ARV
ဆေးဝါးများ မှီဝဲရာတွင် တွေ့ကြုံရသည့် ဘေးထွက်ဆိုးကျိုးများနှင့် ကုသနည်းများ
၁။ ပျို့အန်ခြင်း။
(က)
ဆေးကို အစာဖြင့်စားပါ။ (DDI နှင့် Indinavir ကို အစာနှင့် ဝေးဝေးသာ စားသုံးရပါမည်။)
(ခ)
AZT ဆေးကို သောက်စတွင် ပျို့အန်ခြင်း ဖြစ်လေ့ရှိပြီး သူ့အလိုလို ပျောက်ကင်းသွားလေ့
ရှိပါသည်။ စိုရိမ်စရာမလိုပါ။
(ဂ)
ဆေးမသောက်မီ နာရီဝက်ခန့် ကြိုတင်ကာ အအန်ပျောက်ဆေးများကို သောက်သုံးနိုင်ပါသည်။
၂။ ခေါင်းကိုက်ခြင်း။
(က)
ပါရာစီတမောကို သောက်သုံးနိုင်ပါသည်။
(ခ)
AZT နှင့် Efavirenz ဆေးဝါးများ သောက်စတွင် ခေါင်းကိုက်ခြင်း ဖြစ်လေ့ရှိပြီး သူ့အလိုလို
ပျောက်ကင်း သွားလေ့ ရှိပါသည်။ စိုးရိမ်စရာမလိုပါ။
(ဂ)
နှစ်ပတ်ကျော်အထိ ခေါင်းဆက်လက် ကိုက်နေပါက ဆရာဝန် နှင့်ပြသပါ။
၃။ ဝမ်းပျက်ခြင်း။
(က)
ဓာတ်ဆားရည် သောက်ပါ။
(ခ)
ဝမ်းပိတ်ဆေးများကို သောက်သုံးနိုင်ပါသည်။
(ဂ)
ARV ဆေးကြောင့် ဝမ်းပျက်ခြင်းဖြစ်ပါက ရက်အနည်းငယ် အတွင်း သက်သာ ပျောက်ကင်း တတ်ပါသည်။
(ဃ)
နှစ်ပတ်ကျော်အထိ ဆက်လက် ဝမ်းသွားနေပါက ဆရာဝန်နှင့် ပြသပါ။
၎။ ပင်ပန်းနွယ်နယ် အားမရှိသလို ခံစားရခြင်း။
(က)
ဆေးစသောက်စ ၄ ပတ်မှ ၆ ပတ်အတွင်း ခံစားရလေ့ရှိသည်။ အထူးသဖြင့် AZT သောက်သုံးလျှင် ဖြစ်တတ်သည်။
(ခ)
သူ့အလိုလို ပျောက်ကင်းသွားလေ့ ရှိပါသည်။ စိုးရိမ်စရာမလိုပါ။
(ဂ)
ရောဂါလက္ခဏာ ဆိုးရွားလျှင် သော်လည်းကောင်း၊ ၆ ပတ်ထက်ကျော်လျှင် သော်လည်းကောင်း ဆရာဝန်နှင့်
ပြသပါ။
၅။ လက်သည်များ အပြာရောင် ပြောင်းခြင်း။
(က)
စိုးရိမ်စရာ မရှိပါ။
(ခ)
AZT ဆေးကြောင့် ဖြစ်ပွားလေ့ ရှိပါသည်။
၆။ အင်ပျဉ်ထွက်ခြင်း။
(က)
Nevirapine၊ abacavir ဆေးဝါးများ ဓာတ်မတည့် မှုကြောင့် ဖြစ်ပွားလေ့ ရှိသည်။
(ခ)
ရောဂါလက္ခဏာ မဆိုးရွားပါက burmeton ဆေးသာ သောက်သုံးရန်လိုသည်။
(ဂ)
ရောဂါလက္ခဏာ ပြင်းထန်ဆိုးရွားပါက (ဥပမာ - တစ်ကိုယ်လုံး အင်ပျဉ်ထွက်ခြင်း၊ အရည်ကြည်ဖုများ
ပေါက်ခြင်း၊ ဖျားနာခြင်း) ဆေးကို ရပ်ပစ်ရန်လိုသည်။ အသက်အန္တရာယ် ရှိနိုင်သောကြောင့်
တတ်ကျွမ်းသော သမားတော်များနှင့် ကုသရန် လိုပါသည်။
၇။ မျက်လုံးဝါခြင်း
(က)
အသည်းရောင်ခြင်းကြောင့် ဖြစ်သည်။
(ခ)
ဆေးများကို ရပ်ပစ်ရန် လိုသည်။
(ဂ)
တက်ကျွမ်းသော သမားတော်များနှင့် တိုင်ပင်ကုသရန် လိုပါသည်။
၈။ ဗိုက်နာခြင်း။
(က)
ပန်ကရိယ ရောင်ခြင်း၊ အသည်း ရောင်ခြင်း၊ အစာအိမ်ရောင်ခြင်းတို့ကြောင့် ဖြစ်တတ်သည်။
(ခ)
တတ်ကျွမ်းသော သမားတော်များနှင့် တိုင်ပင်ကုသရန် လိုပါသည်။
၉။ အသားအရေ ဖြူဖွေးသွားပြီး မောပန်းခြင်း။
(က)
သွေးအားနည်းခြင်းကြောင့် ဖြစ်တတ်သည်။
(ခ)
AZT ဆေးကြောင့် ဖြစ်ပွားလေ့ရှိသည်။
(ဂ)
တတ်ကျွမ်းသော သမားတော်များနှင့် တိုင်ပင်ကုသရန် လိုပါသည်။
၁၀ အိပ်မရခြင်း၊ အိမ်မက်ဆိုးများမက်ခြင်း၊
စိတ် ကယောင်ချောက်ချား ဖြစ်ခြင်း။
(က)
Efavirenz ဆေးကြောင့် ဖြစ်တတ်သည်။
(ခ)
သုံးပတ်ကျော်လျှင် သူ့အလိုလို ပျေက်ကင်းသွားလေ့ ရှိသည်။
(ဂ)
Amitriptyline ဆေးကို အစပိုင်းတွင် တိုက်နိုင်သည်။
(ဃ)
ရောဂါလက္ခဏာ ပြင်းထန်ဆိုးရွားပါက တတ်ကျွမ်းသော သမားတော်များနှင့် ကုသရန် လိုပါသည်။
၁၁။ ခြေလက်များ ထုံကျဉ်ခြင်း၊ ပူလောင်ကိုက်ခဲခြင်း။
(က)
Stavudine ဆေးကြောင့် ဖြစ်တတ်သည်။
(ခ)
ဆေးပြောင်းတိုက်ရန် လိုသည်။
(ဂ)
တတ်ကျွမ်းသော သမားတော်များနှင့် တိုင်ပင်ကုသပါ။
၁၂။ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း။
(က)
ဆေးမတည့်ခြင်း၊ ကိုယ်ခံအား တက်လာခြင်းတို့ကြောင့် ဖြစ်ပွားတတ်သည်။
(ခ)
တတ်ကျွမ်းသော သမားတော်များနှင့် တိုင်ပင်ကုသပါ။
၁၃။ မျက်နှာနှင့် ခြေလက်တို့ရှိ အဆီများ
လျော့နည်းလာခြင်း။
(က)
လူမှာ နေထိုင်ကောင်းသော်လည်း ပါး၊ နားထင်များ ချိုင့်ပြီး ပိန်သွားသလို ဖြစ်သည်။
(ခ)
Stavudine, Protease inhibitor ဆေးများကြောင့် ဖြစ်တတ်သည်။
(ဂ)
အခြေအနေမဆိုးမီ ဆေး အပြောင်းအလဲလုပ်ရန် လိုသည်။
(ဃ)
တတ်ကျွမ်းသော သမားတော်များနှင့် တိုင်ပင်ကုသပါ။
၁၄။ သွေးထဲတွင် အဆီဓာတ်၊ သကြားဓာတ် များလားခြင်း။
(က)
ဆီးချိုရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ သတိထား သုံးစွဲသင့်သည်။
(ခ)
သွေးအဆီဓာတ်များ၊ သကြားဓာတ်များကို သုံးလတစ်ခါ စစ်ဆေးသင့်သည်။
(ဂ)
သွေးအဆီဓာတ်များ၊ သကြားဓာတ်များ များလာပါက တတ်ကျွမ်းသော သမားတော်များနှင့် တိုင်ပင်ကုသပါ။
ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ -
ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)




