ခုခံအားကျဆင်းမှုနဲ့ လှေလုပ်သားများ သမိုင်း
(သက်စွန့် ဆံဖျား မြန်မာရေလုပ်သားများ)
၁၉၉၀
မတိုင်မှီက ထိုင်းရေလုပ်သားများ ဈေးကွက်တွင် လောနိုင်ငံသားများက နေရာယူထားပါသည်။
မြန်မာပြည်သားအများစုကတော့ ဆိုရှယ်လစ် စနစ်အောက်မှာ ၁၉၇၂ စပြီး ၁၉၈၈ နောက်ပိုင်းအထိ
ထိုင်းနိုင်ငံနှင့် မှောင်ခိုလုပ်ငန်း အထမ်းသမား လုပ်ကြပါတယ်။ စွန့်စားသော မြန်မာပြည်မှ
လူငယ်များက ကမ်ပူးခြား နယ်စပ်မှာ ကျောက်တူးခဲ့ရာမှ ဝင်ငွေသေချာသော လှေလုပ်ငန်းကို ကူးပြောင်း
ကြပါတယ်။
လှေလုပ်လိုသော
လူငယ်များ ရှာဖွေပေးသူကို ၅၀၀ ဘတ် ပေးပါတယ်။ လူကုန်ကူးစရာ မလိုပါဘူး။ လှေဆင်းမယ်ဆိုရင်
ထိုင်းအပါအဝင် အားလုံးက ကူညီ ကြပါတယ်။ လှေဆင်းမည့် လူငယ်ကို ၁ လ ၄ ထောင်နှင့် ၃ လစာ
၁၂၀၀၀ ဘတ် ကြိုတင်ငွေ ထုတ်ပေးပါတယ်။ ငွေရလွယ်တော့ လူငယ်တွေ အုပ်လိုက် ဆင်းကြပါသည်။
ရခိုင်ကျော်
ကုလားတွေက ဘန်ကောက်မှာ ရိုတီရောင်း ဈေးကွက်လုနေပါပြီ။ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပုလိပ်ကို
အတိုင်အတော အလွန်များလွန်းတော့ မွန်၊ ထားဝယ်၊ ကရင်၊ ရခိုင်၊ ဗမာ လူငယ်တွေ ပင်လယ်ဆင်း
ကြတာပါ။ နောက်ပိုင်း ကြိုတင်ငွေ ထုတ်ပြီး လှေပေါ်က ဆင်းပြေးကာ နောက်လှေရှာပြီး ကြိုတင်ငွေ
ထပ်ယူ ထပ်ပြေးနဲ့ ထိုင်းပုလိပ်တပ်ဖွဲ့က ဝင်ရောက် နေယူခဲ့ပါတယ်။
အဲဒီ
၁၉၉၀ နောက်ပိုင်းကစလို့ မြန်မာပြည်သားတွေ ထိုင်းလှေလုပ်သား နေရာ ယူခဲ့ပါတယ်။ မကြာခဏ
လူသတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဝင်ငွေမှန်ပြီး
လူပျိုလူလွတ် စွန့်စားသူတွေ နေကြတော့လည်း ညညဆို နှတ်ခမ်းနီ ရဲရဲလေးတွေက အုပ်လိုက်လေ။
စောစောပိုင်းက ထိုင်းမလေးတွေ ထင်ထားတာ နောက်ပိုင်းမှ မြန်မာပြည် ရှမ်းပြည်က အပျိုလေးတွေလည်း
ပါတာသိပြီး အိမ်ထောင်ကြ ကလေးရကြနဲ့ ပေါ့ဗျာ။
HIV
ပညာပေး လုပ်ငန်းက ၁၉၉၈ မှ အစပြုနိုင်တော့ ၁၉၉၉ ဆေးစစ်တဲ့အချိန်မှာ တွေ့ရှိချက်ဟာ အမြင့်မားဆုံး
အဆင့် တွေ့ပါတော့တယ်။ ၅ ရာခိုင်နှုန်းတဲ့ အုပ်စုလိုက် ပျော်ပါးပြီး ရောဂါ ဆိုးကြီးကို
မသိကြဘဲ ပျော်မြူးနေခဲ့ ကြတာပါ။
၁၉၈၅
လောက်ကထဲက HIV ပိုး ထိုင်းနိုင်ငံထဲ ဝင်လာတယ်ဆိုတာ ကျန်းမာရေး ဝန်ကြီးဌာနက တရားဝင်
ကြေညာခဲ့ပါတယ်။ အင်္ဂလိပ်လို အားနည်းတဲ့ ထိုင်းဝန်ထမ်းတွေနဲ့ ထိုင်းစကား မတတ်တဲ့ မြန်မာ
ပြည်သားတွေကြောင့် မသေသင့်ဘဲ ထောင်နဲ့ချီပြီး သေခဲ့ကြတယ်။
ကလေးတွေ
မိဘမဲ့ ဖြစ်ကုန်တယ်။ အဲဒီကာလ ပတ်ဝန်းကျင် လောက်မှာ ပညာပေး ဗဟုသုတ မရှိတာကြောင့် ရိုးရာကိုင်တာ
ဒေသနတ်ကိုင်တာ ဟိုကောင်မ ပြုစားတာနဲ့ အလောင်းတွေ ထပ်နေပြီး လူသေ အနီးကို မကပ်ရဲကြပါဘူး။
ကျွန်တော် မကြာခဏ သဂြိုလ်ပေးခဲ့ ဘူးပါတယ်။
ခုခံအားကျဆင်းမှု ရောဂါကူးဆက်ရန် အများဆုံး
အခြေအနေများ
၁။
မိန်းကလေးများဖြင့် အပျော်အပါး လိုက်စားရာတွင် ရာဘာအစွပ် မသုံးခြင်း
၂။
ဆေးထိုးအပ် တချောင်းကို ဝေမျှသုံးစွဲခြင်း
၃။
ဘလိပ်ဓါး၊ ခြေသည်းညှပ်၊ လက်သည်းညှပ်၊ နားဖါကလော် စသည့် သွေးထွက်စေနိုင်သော ပစ္စည်းများကို
ဝေမျှသုံးစွဲခြင်း
၎။
မိခင်မှတဆင့် ရင်သွေးကို ကူးစက်ရန် ဖြစ်နိုင်ခြင်းတို့ ဖြစ်ပါသည်။
(၁၉၉၉ နိုဝင်ဘာလအထိ မဟာချိုင်း ဒေသရှိ မြန်မာနိုင်ငံသားများကို လက်မှတ်လုပ်ရန် သွေးဖေါက်ရာတွင်
၃.၅ ရာခိုင်နှုန်းတွင် အေအိုင်ဒီအက်(စ်) ရှိနေသည်ကို ကိုယ်တိုင် ဓါတ်ခွဲ စစ်ဆေး တွေ့ရပါသည်။
ယူအန်မှ
ကျင်းပသော အရှေ့တောင်အာရှ ခုခံအားကျဆင်းမှု အစည်းအဝေးတွင် မြန်မာကျန်းမာရေး ဝန်ကြီးက
ရှက်ရှက်နဲ့ ဒေါသတကြီး လက်ခံပြီး မြန်မာပြည်တွင် ခုခံအားကျဆင်းမှု တိုက်ဖျက်ရေး လက်ခံခဲ့ပါသည်။
ရောဂါရသူများ
မြန်မာပြည်သို့ ပြန်ရာတွင် ကိုယ်တိုင်စီစဉ် လိုက်ပို့ခဲ့သည်။ လူမှုရေးတွေ များလွန်းလာတော့
လူထုပေးငွေနဲ့ ရပ်တည်ခဲ့ပါတယ်။ ၁၉၉၉ အစည်းအဝေးမှာ ဒုတိယ သဘာပတိ ဆောင်ရွတ်ရန် ဘောင်းဘီရှည်
မရှိလို့ ထိုင်းသူနာပြု တဦး၏ မိန်းမဘောင်းဘီ ငှားပြီး ဝတ်ခဲ့ရပါသည်။)
မေးခွန်း
၁။ လက်သုတ်စုံရောင်းသော
မိန်းမတယောက်တွင် ယောက်က်ျားထံမှ ခုခံအားကျဆင်းမှုရောဂါ ရရှိနေပါသည်။ ဆင်းရဲသောကြောင့်
ခြင်ထောင်တခုတည်း အိပ်သောကြောင့် ဒီရောဂါ ရနိုင်ပါသလား။
၂။ ခြင်မှတဆင့်
ကူးစက်နိုင်ပါသလား။
၃။ ကြက်သွန်လှီးရင်း
လက်ကို ဓါးထိတာ မသိလိုက်ဘဲ အသုတ်ထဲသို့ ရောဂါပိုး ပါသွားပါတယ်။ အသုတ်စားသူကို ရောဂါ
ကူးနိုင်ပါသလား။
၎။ ရာဘာအစွပ်
ကောင်းမကောင်း ဘယ်လို စမ်းသပ်ကြည့်ရင် ရပါမလဲ။
၅။ မင်္ဂလာဆောင်ရန်
ဆေးစစ်ကြည့်မှ တယောက်ယောက်တွင် ခုခံအားကျဆင်းမှု ရှိနေလျှင် သဘောထားကြီးကြီးနဲ့ ချစ်ခရီးလမ်း
ဆက်လျှောက်နိုင်ပါ့ မလား။
၆။ ရောဂါပိုးဟာ
လေထဲမှာ ဘယ်လောက်ကြာအောင် အသက်ရှင် နိုင်ပါသလဲ။
အချိန်ရရင်
ဆက်ပြီး ကိုယ်နားနဲ့ ကြားခဲ့ရသော ဇာတ်လမ်းများ ဆက်ရေးပါမယ်။ မြန်မာပြည်သားများ
အာဏာရှင်နဲ့အတူ
ခုခံအားကျဆင်းမှု ရောဂါမှ ကင်းဝေးကြပါစေ။
ဌေးတင့် (နယ်သာလန်)
July 29, 2010
မြန်မာပြည်သား(JACBA)
- ခုခံအားကျဆင်းမှုနဲ့ လှေလုပ်သားများ သမိုင်း (သက်စွန့်ဆံဖျား မြန်မာ ရေလုပ်သားများ)




