နှစ်မျိုးပေါင်း
ခုခံအားကျဆင်းမှု ကူးစက်ရောဂါကု ဆေးများ
2 DRUG FIXED DOSE COMBINATION
၁။ AZIDOTHYMIDINE (AZT) နှင့် LAMIVUDINE
(3TC) ပေါင်းစပ်ထားသော ဆေး။
(က)
ဆေးဝါးအမျိုးအစား
Nucleoside
reverse transcriptase inhibitor ဆေးနှစ်မျိုးကို ပေါင်းစပ်ထားသော ဆေးဖြစ်သည်။ HIV
ပိုး၏ reverse transcriptase အင်ဇိုင်း၏ လုပ်ငန်းများကို တားဆီးသော ဆေးနှစ်မျိုးကို
ပေါင်းစပ်ထားခြင်းဖြင့် HIV ပိုး၏ ပွားများမှုကို ထိရောက်စွာ ဟန့်တားနိုင်သော ဆေး ဖြစ်သည်။
(ခ)
ဆေးဝါး၏ ဓာတုဗေဒအမည်
၁။ AZIDOTHYMIDINE (AZT)
အေဇီဒိုသိုင်မဒင်း
(အေဇက်တီ)
၂။ LAMIVUDINE (3TC)
လမီဗျူဒင်း
(သရီးတီစီ)
(ဂ)
ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသောအမည်
၁။ COMBVIR – (GLAXO WELLCOME)
၂။ DUOVIR – (CIPLA)
၃။ LAMUZID – (CADILA)
၎။ MEDIVIR L- (MEDITAB)
၅။ LASOVIR – (ZIFAM)
(ဃ)
ဆေးဝါးပုံစံ
ဆေးပြား
- AZT ၃၀၀ မီလီဂရမ်
3TC
၁၅၀ မီလီဂရမ်
(င)
သောက်သုံးရမည့် ဆေးပမာဏ
တစ်ခါသောက်
ဆေးပြား တစ်ပြား၊ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် နှစ်ကြိမ် သောက်ရမည်။
(စ)
သောက်သုံးပုံ
အစာ
စားပြီးသော်လည်းကောင်း၊ အစာ မရှိဘဲသော်လည်းကောင်း သောက်သုံးနိုင်သည်။ နံနက် ဆေးသောက်ချိန်နှင့်
ညဆေးသောက်ချိန် အကြားတွင် ၁၂ နာရီ ကွာရမည်။ ဆိုလိုသည်မှာ နံနက်ဆေးကို နံနက် ၆ နာရီတွင်
သောက်လျှင် ညဆေးကို ည ၆ နာရီတွင် သောက်ရမည်။ ဆေးသောက်ချိန် ကိုတစ်နာရီခန့်သာ စောခြင်း၊
နောက်ကျခြင်း ဖြစ်သင့်သည်။ တတ်နိုင်သမျှ အချိန်အတိအကျ သောက်ပါ။ ဆေးသောက်ရန် မေ့လျော့ခြင်း
လုံးဝမဖြစ်သင့်ပါ။ ဆေးသောက်ဖို့ မမေ့ရန် လိုအပ်ပါက နာရီနှိုးစက်ဖြင့် ကိုယ့်ကိုကိုယ်
သတိပေးပါ။ နှစ်ကြိမ်သောက်ရမည့် ဆေးကို တစ်နေ့တစ်ကြိမ်သာ သောက်ခြင်း လုံးဝ မပြုလုပ်သင့်ပါ။
ဆေးကို သောက်သည့်အချိန်မှစ၍ ဆက်တိုက်မပြတ်တမ်း ပုံမှန်သောက်သုံးရပါမည်။ ဆက်တိုက် မပြတ်တမ်း
ပုံမှန်သောက် သုံးရပါမည်။ ဆေးကို ဆရာဝန်၏ ညွှန်ကြားချက် မရဘဲ လုံးဝ မဖြတ်သင့်ပါ။
(ဆ)
ဘေးထွက်ဆိုးကျိုးများ
၁။ မူးဝေအော့အန်ခြင်း။
၂။ အိပ်မရခြင်း။
၃။ လျှာအရသာ ခံစားမှု ပြောင်းလဲခြင်း။
၎။ ကြွက်သားများ နာကျင်ခြင်း။
၅။ ခေါင်းကိုက်ခြင်း။
၆။ ထိုင်းမှိုင်းလေးလံ၍ အားမရှိသလို ခံစားရခြင်း။
၇။ ရိုးတွင်းခြင်းဆီ အားနည်းခြင်း။
(က) စသောက်၍
၎ ပတ်မှ ၆ ပတ်အတွင်း သွေးအားနည်း တတ်သည်။
(ခ) စသောက်၍
၁၂ ပတ်မှ ၁၄ ပတ်အတွင်း သွေးဖြူဥများ ကျဆင်းတတ်သည်။
(ဂ) အခြေအနေပြင်းထန်ပါက ဆေးကို ရပ်ရမည် ဖြစ်သောကြောင့်
တတ်ကျွမ်းနားလည်သူ ဆရာဝန်များ၏ ကြီးကြပ်မှု အောက်တွင် သာ သောက်သုံးသင့်သည်။
၈။ ခြေထောက်နှင့် တင်ပါး ကြွက်သားများ အားနည်းခြင်း။
၉။ အသည်း ရောင်းခြင်း၊ (ဆေးသောက်သူ တစ်ရာတွင် တစ်ယောက်ခန့်သာ
ဖြစ်ပွားတတ်သည်။)
၁၀။ သွေးထဲတွင် လက်တစ်အက်စစ် များလာခြင်း၊ ဆေးသောက်သူ
တစ်ရာတွင် တစ်ယောက်ခန့် ဖြစ်ပွားတတ်သည်။ လူနာသည် မူးဝေအော့အန်ခြင်း၊ ရုတ်တရတ် မောလာခြင်းတို့
ဖြစ်ပွားပြီး အချိန်မီ မကုသပါက အသက်အန္တရာယ် ရှိနိုင်ပါသည်။
၁၁။ လက်သည်းများ အပြာရောင် ပြောင်းခြင်း။
(ဇ)
ဆေးဝါးကို မမှီဝဲသင့်သူများ
၁။ သွေးအားနည်းသူများ။
သွေးထဲရှိ
ဟီမိုဂလိုဘင်ဓာတ် ရာခိုင်နှုန်း (၇ ဒသမ ၅) ဂရမ်ထက် နည်းသူများ။
၂။ သွေးထဲရှိ သွေးဖြူဥ အရေအတွက်နည်းသူများ။ သွေးထဲရှိ
သွေးဖြူရ အရေအတွက် Absolute Neutrophil Count တစ်ကုဗမီလီမီတာတွင် ၈၅၀ ထက်နည်းသူများ။
(ဈ)
တွဲဖက် မစားသုံးသင့်သည် ဆေးဝါး (ARV) ဆေးဝါးတစ်မျိုးဖြစ်သည့် Stavudine (D4T) နှင့်
ဆန့်ကျင်ဘက် အာနိသင်ရှိသောကြောင့် တွဲဖက် မစားသုံးသင့်ပါ။
(ည)
သတိထား၍ တွဲဖက်စားသုံးရမည့် ဆေးဝါးများ၊ ရိုးတွင်းခြင်းဆီ အားနည်း စေတတ်သည့် အောက်ပါ
ဆေးဝါးများနှင့် တွဲဖက်စားသုံးပါက သတိကြီးစွာ ထားရမည်။
၁။ ဆာလဖာပါသော ဆေးများ (ဥပမာ - ဆက်ထရင်)
၂။ Dapsone
၃။ Pyrimetamine
၂။ LAMIVUDINE (3TC) နှင့် STAVUDINE
(D4T) ပေါင်းစပ်ထားသောဆေး
(က) ဆေးဝါးအမျိုးအစား
Nucleoside
reverse transcriptase inhibitor ဆေးနှစ်မျိုးကို ပေါင်းစပ်ထားသော ဆေးဖြစ်သည့်။
HIV ပိုး၏ reverse transcriptase အင်ဇိုင်း၏ လုပ်ငန်းများကို တားဆီးသော ဆေးနှစ်မျိုးကို
ပေါင်းစပ်ထားခြင်းဖြင့် HIV ပိုး၏ ပွားများမှုကို ထိရောက်စွာ ဟန့်တားနိုင်သော ဆေး ဖြစ်သည်။
(ခ) ဆေးဝါး၏ ဓာတုဗေဒအမည်
၁။
LAMIVUDINE (3TC) လမီဗျူဒင်း (သရီးတီစီ)
၂။
STAVUDINE (D4T) စတင်ဗျူဒင်း (ဒီဖိုးတီ)
(ဂ) ဆေးဝါးကို ဆေးကုမ္ပဏီမှ ရောင်းချသောအမည်
၁။
LAMIVIR – S 30/40 (CIPLA)
၂။
LAMITECS (ZIFAM)
၃။
MEDILAM-S 30/40 (MEDITAB)
(ဃ) ဆေးဝါးပုံစံ
ဆေးပြား
- LAMIVUDINE ၁၅၀ မီလီဂရမ်နှင့် STAVUDINE ၃၀၊ သို့မဟုတ် ၄၀ မီလီဂရမ် ပါဝင်သည်။
(င) သောက်သုံးရမည့် ဆေးပမာဏ
တစ်ခါသောက်
ဆေးပြားတစ်ပြား၊ ည တစ်ကြိမ်နှစ်ကြိမ် သောက်ရမည်။
(စ) သောက်သုံးပုံ
အစာစားပြီးသော်လည်းကောင်း၊
အစာမရှိဘဲသော်လည်းကောင်း၊ သောက်သုံးနိုင်သည်။ နံနက် ဆေးသောက်ချိန်နှင့် ညဆေး သောက်ချိန်အကြားတွင်
၁၂ နာရီ ကွာရမည်။
(ဆ) ဆေး၏ ဘေးထွက်ဆိုးကျိုးများ
၁။ ခေါင်းကိုက်ခြင်း။
၂။ ပျို့အန်ခြင်း။
၃။ သွေးဖြူဥ
နည်းခြင်း။
၎။ အသည်း
ထိခိုက်ခြင်း။
၅။ ဗိုက်နာခြင်း။
၆။ အာရုံကြော
ရောင်ရမ်းခြင်း။ (3-15%)
၇။ ပန်ကရိယ
ရောင်ခြင်း။
၈။ သွေးထဲတွင်
အဆီဓာတ်များခြင်း။
၉။ မျက်နှာနှင့်
ခြေလက်တွင် အဆီများ လျော့နည်းခြင်း။
၁၀။ ဝမ်းဗိုက်တွင်
အဆီစု၍ ဗိုက်ပူလာခြင်း။
၁၁။ သွေးထဲတွင်
လက်တစ်အက်စစ် များခြင်း။
၁၂။ ကြွက်သား
အားနည်းခြင်း။
(ဇ)
တွဲဖက်မစားသုံးသင့်သည့် ဆေးဝါးများ
ARV
တစ်မျိုးဖြစ်သည့် AZT နှင့် တွဲဖက်မစားသင့်ပါ။ ဆန့်ကျင်သော အာနိသင်ရှိ၍ ဖြစ်ပါသည်။
(ဈ)
သတိထား၍ တွဲဖက်စားသုံးရမည့် ဆေးဝါးများ အာရုံကြော အားနည်းစေသည့် အောက်ပါ ဆေးဝါးများနှင့်
တွဲဖက် စားသုံးပါက သတိထားရပါမည်။
၁။ အိုင်ဆိုနိုင်ရဇစ် ခေါ် တီဘီဆေး။
၂။ အီသီယိုနမိုက် ခေါ် တီဘီဆေး။
၃။ မက်ထရိုနိုင်ဒစော ခေါ် ဝမ်းကိုက်ပျောက်ဆေး။
၎။ ဖီနန်တွိုင် ခေါ် အတက်ကျပျောက်ဆေး။
ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ -
ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)




