13
Feb

ခုခံအားကျရောဂါ ကာကွယ်ဆေးအချို့ ဒုက္ခပေးနိုင်



အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့အခြေစိုက် ၀စ္စတာကာကွယ်ဆေးသိပ္ပံ၏
လေ့လာချက်အရ ခုခံအားကျ ရောဂါကာကွယ်ဆေး၌ အသုံးပြုသော ဗိုင်းရပ်စ်ပိုးအချို့သည် လူ၏ခန္ဓာခုခံစနစ်ကို
ထိပါးသဖြင့် အန္တရာယ်ပေးနိုင်ကြောင်း တွေ့လာရသည်ဟု သတင်းရရှိသည်။

သို့ဖြစ်၍ ကာကွယ်ဆေးများကို နှိုက်နှိုက်ချွတ်ချွတ် စမ်းသပ်မပြီးမီ
လူ၌တိုက်ရိုက်မသုံးသင့်ဟု သတိပေးထားသည်။ အဒီနိုအပေါင်းအသင်း ဗိုင်းရပ်စ် (
AAV)
များသည် လူကိုလုံးဝ အန္တရာယ်မပေးသော ပိုးများဖြစ်ပြီး ယင်းတို့အားဖြင့်
ခုခံအားကျရောဂါ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇ အစိတ်အပိုင်းတို့ကို လူ့ခန္ဓာထဲသို့သယ်ပိုးသွားစေလျက်
ခန္ဓာခုခံစနစ်နှင့် ထိတွေ့စေခြင်းဖြင့် လှန့်သံဖန်တီးကာတီကလာပ် စည်းများကို နှိုးဆွခြင်းဖြစ်သည်။

သို့သော် ကြွက်များနှင့်လေ့လာချက်တစ်ခု၌ အေအေဗွီဗိုင်းရပ်စ်များကိုယ်တိုင်က
စီဒီရှစ်တီ-ကလာပ်စည်းများကို တိုက်ရိုက်ထိပါးကြောင်း တွေ့လာရသည်။ ယင်းသည် ပိုးသတ်ကလာပ်စည်း
ဖြစ်ကာ အေအေဗွီက သယ်လာသောပစ္စည်းကြောင့် ပဋိဓာတ်ဖြစ်ထွန်းပြီး ရန်သူကို သိလာခြင်းဖြစ်လျက်
ရန်သူပိုးကို ခုခံတိုက်ခိုက်ခြင်းဖြစ်၏။ ယခုဖြစ်စဉ်၌ ပဋိဓာတ်ကြာရှည်စွာနှင့် များပြားစွာ
ဖြစ်ထွန်းနေသဖြင့် ပိုးသတ်တီကလာပ်စည်းသည် အားကုန်မောပန်းသွားကာ လုပ်ငန်းကို ရပ်ပစ်လိုက်ခြင်းဖြစ်သည်။

ယင်းသို့ ပိုးသတ်တီကလာပ်စည်းများ ခလုတ်ပိတ်နေသဖြင့် ခန္ဓာခုခံစနစ်သည်
ပို၍အင်အား ချည့်နဲ့သွားကာ ရောဂါဖိစီးခံရခြင်းဖြစ်သည်။ အဒီနိုအပေါင်းအသင်း ဗိုင်းရပ်စ်များသည်
ရောဂါကို ဖြစ်စေခြင်းမဟုတ်ပေ။ သူတို့ကိုယ်တိုင်သည်လည်း ပွားနိုင်စွမ်းမရှိချေ။ သို့သော်
ခန္ဓာကိုယ်ထဲ၌ တာရှည်စွာနေနေနိုင်သဖြင့် အနှောင့်အယှက်တစ်မျိုး ဖြစ်လာရခြင်းဖြစ်သည်။

ဤဖြစ်စဉ်ကို ယခု သုတေသနတွင်မှ သတိထားမိလာခြင်းဖြစ်သည်။ ယခင်က
ယင်းဗိုင်းရပ်စ်များကို အသုံးပြုသော သုတေသနတို့၌ ရောဂါရှင်တို့ ပို၍ရောဂါထလာခြင်းများကို
ကြုံခဲ့ရပြီးဖြစ်သည်။ ဤဖြစ်စဉ်ကြောင့်ဟု ယခုမှ ထင်ရှားလာခြင်းဖြစ်သည်။ သို့ဖြစ်၍ ကာကွယ်ဆေးက
ပြန်၍ ဒုက္ခပေးခြင်းမျိုးကို ရှောင်ရှားနိုင်ရန် သုတေသီတို့က တင်ပြခြင်းဖြစ်သည်။

ရန်ကုန် မီဒီယာ -

ခုခံအားကျရောဂါ ကာကွယ်ဆေးအချို ဒုက္ခပေးနိုင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top