18
Apr

ခုခံအားကျဆင်းမှု ကူးစက်ခံနေရသူများ သိထားသင့်သော HIV/AIDS အကြောင်း(၁)

မေး။ ။ NIP Pilot Study on Sit ဆိုတဲ့ သုတေသန ပြုချက်အရ
ကျတော်တို့ လို အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့ လူတွေကို အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေးတွေ
ပေးပြီး၊ ကုလိုက် နောက်တစ်ပတ် လောက်ကြာရင် နားလိုက် နောက်တော့ ဆေးပြန်ပေးလိုက်နဲ့ 
တစ်ပတ်ခြား ကုထုံးနဲ့  ကုတဲ့ ရလဒ်အတိုင်းဆိုရင် အဲဒီလူတွေမှာ အိတ်ခ်ျအိုင်ဗွီ ပိုးကောင်
အရေအတွက်ဟာလည်း ပြန်များအလာဘူး။ ကိုယ်ခံစနစ်ကို ပြတဲ့ CD4 အရေအတွက် ဟာလည်း ပြန်ကျမသွားဘူးဆိုတော့
တော်တော့ကို ကောင်းတာပေါ့နော်။

 

ဖြေ။ ။ ဒါတင် မကသေးပါဘူး အရင်တုန်းက အိတ်ခ်ျအိုင်ဗွီ ပိုးတွေကို
ဆက်တိုက် ကြာကြာပေးထားလို့ ဒီလူတွေမှာပေါ်နေတဲ့ ဘေးထွက် ဆိုးကျိုးတစ်ခုဖြစ်တဲ့ ကိုလက်ထရော
Cholesterol ဆိုတဲ့ အဆီဓါတ်တွေတောင် ပြန်ကျသွားတာကို NIP Pilot Study မှာတွေမြင်ရပါတယ်။

 

မေး။ ။ ဒီလို အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေးတွေကိုပေးလိုက်
ပြန်ရပ်လိုက်နဲ့ကုတဲ့ ကုထုံးဟာ ဒီလောက်တောင် ကောင်းတာကို ဘာ့ကြောင့်များ မကျင့်သုံးပါသလဲခင်ဗျာ။

 

ဖြေ။ ။ ဒီ NIP Pilot Study ဆိုတဲ့ သုတေသနပြုချက်မှာ ကုသခံဖို
့ရွေးချယ်ထားတဲ့ အိတ်ခ်ျအိုင်ဗွီ ပိုးရှိတဲ့သူတွေကိုကြည့်ရင် အဲဒီလူတွေကို သုတေသန မပြုခင်မှာ
အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေးပေါင်းစုနဲ့ ရက်စဉ် ဆက်တိုက် ကုထားလို့ သူတို့ရဲ့သွေးထဲမှာ
အိတ်ခ်ျအိုင်ဗွီ ပိုးကောင်ရေ တိုင်လို့မရအောင် နည်းနေတာကို တွေ့ရတယ်။ ဒါ့အပြင် သူတို့ရဲ့
ကိုယ်ခံအားကို ကြည့်မယ်ဆိုရင် သူတို့ရဲ့သွေး တစ်မိုက်ခရိုမီတာမှာ CD4 အရေအတွက် သုံးရာကျော်နေတာ
တွေ့ရတယ်။ ဒါကြောင့် ရွေးချယ်ထားတဲ့ အိတ်ခ်ျအိုင်ပိုး ရှိတဲ့သူတွေဟာ လူကောင်း တစ်ယောက်နီပါး
ကျန်းမာနေတာကို တွေ့ရပါတယ်။ ဒါကြောင့် စောစောကပြောတဲ့ SIT ကုထုံးကို ပြောင်းကုလို့ 
ကောင်းနေတာဟာ ဒီကုထုံးဘဲ အစွမ်းထက်လို့ ကောင်းနေ တာလား။ ဒီလူတွေကော ဒီဆေးသောက်စရာ လိုလား၊
မူလက ဒီလောက် မကောင်းတဲ့ လူနာတွေကို ရွေးချယ်လိုက်ရင် ဘယ်လိုနေမလဲဆိုတာ စဉ်းစားစရာ
ဖြစ်နေပါတယ်။ ဒါကြောင့်လဲ ကျတော်တို့ ဒီကုထုံးကို မကျင့်သုံး သေးပါဘူး။

 

မေး။ ။ ဘာဘဲပြောပြော ဒီလူတွေမှာ ကောင်းနေတော့ ဒီအဆင့်ကို
ရောက်နေတဲ့ အိတ်ခ်ျအိုင်ဗွီ ရှိသူတွေကို SIT ကုထုံးနဲ့ ကုရင်တော့ အဆင်ပြေမယ်လို့ ထင်ပါသလား။

 

ဖြေ။ ။ ဒီလိုလဲ ပုံသေပြောလို့ မရပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့
ဒီသုတေသန ပြုမှုမှာ ဒီလိုပြတ်တောင်း ပြတ်တောင်းနဲ့ အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေးတွေပေးပြီး
ကုသတာကို လေ့လာတဲ့အချိန်ဟာ ရက်သတ္တပတ် ၄၄ ပတ်ပဲကြာလို့ပါ။ ဒါကြောင့် ဒီလို ရလဒ်ကောင်းတွေဟာ
ကာလကြာရှည် ကောင်းမလား မကောင်းဘူးလားဆိုတာ မပြောနိုင်သေးပါဘူး။ နောက်ပြီးတော့ ဒီသုတေသန
ပြုမှုမှာ ပါဝင်တဲ့ အိတ်ခ်ျအိုင်ဗွီ ရှိသူ အရေအတွက်ဟာ ဆယ်ယောက်ပဲ ရှိပါတယ်။ ကမ္ဘာမှာရှိတဲ့
အိတ်ခ်ျအိုင်ဗွီ ရှိသူ အရေအတွက်၊ အဲဒီဒေသမှာရှိတဲ့ အိတ်ခ်ျအိုင်ဗွီ အရေအတွက်ထက်စာရင်
သိပ်ကို နည်းလွန်းနေပါတယ်။ ဆေးဘက်ဆိုင်ရာ စာရင်းသဘောအရ ဆိုရင် ဒီထက် အများကြီး ပိုများတဲ့
အိတ်ခ်ျအိုင်ဗွီ ရှိသူတွေပါဝင်တဲ့ သုတေသနပြုမှု ဖြစ်မှသာ ဒီကုထုံးဟာ အမှန်တကယ်ဘဲ အစွမ်းထက်တယ်လို
့ပြောနိုင်ပါလိမ့်မယ်။

 

မေး။ ။ ဒီလို အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေးတွေကို ပြတ်တောင်းပြတ်တောင်း
ပေးပြီး ကုသတဲ့ သုတေသနမျိုးကို ဒီထက်ကြာကြာ လုပ်ထားတာမျိုးရော ရှိပါသလားခင်ဗျာ။

 

ဖြေ။ ။ ရှိပါတယ် ၂၀၀၄ ခုနှစ်တုန်းက လမ်မီဗျူဒင်း (
Lamivudine )၊ စတာဗျူဒင်း ( Stavudine ) ရယ် အက်ဖာဗားဒင့် (Efavirenz) ဆိုတဲ့ အိတ်ခ်ျအိုင်ဗွီ
ပိုးသတ်ဆေး သုံးမျိုးကို အိတ်ခ်ျအိုင်ဗွီ ပိုးရှိတဲ့ လူရှစ်ဦးကို ပြတ်တောင်း ပြတ်တောင်းကုသနည်းနဲ
့ သုတေသန တစ်ခုလုပ်ခဲ့ ဖူးပါတယ်။ အဲဒီထဲက လူ ၇ ယောက်ကို ရက်သတ္တပတ်ပေါင်း ခြောက်ဆယ်နဲ
့ရှစ်ဆယ့်လေးပတ်ကြား လေ့လာကြည့်တာပါ။ အဲဒီသုတေသန အောင်မြင်ခဲ့ပါတယ်။

 

မေး။ ။ ၂၀၀၃ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာလုပ်တဲ့ သုတေသန
ပြုလုပ်မှုနဲ့ခပ်ဆင်ဆင်ပဲနော်။ အဲဒီမှာ ဒီလိုကုသမှုမျိုးဟာ မအောင်မြင်ဘူးလို့ ဆရာ ပြောခဲ့ဖူးပါတယ်။
ဘာကြောင့် ဒီလို ဖြစ်ရတာပါလဲ ခင်ဗျာ။

 

ဖြေ။ ။ ဟုတ်ပါတယ် အဲဒီတုန်းက ထိုင်းနိုင်ငံမှာ လုပ်ခဲ့တာပါ။
အဲဒီသုတေသနမှာ SIT ကုထုံးကို ကုသ ခံရတဲ့ လူအများစုမှာ ကုသမှု မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။
အဲ့ဒီလို မအောင်မြင်ခဲ့တဲ့ လူများစုကို ပြန်လေ့လာကြည့်လိုက်တော့ သူတို့ဟာ NRTJ အုပ်စုဝင်
အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေး အုပ်စုဝင်တွေနဲ့အရင်ကတည်းက ထိတွေ့ ဖူးထားတာ တွေ့ရတယ်။
ဒါ့ကြောင့် သုတေသန မလုပ်ခင်ကတည်းက ဆေးယဉ်နေတာမျိုး ဖြစ်နိုင်ပါတယ်။

 

မေး။ ။ ဒီSIT ကုထုံးနဲ့  ပတ်သက်ပြီး ဆရာ့ရဲ့ အမြင်လေး သိချင်ပါတယ်။

 

ဖြေ။ ။ ဒီ SIT ကုထုံးဆိုတာ ယနေ့ ခေတ်အထိတော့ စီမံကုထုံးတစ်ခု
မဟုတ်သေးဘူး။ အထူးသဖြင့် ဓါတ်ခွဲခန်း ထောက်ကူမှုတွေကို ကမ္ဘာ့အဆင်မီ မလုပ်နိုင်သေးတဲ့
နေရာတွေမှာ လုံးဝမသုံးစွဲ သင့်သေးပါဘူး။ ဒါပေမဲ့ အိတ်ခ်ျအိုင်ဗွီ ရှိသူတွေ အတွက် ဆေးသိပ္ပံ
ပညာရှင်တွေရဲ့ ကြိုးပမ်းမှု တစ်ခု ဖြစ်တယ်လို့ တော့ ဆိုချင်ပါတယ်။ ဒီလို သုတေသန ပြုမှုတွေကနေ
တချိန်ချိန်မှာ တကယ့်ကို အစွမ်းထက်တဲ့ SIT ကုထုံးတစ်ရပ်လည်း ပေါ်ပေါက်ကောင်းပေါ်ပေါက်
လာနိုင်ပါတယ်။

 

A.H.P.P

 

Facebook - ခုခံအားကျဆင်းမှု
ကူးစက်ခံနေရသူများ သိထားသင့်သော HIV/AIDS အကြောင်း()

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top