HIV(+) နှင့် AIDS ဝေဒနာရှင်များ ရှောင်ကြဉ်ရမည့်
ကာကွယ်ဆေးများ
၁။
ပိုလီယိုကာကွယ်ဆေး (သောက်ဆေး)
၂။
ဝက်သက်ကာကွယ်ဆေး
၃။
ပါးချိတ်ရောင် ကာကွယ်ဆေး
၎။
ဂျာမန်ဝက်သက် ကာကွယ်ဆေး
၅။
ရေကျောက်နှင့် ခါးပတ်ရေယုန် ကာကွယ်ဆေး
၆။
Yellow Fever ကာကွယ်ဆေး
၇။
အဆုတ်နာရောဂါ (BCG) ကာကွယ်ဆေး
၈။
တိုက်ဖွိုက်ရောဂါ ကာကွယ်ဆေး (ထိုးဆေး)
ထိုကာကွယ်ဆေး
များသည် သေအောင် သတ်ထားခြင်း မဟုတ်ဘဲ အားနည်းအောင်သာ ပြုလုပ်ထားသည့် ဗိုင်းရပ်စ်
ပိုးများ နှင့် ပြုလုပ်ထားသောကြောင့် ခုခံအား ကျရောဂါရှင်များတွင် ထိုဗိုင်းရပ် ပိုးများက
ရောဂါကို ဖြစ်စေ နိုင်ပါသည်။
AIDS ရောဂါကာကွယ်နည်းများ
၁။ လိင်ဆက်ဆံမှုမှာ ရောဂါမကူးစက်အောင် ကာကွယ်နည်းများ။
၂။ သွေးသွင်းခြင်းမှ ရောဂါမကူးစက်အောင် ကာကွယ်နည်းများ။
၃။ ဆေးထိုးအပ်မှတစ်ဆင့် ရောဂါမကူးစက်အောင် ကာကွယ်နည်းများ။
၎။ မိခင်မှကလေးသို့ HIV ပိုး မကူးစက်အောင် ကာကွယ်နည်းများ။
၅။ ကျန်းမာရေးဝန်ထမ်းများ HIV ပိုးပါသော သွေးနှင့် မတော်တဆ
တွေ့ထိမိပါက ရောဂါ မကူးစက်အောင် ကာကွယ်နည်းများ။
လိင်ဆက်ဆံမှုမှ ရောဂါမကူးစက်အောင် ကာကွယ်နည်းများ
၁။ လိင်ဆက်ဆံမှုမှ ရှောင်ကြဉ်ခြင်း။
၂။ လိင်အပျော်အပါးမှ ရှောင်ကြဉ်ခြင်း။
၃။ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးခြင်း။
၎။ စိတ်ချရသောသူနှင့်သာ လိင်ဆက်ဆံခြင်း။
၅။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုခြင်း။
၆။ HIV ပိုး စစ်ပြီးမှ လက်
ကွန်ဒုံးအမျိုးအစား
၁။ ရော်ဘာ
၂။ ပလတ်စတစ်
၃။ တိရစ္ဆာန်တစ်သျှူး
ထပ်ခြင်း။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ - ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)




