26
Nov

ခုခံအား ကျဆင်းမှု ကူးစက်ရောဂါနှင့် ပတ်သက်ပြီး အသိပညာရှိမှု နည်းပါးနေသေး

ခုခံအားကျဆင်းမှု ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ အသိပညာရှိမှုတွေ နည်းပါး နေသေးတယ်လို့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနနဲ့ ယူနီဆပ်တို့ ပူးပေါင်း ပြုလုပ် တဲ့ မြန်မာနိုင်ငံ ကလေးသူငယ်များ အခြေအနေ သုံးသပ် အစီရင်ခံစာ အကျဉ်းချုပ်အရ သိရပါတယ်။ ဒီလို အသိပညာ နည်းပါးတဲ့ အတွက် ပြည်တွင်းရှိ အသက် ၁၅ နှစ် အောက်တွေမှာ အဆိုပါ ရောဂါ ကူးစက်မှု နှုန်းတွေ များပြားနေသေးတာ ဖြစ်ပါတယ်။

အဲ့ဒီလို အသက်ငယ်ပိုင်း ရောဂါပိုး တွေ့ရှိသူ တွေထဲက တစ်ဝက် လောက်ဟာ ၅ နှစ်အောက် ကလေးငယ်များ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီလို ကလေးငယ် တွေမှာ ခုခံအား ကျဆင်းမှု ရောဂါဖြစ်ပွားရ တာဟာ အသိပညာ နည်းပါးမှု သာမက အန္တရာယ် မြင့်မားတဲ့ အမူအကျင့်တွေနဲ့ မိခင်မှ သန္ဓေသားသို့ ရောဂါကူးစက် စေမှုတွေ ကြောင့် လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မျိုးဆက်ပွား နိုင်တဲ့ အရွယ်ရှိ အမျိုးသမီး များကို ရောဂါ ကူးစက်နိုင်ပုံနဲ့ ကာကွယ်မှု နည်းများကို အသိပညာ ပေးမှုများ လုပ်ဆောင်သင့်တာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4 - ခုခံအား ကျဆင်းမှု ကူးစက်ရောဂါနှင့် ပတ်သက်ပြီး အသိပညာရှိမှု နည်းပါးနေသေး 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top