6
Jun

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ (၈)

HIV(+) အဆင့်မှ AIDS
အဆင့်သို့ လျင်မြန်စွာ
ရောက်ရှိစေသည့် အကြောင်းရင်းများ

၁။
HIV ပိုးထပ်မံကူးစက်ခံရခြင်း။

၂။
တခြားကူးစက်ရောဂါများ ထပ်မံဖြစ်ပွားခြင်း။

ဥပမာ
- HIV(+) ဖြစ်နေသူ တစ်ယောက်သည် အဆုတ်တီဘီ ထပ်မံကူးစက်ခံရပါက သွေးထဲရှိ
ပိုးပမာဏမှာ
၁၀ ဆမှ ၁၆၀ အထိပိုမို တိုးတက်များပြားလာသည်ကို တွေ့ရသည်။

၃။
မူးယစ်ဆေးဝါးများ သုံးစွဲခြင်း။

၎။
အရက် သောက်သုံးခြင်း။

၅။ဆေးလိပ်သောက်သုံးခြင်း။
ဆေးလိပ်သောက်သုံးသူများတွင် အဆုတ်တီဘီနှင့် အဆုတ်ရောင် ရောဂါတစ်မျိုး
ပိုမိုဖြစ်ပွား စေပြီး ရောဂါတိုးတက်မှုနှုန်း မြန်စေပါသည်။

၆။
အာဟာရချို့တဲ့ခြင်း။

ရောဂါခုခံအားစနစ်
ပုံမှန်အလုပ်လုပ်ဆောင်ရန် အသားဓာတ်၊ သတ္တုဓာတ် အစရှိသည့် အာဟာရချို့တဲ့ပါက
ယခင်ကတည်းက
အားနည်းနေသည့် ကိုယ်ခံအားစနစ်မှာ ပိုမိုကျဆင်းပြီး၊ AIDS အဆင့်သို့
လျင်မြန်စွာရောက်ရှိတက်ပါသည်။

၇။
စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်ဖိစီးမှု သောကများခြင်း။ လေ့လာချက်များအရ
စိတ်ဓာတ်ကျဆင်းပြီး
စိုးရိမ်ပူပန်စိတ်များသော သူများမှာ ရောဂါကို အေးဆေးတည်ငြိမ်စွာ
ရင်ဆိုင်နိုင်သူများနှင့်
စာလျှင် စောစီးစွာ သေဆုံးကြသည်ကို တွေ့ရသည်။

၈။
အထီးကျန် နေထိုင်ရခြင်း။ သုတေသနပြုချက်များအရ အထီးကျန်နေထိုင်သူများမှာ
မိမိကိုအားပေးကူညီ
စောင့်ရှောက်မည့်သူ၊ အသိမိတ်ဆွေ၊ ဆွေမျိုးများရှိသည့် သူများထက်စာလျှင်
သေဆုံးနှုန်း
မြင့်မားသည်ကို တွေ့ရသည်။

HIV(+) အဆင့်မှ AIDS
အဆင့်သို့ လျင်မြန်စွာ
မရောက်ရှိအောင် ကာကွယ်နိုင်သည့် အကြောင်းရင်းများ

၁။
ANTI-RETROVIRAL DRUG (ARV) များ စားသုံးခြင်း။

၂။
Pneumocystis carinii Pneumonia မဖြစ်အောင် ကာကွယ်ဆေးများ သောက်သုံးခြင်း။

၃။
Toxoplasmosis မဖြစ်အောင် ကာကွယ်ဆေးများ သောက်သုံးခြင်း။

၎။
Mycobacterium avium ပိုးကူးစက်မခံရအောင် ကာကွယ်ဆေးများ သောက်သုံးခြင်း။

၅။
HIV/AIDS ကို ကုသရာတွင် အတွေ့အကြုံရှိ ကျွမ်းကျင်သူဆရာဝန်များနှင့်
ကုသမှုခံယူခြင်း။

၆။
အထက်တွင်ဖော်ပြခဲ့သည့် ရောဂါတိုးနှုန်းကိုမြန်စေသည့်အကြောင်းအရာများကို
ရှောင်ကြဉ်ခြင်း။

ဥပမာ-

(က)
HIV ပိုးထပ်မံကူးစက်မခံရအောင် ရှောင်ကြဉ်ခြင်း။

(ခ)
တခြားကူးစက်ရောဂါများ ထပ်မံမဖြစ်ပွားအောင် ရှောင်ကြဉ်ခြင်း။

(ဂ)
မူးယစ်ဆေးဝါး သုံးစွဲမှုမှ ရှောင်ကြဉ်ခြင်း။

(ဃ)
ဆေးလိပ်၊ အရက် သောက်သုံးမှုမှ ရှောင်ကြဉ်ခြင်း။

(င)
အသားဓာတ်၊ ဗီတာမင်ဓာတ်များ လုံလောက်စွာရရှိအောင် အာဟာရပြည့်ဝစွာ
စားသုံးခြင်း။

(စ)
စိတ်ဓာတ်ကျခြင်း၊ စိတ်သောကများခြင်းတို့ကို လျော့နည်းအောင်ပြုလုပ်ခြင်း၊
လိုအပ်ပါက
စိတ်ကျပျောက်ဆေး၊ စိတ်ငြိမ်ဆေးများ စားသုံးခြင်း။

(ဆ)
အထီးကျန်မနေဘဲ မိမိပတ်ဝန်းကျင်ရှိ ဆွေမျိုးမိတ်ဆွေများနှင့် ရင်းနှီးစွာ
ဆက်ဆံပေါင်းသင်းနေထိုင်ခြင်း။



ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ -

ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top