15
Mar

ခုခံအားကျဆင်းမှု ကူးစက်ခံနေရသူများ သိထားသင့်သော HIV/AIDS အကြောင်း (အပိုင်း ၂)



မေး။             ။ ပြီးခဲ့တဲ့ အပတ်က ကျတော်တို့ လို
အိတ်ခ်ျအိုင်ဗွီ ရှိတဲ့သူတွေထဲမှာ အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေး ၅ ရက်ပေးလိုက် ၂ ရက်
နားလိုက်နဲ့  ကုသကြည့်တဲ့ Foto Study ဆေးသုတေသနအကြောင်း ဆရာပြောခဲ့ပါတယ်။ အဲဒီ
သုတေသနမှာ ပီအိုင် အုပ်စုဝင် အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေးပါတဲ့ ဆေးအုပ်စုနဲ့ 
ကုထားတဲ့ အိတ်ခ်ျအိုင်ဗွီ ရှိသူ ၉ ယောက်မှာ နှစ်ယောက်ဟာ ဒီကုထုံး နည်းဗျူဟာကို
ပြောင်းပြီးလို့  (၆)လ လောက်အကြာမှာ မူလက (သူတို့ ရဲ့သွေးထဲမှာ)
အိတ်ခ်ျအိုင်ဗွီပိုး မတွေ့ တော့ ရာကနေ ပြန်တွေ့ လာပေမဲ့ Efavirenz ဆိုတဲ့
အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေးပါတဲ့ ဆေးအုပ်စုနဲ့  ကုထားတဲ့ လူနာ ၁၇ ယောက်မှာတော့
အိတ်ခ်ျအိုင်ဗွီ ပိုးတွေကို (သူတို့ ရဲ့သွေးထဲမှာ) ဒီနည်းဗျူဟာကို ပြောင်းပြီးလို
့ (၆) လလောက်ကြာတဲ့အထိ ပြန်မတွေ့ ရသေးဘူးလို့ သိနေရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို
ယူဆပါသလဲ။

 

ဖြေ။              ။ Efavirenz လို့ ခေါ်တဲ့
အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေးဟာ ပီအိုင်အုပ်စုဝင် ဆေးတွေထက် Halflife ပိုရှည်ပါတယ်။
ဆိုလိုတာက Efavirenz ဆိုတဲ့ ဆေးဟာ သွေးထဲမှာ ကြာကြာ ပိုနေပါတယ်။ ဒါကြောင့်
ရက်သတ္တပတ်မှာ (၂) ရက်မပေးဘဲ ဒီဆေးကိုနားထားပေမဲ့ လူတွေရဲ့ သွေထဲမှာ ဒီဆေးတွေ
ကြွင်းကျန်နေတော့ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးတွေကို နာလန်မထူနိုင်အောင်
ဆက်ပြီးနှိပ်နှင်း ထားတဲ့ သဘောရှိပါတယ်။ ဒါပေမဲ့ ရေရှည်မှာ ဘယ်လို ပြဿနာမျိုးတွေ
ရှိလာမလဲဆိုတာ တိတိကျကျ မပြော နိုင်သေးပါဘူး။ ဒါဟာ ကျတော့ရဲ့ ယူဆချက် သက်သက်မျှ သာမဟုတ်ပါဘူး။
ကမ္ဘာ့ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက် ပါရဂူကြီးတွေရဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။

 

မေး။             ။ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်
ရှိတဲ့သူတွေမှာ ဒီလိုမျိုး အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်သတ်ဆေးတွေကို ဆက်တိုက်ပေးလိုက်
ပြီးရင် မပေးဘဲ ပြန်နားလိုက် နောက်တစ်ခါ ဆေးပြန်ပေးလိုက်နဲ့  ပြတ်တောင်း
ပြတ်တောင်း ဆေးပေးတဲ့ အတွေအခေါ်ဟာ ဘယ်ကနေ ဘယ်လို ပေါ်လာတာလဲခင်ဗျ။

 

ဖြေ။              ။ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်
ရှိတဲ့သူတွေထဲမှာ ဒီလိုမျိုး အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေးတွေကို ထိထိရောက်ရောက်
ကုသ လိုက်ရင် ဒီလူတွေရဲ့ သွေးထဲနဲ့  ကိုယ်ထဲမှာရှိတဲ့ အိတ်ခ်ျအိုင်ဗွီ
ပိုးအရေအတွက်ကို သိသိသာသာကြီး ချပစ်လိုက်နိုင်တယ်ဆိုတာ ဟိုးအရင်ကတည်းက
သိထားခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီဆေးတွေကို ရပ်တန့် ပစ်လိုက်တဲ့
ခါစအချိန်တွေမှာလဲ အိတ်ခ်ျအိုင်ဗွီ ပိုးပမာဏ အရေအတွက်ဟာ ဆက်ပြီးနည်းပါးနေတာ တွေ
့ရပါတယ်။ ဆိုလိုတာက ဆေးဆက်ပြီး မသုံးစွဲဘဲနဲ့ ကို ဆက်ပြီး နည်းပါးနေတာပါ။ ဒါပေမဲ့
ဒီအိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေးတွေကို ဆက်ပြီး မသုံးစွဲ ရဘူးဆိုရင် အိတ်ခ်ျအိုင်ဗွီ
ပိုးအရေအတွက်ဟာ ပြန်ပြီး များလာတာ တွေ့ ရပါတယ်။ ဒါပေမဲ့ ဒီလူတွေမှာ ဘာရောဂါ
ဝေဒနာမှ မခံစားရတာ ကျန်းမာနေတာ တွေ့ ရပါတယ်။ ဆေးဖြတ်ပြီး အနည်းဆုံး တစ်လ
တစ်လခွဲလောက် ကြာမှ သွေးထဲမှာရှိတဲ့ အိတ်ခ်ျအိုင်ဗွီ ပိုးအရေအတွက်ဟာ
အိတ်ခ်ျအိုင်ဗွီ ဆေးတွေနဲ့  မကုခင် ပမာဏလောက်ကို ပြန်ပြီးများလာတာ တွေ့  ရပါတယ်။
ဒါပေမဲ့ လူအများစုဟာ အဲဒီအချိန်မှာ ဘာပြဿနာမှ ကြီးကြီးကျယ်ကျယ် မကြုံတွေ့ ရပါဘူး။
ဒီအဖြစ် အပျက်ကိုကြည့်ပြီးတော့ အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေးတွေကို (အိတ်ခ်ျအိုင်ဗွီ
ရှိနေသူတွေကို) ပေးလိုက် ဆေးခဏလေး ဖြတ်လိုက်လုပ်ရင်ဆေးလဲ ချွေတာရာရောက်မယ်
ပိုက်ဆံလဲ အကုန်အကျ သက်သာမယ်၊ ရေရှည် ဘေးထွက် ဆိုးကျိုးတွေလဲ ကင်းဝေးမယ်။
ဒါ့ကြောင့် အိတ်ခ်ျအိုင်ဗွီ ရှိနေသူတွေလဲ ဆေးကို ရေရှည် သုံးစွဲ လာနိုင်လိမ့်မယ်
ဆိုတဲ့ အယူအဆဟာ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက် သုတေသီ အချို့ အပေါ်မှာ
ပေါ်ထွက်လာခဲ့ပါတယ်။

မေး။             ။ ဒီအယူအဆကို ထောက်ခံတဲ့ သုတေသန
ရလဒ်မျိုးရော ရှိပါသလားခင်ဗျာ။

ဖြေ။              ။ ရှိပါတယ် NIH Pilot Study on SIT
ဆိုတဲ့ သုတေသန ပြုလုပ်ချက် တစ်ခုရှိခဲ့ပါတယ်။ အဲဒီ သုတေသန ပြုမှုမှာ နာတာရှည်
အိတ်ခ်ျအိုင်ဗွီ ပိုးစွဲကပ်သူ ၁၀ ယောက်ကို သုတေသန ပြုခဲ့ပါတယ်။ ဒီလူနာတွေကို
စတာဗျူတင်း (Stavudine)၊ လမ်မီဗျူဒင်း(Limivudine)၊ ရီတိုနာဗား(Ritonavir) နဲ့ 
အင်တီနာဗား (Indinavir) ဆိုတဲ့ အိတ်ခ်ျအိုင်ဗွီ သတ်ဆေး လေးမျိုးကို ရက်သတ္တပတ်
တစ်ပတ် ပေးလိုက်၊ တစ်ပတ် နားလိုက်နည်းနဲ့  ပြောင်းလဲကုသခဲ့ကြပါတယ်။ ဒီလူနာတွေမှာ
ရက်သတ္တပတ် လေးပတ်ကြာတဲ့အထိ အိတ်ခ်ျအိုင်ဗွီ ပိုးအရေအတွက် မြင့်တက်လာတာ မတွေ
့ရတဲ့အပြင် ကိုယ်ခံစွမ်းအားကိုပြတဲ့ CD4 အရေအတွက်လည်း ပြန်ကျသွားတာမျိုး မတွေ
့ရပါဘူး။

 

မေး။             ။ ကျတော်တို့  မြန်မာနိုင်ငံမှာရော
ဒါမျိုးကုတာ တွေ့ ရပါသလားခင်ဗျာ။

ဖြေ။              ။ ကျတော်တို့ နိုင်ငံမှာတော့
ဒါမျိုးကုတာ မတွေ့ ရသေးပါဘူး။

 

ဒေါက်တာ
အောင်မိုး
Family
Health (14,March,2007)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top