1
Jun

ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေး စီမံကိန်း စတင်

မြန်မာ နိုင်ငံမှာ HIV / AIDS ခုခံ စွမ်းအား ကျဆင်းမှု ရောဂါ တိုက်ဖျက်ရေး အတွက် အစိုးရ ထိပ်တန်း အရာရှိတွေနဲ့ ကုလသမဂ္ဂ အရာရှိတွေ ပါဝင်တဲ့ အမျိုးသား မဟာဗျူဟာ စီမံကိန်း ဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

စီမံကိန်းကာလကို ၂၀၁၁ ခုနှစ် ကနေ ၂၀၁၅ ခုနှစ် အထိ လေးနှစ်ကာလ သတ်မှတ်ထား ပါတယ်။

အမျိုးသား မဟာ ဗျူဟာ စီမံကိန်း အစီအစဉ် အရ လာမယ့် ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး မြန်မာ တစ်နိုင်ငံလုံးမှာ HIV ဗိုင်းရပ် ကူးစက်နေသူ အားလုံး ဆေးကုသခွင့် ရရှိ စေဖို့ ရည်မှန်းချက် ပြည်မှီအောင် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

AIDS ရောဂါ တိုက်ဖျက်ရေး အတွက် ရန်ပုံငွေ ရရှိမှု မှာ အကန့် အသတ်တွေ ရှိနေတကြားကပဲ မြန်မာ နိုင်ငံဟာ ရောဂါ တိုက်ဖျက်ရေး မှာ တိုးတက် အောင်မြင်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်၊ ဒါပေမဲ့ ရှေ့ဆက် လုပ်ဆောင်စရာတွေတော့ အများကြီး ရှိသေးတယ်လို့ ဇွန်လ ၁ ရက်နေ့ နေ့စွဲနဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

၂၀၁၀ ခုနှစ် စာရင်း ဇယားတွေ အရ မြန်မာ နိုင်ငံမှာ HIV ဗိုင်းရပ်စ် ကူးစက်သူ နှစ်သိန်း သုံးသောင်း ခြောက်ထောင်ကျော် ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။

ရောဂါ ထိန်းချုပ် နိုင်ရေး အတွက် ARV ဆေးဝါး လိုအပ်သူ လူပေါင်း ၇ သောင်း ခြောက်ထောင်မှာ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်း အထိ ကလေး၊လူကြီး သုံးသောင်း နီးပါးသာ ဆေးဝါး ပံ့ပိုးမှု ရကြ ပါတယ်။

 (1 ဇွန်လ 2011 )

ဘီဘီစီ - ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေး စီမံကိန်း စတင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top