ခုခံအား
ကျဆင်းမှု ရောဂါခံစားနေရသော ကလေးသူငယ်များအား ဝေဘာဂီ အထူးကု ဆေးရုံကြီးတွင် ဆေးရုံစာအုပ်ထပ်ရန်
အလှည့်စောင့်ဆိုင်းရန် မလိုဘဲ ကလေးအထူးကု ဆရာဝန်ကြီးနှင့် ပြသပြီးသည်နှင့် တစ်ပြိုင်နက်
ART ဆေးများ ထုတ်ပေးလျက် ရှိသည်။
ဝေဘာဂီ
အထူးကု ဆေးရုံကြီးသို့ လာရောက်ကုသမှု ခံယူသော ပြင်ပလူနာများ အနေနှင့်လည်း ဆေးရုံစာအုပ်
ပြုလုပ်ပြီးပါက ပြင်ပလူနာဋ္ဌာနတွင် ရုံစာအုပ်ထပ်ပြီး ART ဆေးပေးခန်း၌ နံနက် (၁၀ : ၀၀)
မှ စတင်၍ ART ဆေးများ ထုတ်ယူရရှိရန် ဆောင်ရွက်ပေးလျက် ရှိသည်။
သွေးစစ်လိုသော
လူနာများအတွက်လည်း နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအထိ သွေးစစ်ပေးလျက် ရှိသည်။ ယခုအခါ
ခုခံအားကျဆင်းမှု ရောဂါ ခံစားနေရသော လူနာများအား ဝေဘာဂီအထူးကု ဆေးရုံတွင်သာမကဘဲ ပြည်လမ်းမပေါ်ရှိ
မင်္ဂလာဒုံ ဆေးရုံကြီး၌လည်း ကုသပေးလျက် ရှိသည်။
လမ်းညွှန်
ဝေဘာဂီ
အထူးကုဆေးရုံ - မထသ (၄၃) အထူး မထသ (၄၃) အောင်မင်္ဂလာ အဝေးပြေးနှင့် ရွှေပေါကံ္ကကား ပါရမီ
(၁၈၃) (၁၅၆) ကားလတ်၊ (၁၂၁) ကားလတ် (၁၂၃) ကားလတ် (၄၃) ကားလတ်များစီး၍ ခြောက်ကွေ့မှတ်တိုင်
ဆင်းပါ။ (၁၅၇) အထူးယာဉ်ကြီးနှင့် (၁၂၈) ကားလတ်စီးလျှင် ဆေးရုံမှတ်တိုင် ဆင်းပါ။
မင်္ဂလာဒုံဆေးရုံ
- မထသ (၅၁) (ဝါယာလက် ထောက်ကြန့် မင်းလွင်ကုန်း)။ ပါရမီ (၂၃၂) နှင့် လှည်းကူး၊ မှော်ဘီပဲခူး
ယာဉ်များစီးပြီး ကျိုက္ကလော့ မှတ်တိုင်ဆင်းပါ။
HIV
မေးခွန်းများကိုမေးလိုလျှင် True News ဂျာနယ်တိုက်၊ အမှတ် ၂၃၊ ဗိုလ်တထောင်လမ်းသွယ်
(၁)၊ ဗိုလ်တထောင်မြို့နယ်၊ ဖုန်း ၃၉၇၆၇၄၊ ၃၉၉၈၉၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အေးအေးဇင်
၃
သြဂုတ် ၂၀၁၀ (အတွဲ ၂၊ အမှတ် ၄၉) (စာမျက်နှာ ၂၉)
True News
- ခုခံအား ကျဆင်းမှုရောဂါ ခံစားနေရတဲ့ ကလေးများအား ART ချက်ချင်း ထုတ်ပေး




