ယမန်နေ့က ကျရောက်တဲ့ (THE WORLD AIDS DAY'S) နေ့ အထိမ်းအမှတ် ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၊ Hiv/Aids prevention and care center ကနေ ရန်ကုန်မြို့၊ ကျိုက္ကစံလမ်းပေါ်ရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ကြီးဦးတင်ဦး၊ မရမ်းကုန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်မေ၀င်းမြင့်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို အစီအစဉ် (၈) ခုဖြင့် ကျင်းပပြုလုပ်ခဲ့ကြပြီး နာယကကြီး ဦးတင်ဦး မှ တက်ရောက်လာသော ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရသူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များအား မေတ္တာစကား အားပေးပြောကြားခဲ့ပြီး hiv/aids prevention and care တာဝန်ခံ ဒေါ်ဖြူဖြူသင်းက အဖွဲ့ အနေဖြင့် ဖြတ်သန်းလာခဲ့သည့် အခက်အခဲများ ရှိခဲ့သော်လည်း ယနေ့ အချိန်ထိအောင် စဉ်ဆက်မပြတ် လုပ် ကိုင်ဆောင်ရွက်ပေးခဲ့သည့် အတွက် ယခုအချိန်အခါတွင် မိမိတို့ အဖွဲ့ အနေဖြင့် လူနာပေါင်းများစွာကို ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သို့သော်လည်း လက်ရှိအခြေအနေတွင်လည်း တိုးပွါးလာနေသော လူနာများအား တစ်စုတစ်စည်းတည်းစုပေါင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ ကူညီဆောင်ရွက်နိုင်ရေးအတွက် အဆောက်အဦးအသစ် တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အဆိုပါအဆောက်အဦး အတွက် ကုန်ကျစရိတ်များအတွက် စေတနာရှင်များကလည်း ဆက်လက် ပံ့ပိုးကူညီပေးစေလိုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနောက် အလှူရှင် ကိုးဘွဲ့ ရဆရာတော်က တက်ရောက်လာသော ဧည့်ပရိတ်သတ်အား သြ၀ါဒစကား ပြောကြားပေးခဲ့သည်။ ဆက်လက်ပြီး လူနာများကိုယ်စား ဝေဒနာရှင် ကလေးငယ်တစ်ဦးမှ ကျေးဇူးတင် စကားပြောကြားခဲ့ပြီး တက်ရောက်လာသူ လူနာများအား လက်ဆောင်ပစ္စည်းများ မဲဖောက်ကာပေးခဲ့သည်။
မြင့်ကျော်
HIV/AIDS Prevention and Care - ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့




