11
Jun

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ (၁၈)



AIDS
ရောဂါနှင့် AIDS ရောဂါကု ဆေးဝါးများ၏ သမိုင်းအကျဉ်းချုပ်

၁၉၈၁
ခုနှစ်။
ပထမဦးဆုံးသော AIDS
ရောဂါလက္ခဏာ ခံစားနေရသူ လိင်တူဆက်ဆံသူ ငါးဦးကို အမေရိကန် နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့တွင်စတင်တွေ့ရှိသည်။

၁၉၈၂
ခုနှစ်။
AIDS ရောဂါဟု တညီတညွတ်တည်း
ခေါ်ဆိုရန် သဘောတူညီသည်။

၁၉၈၃
ခုနှစ်။
AIDS ရောဂါကို ဖြစ်ပွားစေသည့်
HIV ဗိုင်းရပ်စ်ပိုးကို စတင်တွေ့ရှိသည်။

၁၉၈၅
ခုနှစ်။
AIDS ရောဂါကူးစက်ခံရခြင်း
ရှိ မရှိ ကို သွေးစစ်ခြင်းဖြင့် သိရှိစေနိုင်သော နည်းစနစ်ကို စတင်အတည်ပြု ပြီး အသုံးပြုသည်။

၁၉၈၆
ခုနှစ်။
HIV ဗိုင်းရပ်စ် ပွားများမှုကို
ထိရောက်စွာ တားဆီးနိုင်သည့် AZT ဆေးကို စတင်တွေ့ရှိပြီး HIV/AIDS ရောဂါကုသရာတွင် စတင်အသုံးပြုသည်။

၁၉၈၈
ခုနှစ်။
AIDS ရောဂါ ခံစားနေရသော
သူများတွင် ဈေးပေါသည့် ပိုးသတ်ဆေး တစ်မျိုးဖြစ်သည့် Trimethoprim+
Sulphamethoxazole ကို တိုက်ကျွေးခြင်းဖြင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှု၊ ဦးနှောက်ထဲ
ပိုးဝင်မှု၊ ဝမ်းလျှောဝမ်းပျက်မှုကို ကာကွယ်ပေးခြင်းဖြင့် ဝေဒနာရှင်များ၏ သက်တမ်းကို
ဆွဲဆန့်နိုင်ကြောင်း တွေ့ရှိပြီး ရောဂါကုသရာတွင် အခြေခံကုထုံး တစ်ခုအဖြစ် လက်ခံအသုံးပြုသည်။

၁၉၉၁
ခုနှစ်။
HIV ဗိုင်းရပ်စ်ပွားများမှုကို
ထိရောက်စွာ တားဆီးနိုင်သည့် ddl (ခေါ်) NRTI အုပ်စုဝင်ဆေးကို စတင် တွေ့ရှိပြီး
HIV/AIDS ရောဂါကုသရာတွင် စတင်အသုံးပြုသည်။

၁၉၉၂
ခုနှစ်။
HIV ဗိုင်းရပ်စ်ပွားများမှုကို
ထိရောက်စွာ တားဆီးနိုင်သည့် ddC (ခေါ်) NRTI အုပ်စုဝင်ဆေးကို စတင်တွေ့ရှိပြီး
HIV/AIDS ရောဂါကုသရာတွင် စတင်အသုံးပြုသည်။

၁၉၉၄
ခုနှစ်။
HIV ဗိုင်းရပ်စ် ပွားများမှုကို
ထိရောက်စွာ တားဆီးနိုင်သည့် d4T (ခေါ်) NRTI အုပ်စုဝင် ဆေးကို စတင်တွေ့ရှိပြီး အသုံးပြုသည်။

၁၉၉၅
ခုနှစ်။
Lamivudine (3TC) ခေါ်
ARV ဆေးဝါးအသစ် တစ်မျိုးကို တွေ့ရှိအသုံးပြုသည်။ Saquinavir ခေါ် ပထမဆုံးသော HIV ဗိုင်းရပ်စ်ပွားများမှုကို
ထိရောက်စွာ တားဆီးနိုင်သော Protease inhibitor အုပ်စုဝင်ဆေးကို စတင်တွေ့ရှိအသုံးပြုသည်။
၎င်းဆေးအုပ်စုဝင် ဆေးများသည် အာနိသင် ကောင်းလွန်းးသောကြောင့် သွေးထဲတွင် ပိုးပမာဏများသော
လူနာများအတွက် ပို၍ သင့်တော်သည်။

၁၉၉၆
ခုနှစ်။
Indinavir,
ritonavir ခေါ် HIV ဗိုင်းရပ်စ်ပွားများမှုကို ထိရောက်စွာ တားဆီးနိုင်သော Protease
inhibitor အုပ်စုဝင်ဆေးကို စတင်တွေ့ရှိ အသုံးပြုသည်။

၁၉၉၆
ခုနှစ်။
သွေးထဲတွင် ပိုးပမာဏ
တိုင်းတာစစ်ဆေးမှုသည် HIV/AIDS ရောဂါခံစားနေရသော လူနာများအား ကုသရာတွင် အလွန်အသုံးဝင်သော
စစ်ဆေးမှုတစ် ခုဖြစ်ကြောင်း တွေ့ရှိပြီး အသုံးပြုသည်။ HIV ပိုးရှိနေသော ကိုယ်ဝန်ဆောင်များတွင်
AZT ဆေးကို တိုက်ကျွေးခြင်းဖြင့် ကလေးသို့ ရောဂါမကူးစက်အောင် ကာကွယ်နိုင်ကြောင်း တွေ့ရှိသည်။
Nevirapine ခေါ် NNRTI အုပ်စုဝင် ARV ဆေးဝါးတစ်မျိုးကို စတင်အသုံးပြုသည်။ ARV ဆေးဝါးသုံးမျိုး
ပေါင်းစပ်တိုက်ကျွေးခြင်းဖြင့် AIDS ရောဂါကို မတိုးအောင် ထိထိရောက်ရောက် တားဆီးနိုင်ပြီး
သေဆုံးမှုကို ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း သုတေသနပြုချက်
များအရ သိရှိရသောကြောင့် AIDS ရောဂါသည် ကုသ၍ ရသော ရောဂါတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။

၁၉၉၇
ခုနှစ်။
Nelfinavir ခေါ် HIV ဗိုင်းရပ်စ်ပွားများမှုကို
ထိရောက်စွာ တားဆီးနိုင်သော Protease inhibitor အုပ်စုဝင် ARV ဆေးကို စတင်တွေ့ရှိ အသုံးပြုသည်။

၁၉၉၇
ခုနှစ်။
ARV ဆေးဝါးသုံးမျိုး
ပေါင်းစပ်တိုက်ကျွေးခြင်းဖြင့် HIV ပိုး ရှိသူများတွင် AIDS ရောဂါဖြစ်ပွားမှုကို ၆၀
ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း တွေ့ရှိရသဖြင့် ဆေးပညာရှင်များအတွက်
ဝမ်းမြောက်စရာ နှစ်တစ်နှစ် ဖြစ်ခဲ့သည်။

၁၉၉၇။
ကူးစက် ရောဂါပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်သော
ဆေးဝါးများကို ရှာဖွေတွေ့ရှိ၍ အားတက်နေဆဲတွင် ၎င်းဆေးဝါးများကို ခံနိုင်ရည်ရှိသော
(Drug resistance) ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ပိုးများလည်း ရှိကြောင်း သိရှိလာရ၍
စိုးရိမ်မှုများ ပေါ်ပေါက်လာရသည်။

လေ့လာမှုများ အရ ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးကို
သွေးအတွင်း၌ မရှိသလောက်နီးပါး နှိမ်နင်းထားနိုင်ရန် ခုခံအားကျဆင်းမှု ရောဂါကုဆေးများကို
မပျက်မကွက် ရာနှုန်းပြည့် နီးပါး ပုံမှန်သောက်သုံးရန် လိုကြောင်း သိရှိလာရသည်။ ARV ဆေးဝါးများကို
ပုံမှန်မသောက်ဘဲ သောက်လိုက်၊ မသောက်လိုက် လုပ်ခြင်းဖြင့် ၎င်းဆေးဝါးများကို ခံနိုင်ရည်ရှိသော
(Drug resistance) ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ပိုး များကို ဖြစ်ပေါ်စေနိုင်ကြောင်း
တွေ့ရှိသည်။

၁၉၉၈ ခုနှစ်။ Efavirenz ခေါ် NNRTI အုပ်စုဝင်
ARV ဆေး တစ်မျိုးနှင့် Abacavir ခေါ် NRTI အုပ်စုဝင် ARV ဆေးတစ်မျိုးကို စတင်အသုံးပြုသည်။

၁၉၉၉
ခုနှစ်။
ခုခံအား ကျဆင်းမှု ကူးစက်ရောဂါပိုး
ကူးစက်ခံနေရသော ကိုယ်ဝန်ဆောင် မိခင်များကို Nevirapine တိုက်ကျွေးခြင်းဖြင့် ကလေးသို့
ရောဂါကူးစက်မှုကို လျော့ချနိုင်ကြောင်း တွေ့ရှိရသည်။

၂၀၀၀
ပြည့်နှစ်။
ARV ဆေးဝါးများကို ခုခံအားကျဆင်းမှု ကူးစက်ရောဂါ
ပိုး ကူးစက်ခံနေရသော လူနာများကို မည်သည့်အချိန်တွင် စတင်တိုက်ကျွေးသင့်ကြောင်း နှင့်
ပတ်သက်၍ အယူအဆများ ပြောင်းလဲလာသည်။

ယခင်က Hit hard, Hit early, (စောစောစီးစီး၊ ထိထိရောက်ရောက်
ဆေးဝါးသောက်) ဆိုသောမူကို ကျင့်သုံးခဲ့ကြသော်လည်း သုတေသနပြုချက်များ အရ Hit hard,
Hit only when necessary (ထိထိရောက်ရောက် လိုမှသောက်) ဆိုသော မူကသာ လူနာများ အတွက်
ပိုမိုအကျိုး ရှိကြောင်း တွေ့ရှိလက်ခံ လာကြသည်။

၂၀၀၁
ခုနှစ်။
Lopinavir/
ritonavir (Kaletra) ခေါ် HIV ဗိုင်းရပ်စ်ပွား များမှုကို ထိရောက်စွာ တားဆီးနိုင်သော
Protease inhibitor အုပ်စုဝင်ဆေးကို စတင်တွေ့ရှိ အသုံးပြုသည်။

၂၀၀၃
ခုနှစ်။
Enfuvirtide ခေါ် HIV
ရောဂါပိုးကို ခန္ဓာကိုယ်ရှိ ဆဲလ်ထဲမဝင်အောင် တားဆီးပေးနိုင်သည့် Fusion inhibitor အုပ်စုဝင်
ဆေးတစ်မျိုးကို စတင်သုံးစွဲသည်။

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ -

ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top