28
Jan

ခုခံအားကျဆင်းမှုရောဂါ ကူးစက်နှုန်း ကျဆင်းလာဟုဆို

ရန်ကုန်၊ ဇန်နဝါရီလ
- ၈

လူငယ်၊ လူရွယ်များတွင်
ကူးစက်မှုအများဆုံးဖြစ်လေ့ရှိသော ခုခံအားကျဆင်းမှုရောဂါသည် လွန်ခဲ့ သော ငါးနှစ်အတွင်း
ကူးစက်မှုနှုန်းလျော့ကျလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။

၂၀၀၆ မှ ၂၀၁၀
ပြည့်နှစ် အထိရေးဆွဲထားသည့် အမျိုးသားမဟာဗျူဟာစီမံကိန်း (National Strategic plan)
၏ ထုတ်ပြန်သောစရင်းများအရ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်များတွင် ရောဂါဖြစ်ပွားနှုန်း
၁ ဒသမ ၂၉ ရာခိုင်နှုန်းမှ ၁ ဒသမ ၂၆ ရာခိုင်နှုန်းထိကျဆင်းလာကြောင်း UNAIDS (ယူအင်န်အေ့စ်)
မှ သိရသည်။

“သာမန်အတိုင်း ကြည့်ရင်တော့ ဒီရာခိုင်နှုန်းလေးက
နည်းနည်းလေးပဲ ကျတယ်လို့ထင်ရပေမယ့် NSP အရကြည့်ရင်တော့ အရမ်းကျလာတယ်လို့ ပြောလို့ရပါတယ်”
ဟု UNAIDS က တာဝန်ရှိသူတဦးက ပြောသည်။ အိပ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်ရောဂါနှင့် ပတ်သက်၍
စာသင်ကျောင်းများတွင် အသိ ပညာပေး ဟောပြောပွဲများ ပိုမိုဆောင်ရွက်လာနိုင်ခြင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ
(NGO) များမှ ရောဂါနှင့်ပတ်သက်သော ပညာပေးမှုများ ပိုမိုပြုလုပ်လာနိုင်သဖြင့် လူငယ်များတွင်
ကူးစက်မှု နှုန်းလျော့နည်းလာခြင်းဖြစ်ကြောင်း အဆိုပါ ပုဂ္ဂ္ဂ္ဂိုလ်ကပြောသည်။

ယခင်က လူငယ်များမှာ ထိုကဲ့သို့ စူးစမ်းတတ်သည့်
အရွယ်တွင် အိတ်ခ်ျအိုင်ဗီနှင့်ပတ်သက်သည့် ရောဂါကာကွယ်ရေးနှင့်ကူးစက်သည့် အကြောင်းအရာများအား
မသိရှိခဲ့ခြင်းတို့ကြောင့် ရောဂါကူးစက် မှုနှုန်းများပြာခဲ့ခြင်းဖြစ်ပြီး၊ ယခုအချိန်တွင်
လူအများစုမှာ ရောဂါနှင့်ပတ်သက်သည့် အကြောင်းအရာ များအား သိရှိသည့် ဗဟုသုတ များပြားလာကြကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတွင် တနေ့လျှင် အိပ်ခ်ျအိုင်ဗီ/
အေအိုင်ဒီအက်စ် ရောဂါကူးစက်ခံရသူ ၄၀ ကျော်ခန့်ရှိပြီး တနှစ်လျှင် ရောဂါကူးစက်ခံရသည့်
လူနာသစ် တစ်သောင်း ခုနှစ်ထောင်ကျော်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော
စာရင်းများအရ သိရှိရသည်။ ကမ္ဘာပေါ်တွင် နေ့စဉ် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသည့် လူနာသစ်
ခုနှစ်ထောင့်လေးရာခန့်ရှိသည်ဟု ခန့်မှန်းထားကြပြီး ထိုလူများ၏ ၉၇ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြောင်း
သိရှိရသည်။

ဝတ်ရည်

7 DAY NEW Journal

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top