောဂါကူးစက်နိုင်ခြင်း
မရှိပါ။. မိခင်တွင် HIV ကူးစက် ခံထားရပါက ရင်သွေးငယ်သို့ ကူးစက်မှုနည်းအောင် ကိုယ်ဝန်ဆောင်
ကာလနှင့် မီးဖွားစဉ်အတွင်း ဆေးသောက် ကာကွယ် နိုင်ပါတယ်။. ယခုအခါ HIV ကာကွယ်ဆေး၏ လမ်းစကို
တွေ့ရှိပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်က သတင်း ဌာနများမှ ကြေငြာ သွားခဲ့ပါကြောင်း
ရေးသား လိုက်ရ ပါတယ်။. အားလုံး ဘေးဘယာ အပေါင်းမှ ကင်းဝေး ကြပါစေ။

ဒေါက်တာဝင်းသိန်း

Oct
30, 2009

Drwinthein - ခုခံမှုကျဆင်းသော
ရောဂါအတွက် သုံးသောဆေးဝါးများ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top