HIV ရောဂါအဆင့်ဆင့်များ
၁။
သွေးထဲသို့ ဗိုင်းရပ်စ်ပိုးစတင်သော အဆင့်။ (Acute Retroviral Syndrome)
၂။
ရောဂါပျိုးကာလ။ (Window Period)
၃။
ရောဂါလက္ခဏာ ခံစားရခြင်းမရှိဘဲ သွေးထဲ၌ ပိုးကိုစမ်းသပ်တွေ့ရှိနိုင်သော အဆင့်။
၎။
တစ်ကိုယ်လုံးအနှံ့ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းသာ ခံစားရသောအဆင့်။
၅။
မပြင်းထန်သော ရောဂါလက္ခဏာများသာ ခံစားရသော အဆင့်။ ဥပမာ - မှက္ခရု၊ တစ်လကျော်ဖျားနာ၊
ဝမ်းလျှောခြင်း၊ ဆင်ရေယုန်ပေါက်ခြင်း။
၆။
ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရသော အဆင့်။
AIDS ရောဂါတိုးတက်မှုနှုန်း အမျိုးအစားများ
ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ၏ ရောဂါကူးစက်တိုးတက်မှုနှုန်းမှာ အကြောင်းအမျိုးမျိုးကြောင့်
လူတစ်ဦးနှင့်တစ်ဦး မတူညီပါ။ အကြမ်းဖျင်းအားဖြင့် ရောဂါကူးစက်တိုးတက်နှုန်း
ငါးမျိုးရှိပါသည်။
၁။ သာမန်ရောဂါတိုးတက်မှုနှုန်း (Average Progressor)
လူနာအများစုမှာ
ကိုယ်ထဲသို့ ရောဂါပိုးဝင်ရောက်ပြီး ရှစ်နှစ်နှင့် ဆယ်နှစ်အကြားတွင် AIDS အဆင့်သို့
လျင်မြန်စွာ ကူးပြောင်းရောက်ရှိ တတ်ပါသည်။
၂။ လျင်မြန်စွာ ရောဂါတိုးတက်နှုန်း (Rapid progressor)
တချို့လူများ
(၁၀ ရာခိုင်နှုန်း) တွင် ကိုယ်ထံသို့ ရောဂါပိုး စတင်ဝင်ရောက်ပြီး သုံးနှစ်အတွင်း
AIDS အဆင့်သို့ လျင်မြန်စွာ ကူးပြောင်းရောက်ရှိတက်ပါသည်။
၃။ နှေးကွေးစွာ ရောဂါတိုးတက်နှုန်း (Slow progressor)
တစ်ချို့သူများတွင်
ကိုယ်ထဲသို့ ရောဂါပိုးစတင်ဝင်ရောက်ပြီး ဆယ်နှစ်ကျော်ကြာမှ AIDS အဆင့်သို့
ကူးပြောင်း ရောက်ရှိတက်ပါသည်။
၎။ ရောဂါတိုးတက်နှုန်း ရပ်တန့်နေခြင်း
တချို့လူများ
(၁၀ ရာခိုင်နှုန်း) တွင် ကိုယ်ထဲသို့ ရောဂါပိုးစတင်ဝင်ရောက်ပြီး နှစ်ပေါင်းများစွာ
(> ၁၅) နှစ်ကြာသော်လည်း AIDS အဆင့်သို့ ကူးပြောင်းရောက်ရှိခြင်း မရှိတက်ပါ။
၅။ ရောဂါမကူးစက်ခြင်း
ရောဂါပိုးရရှိစေနိုင်သည့်
အခြေအနေ ကြုံတွေ့ရသော်လည်း ရောဂါမရှိသူများလည်း ရှိပါသည်။ ဥပမာ - တချို့သော
ရောဂါပိုးရှိသူ၏ အိမ်ထောင်ဖက်များ၊ ပြည့်တန်ဆာများ။
ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့် ဆေးဝါးများ - ဒေါက်တာအောင်စန်း
(ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ / ရှင်မတောင်စာပေ)




