6
Jun

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ (၅)



HIV ပိုး

AIDS
ကို HUMAN IMMUNODEFICIENCY VIRUS (HIV) ခေါ် ဗိုင်းရပ်စ် ပိုးတစ်မျိုးက ဖြစ်ပွား စေပါသည်။
ဗိုင်းရပ်စ်ပိုးမှာ အရွယ်ပမာဏ အလွန်သေးငယ်၍ သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အလွန်အားကောင်းသော
အီလက်ထရွန် မှန်ပြောင်းဖြင့် ကြည့်မှသာ မြင်နိုင်သော ပိုးတစ်မျိုး ဖြစ်ပါသည်။

၁။
HIV ပိုးအမျိုးအစား

HIV
ပိုးနှစ်မျိုးရှိပါသည်။ HIV-1 နှင့် HIV-2 တို့ဖြစ်ပါသည်။ ၎င်းတို့ကို ထပ်မံ၍ အမျိုးအစားအဆင့်ဆင့်
ခွဲခြားထားပါသည်။

HIV.......1…..>
(1) M (Major) A

                                     
    K

                     
(2) O (Qutlier)

                     
(3) N (New)

HIV-2
သည် HIV-1 နှင့်ယှဉ်လျှင် -

(က)
ရောဂါမပြင်းထန်တက်ပါ။

(ခ)
ရောဂါတိုးတက်မှုနှုန်း နှေးကွေးသည်။

(ဂ)
ရောဂါကူးစက်နိုင်ခြေ နည်းပါးသည်။

(ဃ)
မိခင်မှကလေးသို့ ကူးစက်မှုနည်းပါးသည်။

(c)
အနောက်အာဖရိက ဒေသတွင် ပိုမိုတွေ့ရှိရပါသည်။

၂။
HIV ပိုး၏ အသက်ရှင်နိုင်စွမ်း

HIV
ပိုးသည် ခန္ဓာကိုယ်အပြင်သို့ ရောက်ရှိပြီး ခြောက်သွေ့သော နေရာတွင် နေရပါက နာရီပေါင်းများစွာ
အသက်ရှင် နေနိုင်ပါသည်။ အခန်းအပူချိန်တွင် နေရောင် တိုက်ရိုက်ထိမိခြင်း မခံရပါက ၁၅
ရက်ခန့်အထိ ခန္ဓာကိုယ်ပြင်ပတွင် အသက်ရှင်နေနိုင်ပါသည်။

၃။
ခန္ဓာကိုယ်၏ ခုခံအားစနစ်

ခန္ဓာကိုယ်တွင်
ရောဂါကို ခုခံတွန်းလှန်သည့် ခုခံအားစနစ် နှစ်မျိုးရှိပါသည်။ ၎င်းတို့မှာ -

(က)
အထွေထွေ ခုခံအားစနစ်နှင့်

(ခ)
သီးသန့် ခုခံအားစနစ်တို့ ဖြစ်ပါသည်။

အထွေထွေခုခံအားစနစ်မှာ
ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့် အရေပြားနှင့် အသက်ရှူလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊
ဆီးနှင့်လိင်အင်္ဂါလမ်းကြောင်းတို့ကို ကာရံထားသည့် အမှေးပါးများ အစရှိသည်တို့ ပါဝင်ကြပြီး
မည်သည့် ရောဂါပိုးမွှားကိုမဆို ခန္ဓာကိုယ်တွင်းသို့ မဝင်ရောက်နိုင်အောင် တားဆီးကာကွယ်ပေးပါသည်။

သီးသန့်ခုခံအားစနစ်မှာ
သီးသန့်ရောဂါတစ်ခုချင်းအလိုက် ထိုရောဂါပိုးကိုသာ တိတိကျကျ တိုက်ခိုက်နှိမ်နင်းသော စနစ်ဖြစ်ပါသည်။
၎င်းစနစ်၏ တာဝန်များကို ခန္ဓာကိုယ်သွေးဖြုဥများက အဓိကထားဆောင်ရွက်ပေးပါသည်။

၎။
HIV ပိုးနှင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်

HIV
ပိုးသည် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိပြီးနောက် သွေးထဲရှိ CD
4
ခေါ်သွေးဖြုဥတစ်မျိုးကို
အဓိကထား ဖျက်ဆီးပစ်ပါသည်။

ထို
CD
4
သွေးဖြူဥသည် ခန္ဓာကိုယ်၏ ခေါင်းဆောင်ငယ်တစ်ဦး သဖွယ် တာဝန်ထမ်းဆောင်ပါသည်။

ရောဂါပိုးတစ်မျိုး
ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြောင်း သိရှိသည်နှင့်ထို CD
4
သွေးဖြူဥများက ခန္ဓာကိုယ် ရောဂါခုခံအား စနစ်အတွင်းရှိရောဂါပိုးကို တိုက်ခိုက်ဖျက်ဆီးမည့်
အခြားသော သွေးဖြူဥများကို တပ်လှန့်နှိုးဆော်ပြီး ရောဂါပိုးကို နှိမ်နင်းနိုင်အောင် အကူအညီပေးပါသည်။

ထို့ကြောင့်
ခန္ဓာကိုယ်ထဲတွင် သွေးဖြူဥအရေအတွက် ကျဆင်းလျော့နည်းနေပါက ပြင်ပမှ ရောဂါပိုးဝင်ရောက်မှုကို
မကာကွယ်နိုင်ဘဲ ကူးစက် ရောဂါများ ပိုမိုဖြစ်ပွားတက်ပါသည်။

၅။
CD
4 သွေးဖြူဥ

သာမန်လူကောင်းတစ်ယောက်တွင်
ပုံမှန် CD4 သွေးဖြုဥ အရေအတွက်မှာ 800 မှ 1050/ml အတွင်းရှိပါသည်။ CD4 အရေအတွက် ၅၀၀
အောက်ရောက်ပါက ခုခံအား စတင်ကျဆင်းပြီဟု ယူဆပါသည်။ ၂၀၀ အောက်ရောက်ပါက ခုခံအား သိသိသာသာကျဆင်းပြီး
AIDS အဆင့်သို့ ရောက်ရှိပြီဟု သတ်မှတ်ပါသည်။

CD4
သွေးဖြုဥအရေအတွက်ကို တိုင်းတာစမ်းသပ်ရာတွင် HIV ပိုးအပြင် အခြားသော အကြောင်း အမျိုးမျိုး
ကြောင့်လည်း အရေအတွက် လျော့နည်းခြင်း၊ များပြားခြင်းများလည်း ဖြစ်တက်ပါသည်။

(က)
စမ်းသပ်မှုကြောင့် ကွာခြားချက်

သွေးနမူနာတစ်ခုထဲကို
နှစ်ကြိမ်စမ်းသပ်စစ်ဆေးလျှင် အဖြေနှစ်မျိုးထွက်တတ်သည်။ သုတေသန ပြုချက်များအရ ထိုသို့
နှစ်ကြိမ် စမ်းသပ်စစ်ဆေးရာတွင် ၆ ရာခိုင်နှုန်းတွင် CD4 အရေအတွက်မှာ နှစ်ဆများပြားခြင်း၊
သို့မဟုတ် တစ်ဝက်ခန့် လျှော့နည်းခြင်းများ ဖြစ်တက်ကြောင်း တွေ့ရပါသည်။

(ခ)
နေ့အချိန်နှင့်လိုက်၍ ကွာခြားချက်

သွေးဖြူဥအရေအတွက်ကို
နံနက် ၈နာရီခွဲတွင် တိုင်းတာပါက အနည်းဆုံးဖြစ်ပြီး ည ၁၀ နာရီတွင် တိုင်းတာပါက အများဆုံးအရေအတွက်ရှိပါသည်။

(ဂ)
ဆင့်ပွား ရောဂါဖြစ်ပွားမှုကြောင့် ကွာခြားချက်

တခြားသော
ကူးစက်ရောဂါများ ဆင့်ပွားဖြစ်ပွားပါကလည်း CD
4
အရေအတွက်မှာ ကျဆင်းတက်ပါသည်။

ဥပမာ
- အသည်းရောင်အသားဝါ ဘီနှင့်စီပိုး၊ တီဘီ၊ တခြားဗက်တီးရီးယားပိုး ကူးစက်ခံရခြင်း၊ ဗိုင်းရပ်စပ်နှင့်မှို
ကူးစက်ခံရခြင်း။

(ဃ)
ခွဲစိတ်ခံရမှုကြောင့် ကွာခြားချက်

ရောဂါတစ်စုံတစ်ရာကြောင့်
အကြီးစား ခွဲစိတ်ကုသမှု ခံရပြီးပါကလည်း CD
4
အရေအတွက်မှာ သိသိသာသာ ကျဆင်းတက်ပါသည်။ Splenectomy ခေါ်ဝမ်းဗိုက်ထဲရှိ ဘေလုံးကို ခွဲစိတ်ထုတ်ယူ
ခံထားရသူများတွင်မူ CD
4 အရေအတွက်မှာ မြင့်မားနေတက်ပါသည်။

(င)
ဆေးဝါးသုံးစွဲမှုကြောင့် ကွာခြားချက်

အဆစ်အမြစ်ကိုက်ရောဂါ၊
ပန်းနာရင်ကျပ်ရောဂါတို့ကြောင့် ကော်တီကိုစတီးရွိုက်ခေါ် ဟော်မုန်းဆေးများကို သုံးစွဲနေသူများတွင်လည်း
CD
4
အရေအတွက် သိသိသာသာ ကျဆင်းနေတတ်ပါသည်။

၆။
CD
4 သွေးဖြူဥအရေအတွက်၏ အသုံးဝင်ပုံ

(က)
CD
4
သွေးဖြူဥအရေအတွက်ကို သိခြင်းဖြင့် ခန္ဓာကိုယ်၏ ခုခံအားကျဆင်းမှုအဆင့်၊ သို့မဟုတ် ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ၏ အဆင့်ကို ခန့်မှန်းနိုင်ပါသည်။

(ခ)
လူနာခံစားနေရသော ရောဂါလက္ခဏာ၏ အကြောင်းရင်းကို ရှာရာတွင်လည်း CD
4
အရေအတွက်က များစွာအထောက်အကူပြုပါသည်။

(ဂ)
HIV ပိုးကို ထိန်းချုပ်နှိပ်နင်းနိုင်သော ဆေးဝါးများကို စတင်သုံးစွဲဖို့ လို၊ မလို
ဆုံးဖြတ်ရာတွင် CD
4 အရေအတွက်ကို ကြည့်ပြီး ဆုံဖြတ်ရပါသည်။

(ဃ)
ကိုယ်ခံအားကျ လူနာများတွင် ဖြစ်ပွားတက်သည့် ဆင့်ပွားကူးစက်ရောဂါများကို ကာကွယ်ရန် ကာကွယ်ဆေးသောက်
သုံးဖို့ဆုံးဖြတ်ရာတွင် CD
4 အရေအတွက်က အသုံးဝင်ပါသည်။

(င)
CD
4
အရေအတွက် အနည်းအများကိုကြည့်ပြီး၊ လူနာ၏ ရောဂါတိုးတက်နှုန်းနှင့် သက်တမ်းကို အကြမ်းဖျင်း
ခန့်မှန်းနိုင်ပါသည်။

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့် ဆေးဝါးများ -
ဒေါက်တာအောင်စန်း
(ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ / ရှင်မတောင်စာပေ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top