24
Mar

ခုခံအား ကျဆင်းသော ရောဂါ (HIV / AIDS)

HIV
/ AIDS ရောဂါ ဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် အန္တရာယ်ပြုနေဆဲ ကပ်ရောဂါ (Pandemic
diseases) များထဲ မှတစ်မျိုးအပါအ၀င် ဖြစ်ပါတယ်။ HIV ပိုးကို စတင်တွေ့ရှိခဲ့တဲ့
၁၉၈၁ ခုနှစ်မှသည် ၂၀၀၆ ခုနှစ်ထိ လူ့အသက် ပေါင်း ၂၅ သန်းကျော် ဆုံးရှုံးစေခဲ့တဲ့
ကူးစက်ရောဂါလည်း ဖြစ်ပါတယ်။၂၀၀၅ ခုနှစ် တစ်နှစ်ထဲမှာပင် လူဦးရေ ၂.၄ မှ ၃.၃
သန်း ထိ သေဆုံး ခဲ့ပါတယ်။ ၎င်းထဲတွင် ကလေး ၅၇၀,၀၀၀ ကျော်ပါဝင်ပြီး သေဆုံးသူများရဲ့ သုံးပုံတစ်ပုံဟာ ဆာဟာရတောင်ပိုင်း အာဖရိကနိုင်ငံများမှ ဖြစ်ကြပါတယ်။ HIV
ကူးစက်ခံရသူပေါင်းသည် ကမ္ဘာ့လူဦးရေရဲ့ ၀.၆% ရှိနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားပါတယ်။

 

HIV
ဆိုသည်မှာ Human Immunodeficiency Virus ကို အတိုကောက် ခေါ်ဆိုတာဖြစ်ပြီး AIDS
ဆိုသည်မှာ HIV ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော ရောဂါလက္ခဏာစု (Acquired
Immuno-Deficiency Syndrome) ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ HIV ဗိုင်းရပ်စ် ဟာ
Retroviridae အုပ်စုဝင် ဖြစ်ပြီး HIV-1 နဲ့ HIV-2 ဆိုပြီး မျိုးကွဲနှစ်မျိုး
ရှိပါတယ်။ HIV-1 ဟာ ပိုမိုပြင်းထန် ကူးစက်လွယ်ပြီး တစ်ကမ္ဘာလုံးပျံ့နှံ့ကူးစက်နေတဲ့
အမျိုးအစား ဖြစ်ပါတယ်။ HIV-2 ကတော့ ကူးစက်မှုနှုန်းနည်းပါးပြီး အဓိကအားဖြင့် အနောက်အာဖရိကမှာ အတွေ့များပါတယ်။

 

HIV
ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုလျှင် လူ့ခန္ဓာကိုယ်တွင်း ခုခံမှုစနစ် (Immune System) တွင်ရှိ
CD4 Cell (Helper T Cells) ကို အဓိက ကူးစက်ဖျက်ဆီးပါတယ်။ ပုံမှန်ကျန်းမာသောလူတွင် CD4 Cell အရေအတွက်ဟာ သွေး တစ်မိုက် ခရိုလီတာမှာ ၁၂၀၀ (1200 cells/μl)
ရှိပါတယ်။ HIV ဗိုင်းရပ်စ် က CD4 Cell များကို နည်းလမ်း (၃) သွယ်ဖြင့် တိုက်ခိုက်
လျော့နည်းစေပြီး ခန္ဓာကိုယ်ခုခံမှုစနစ်ကို ကျဆင်းစေပါတယ်။


1.           
HIV
ဗိုင်းရပ်စ် က CD4 Cell ကို တိုက်ရိုက် ကူးစက် ဖျက်ဆီး ခြင်း (Direct Viral
Killing)


2.           
HIV
ဗိုင်းရပ်စ် ကူးစက်ခံရသော CD4 Cell များ၏ သက်တမ်းကုန်ဆုံးမှု မြန်လာခြင်း (Increased
rates of apoptosis in infected cells)


3.           
HIV
ကူးစက် ခံရသော CD4 Cell များကို CD8 Cell များက ရန်သူပိုးမွှား ထင်မှတ်ပြီး မှားယွင်းတိုက်ခိုက်ခြင်း (Killing of infected CD4 T Cells by CD8 cytotoxic cells that
recognize infected cells)

တို့ကြောင့်
CD4 Cell များ လျော့နည်း ကျဆင်းလာစေပါတယ်။

 

HIV
ကူးစက်မှု ရှိမရှိ စစ်ဆေးရန် HIV antibody ကို လျှင်မြန်စွာ စစ်ဆေးပေးသော ကိရိယာ
(Rapid HIV test) များဟာ နေရာအနှံ့ အလွယ်တကူ ရရှိနိုင်ပါတယ်။ အခြား စစ်ဆေးနိုင်သော စမ်းသပ်နည်းများကတော့ ELISA , Western Blot နည်းများ ဖြစ်ပါတယ်။ HIV
ပိုးဝင်ရောက်ပြီးချိန်မှ HIV antibody စတင် စစ်ဆေးတွေ့ရှိချိန်ထိ ကာလကို Window
period ဟု ခေါ်ပါတယ်.. ဒီကာလမှာ ဆိုရင် HIV ကူးစက်ခံရမှန်း
မသိနိုင်တဲ့အချိန်ဖြစ်ပြီး ထပ်မံ၍ အခြားသူသို့လည်း ကူးစက်နိုင်စွမ်းရှိပါ တယ်။
၉၉% သော HIV ကူးစက်ခံရသူများသည် ကူးစက်ခံရ ပြီး ၃ လ အကြာတွင် HIV antibody (HIV test)
စစ်ဆေး တွေ့ရှိနိုင်ပါတယ်။

 

ရောဂါ
လက္ခဏာ များကို အဓိက (၄) ပိုင်း ခွဲခြား ထားပါတယ်..


1.           
ရောဂါပျိုးခြင်း
(Incubation Period)


ဒီကာလဟာ
ခန္ဓာကိုယ်တွင်း ရောဂါပိုးဝင်ရောက်ပြီး နောက် ၂ ပတ်မှ ၄ ပတ်အတွင်း ရောဂါပျိုးချိန်
(Incubation Period) ဖြစ်ပါတယ်။ ဒီအချိန်မှာဆိုရင် ဘာလက္ခဏာမှ မပြတတ်ပါဘူး။


2.           
လတ်တလော
HIV ပိုး ၀င်ရောက်ပြီး လက္ခဏာများ (Acute HIV Infection)


HIV
ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ၂ ပတ်မှ ၄ ပတ် အတွင်း ဖြစ်ပွားတတ်ပါတယ်။ ကူးစက်ခံရသူများ၏
၈၀% မှ ၉၀% သည် ဖျားခြင်း၊ အကျိတ်များ ပေါ်လာခြင်း၊ လည်ပင်း နာလာခြင်း၊ ကြွက်သား
နာကျင်ကိုက်ခဲခြင်း၊ နုံးခွေ တတ်ခြင်း၊ ပါးစပ်နှင့် လည်ချောင်းတစ်ဝိုက် နာကျင်တတ်ခြင်း
စသည့် တုပ်ကွေးလက္ခဏာကဲ့သို့ ဖြစ်ပွားတတ်ပြီး အနည်းဆုံး တစ်ပတ် မှ ၄ ပတ်ထိ ကြာတတ်ပါတယ်။ ဒီလို လက္ခဏာတွေဟာ တုပ်ကွေးနဲ့ အခြားရောဂါပိုးဝင် လက္ခဏာတွေနဲ့ တူတာကြောင့် HIV
ပိုးကူးစက်ခံရမှန်း ကွဲကွဲ ပြားပြား မသိနိုင်ပါဘူး။


3.           
HIV
ပိုးရှိပြီး လက္ခဏာ မပြသသော ကာလ (Latency Stage)


ဒီကာလ
မှာဆိုရင် ခန္ဓာကိုယ် ကိုယ်ခံအားကောင်းမွန်လာလို့ ဗိုင်းရပ်စ် အကောင်ရေ လျော့နည်းနေသော
အချိန်ဖြစ် ပြီး ကူးစက်ခံရသူ၏ ကိုယ်ခံအား အခြေအနေ အရပ်ရပ်ပေါ် မူတည်ပြီး ၂ ပတ်မှ နှစ်
၂၀ ထိ ကြာမြင့် နိုင်ပါတယ်။


4.           
ခုခံအား
ကျဆင်းခြင်းကြောင့် ရောဂါ လက္ခဏာစု ပေါ်လာခြင်း (AIDS)


ဒီအချိန်မှာဆိုရင်
CD4 Cell အရေအတွက်ဟာ သွေး တစ်မိုက်ခရိုလီတာမှာ ၂၀၀ အောက် ရောက်လာပြီး ခန္ဓာကိုယ်
ခုခံအားလည်း ကျဆင်းလာပါတယ်။ အခုလို ခုခံအားကျဆင်းလာချိန်မှာ အခြားသော
အခွင့်အခါသင့် ရောဂါများ (Opportunistic Infections) ပေါ်ပေါက်လာပြီး အသက်အန္တရာယ်ကို
ခြိမ်းခြောက်လာပါတယ်။ တီဘီ (TB)၊ ခုခံအားကျဆင်းချိန် ဖြစ်ပွားသော နမိုးနီးယား
(PCP)၊ ရေယုန် (Herpes simplex)၊ မှက္ခရု (Oral Candidiasis)၊ အူလမ်းကြောင်း
ပိုးဝင်ခြင်း (Bacterial Enteric Infection)၊ အကျိတ်ကင်ဆာများ (Non-Hodgkin Lymphoma
& Kaposi's sarcoma) အစရှိသဖြင့် အခွင့်အခါသင့်ရောဂါများ ဖြစ်ပွားလာပါတယ်။
ခုခံအားကျဆင်း ချိန်တွင် အများစုခံစားရသော ရောဂါလက္ခဏာများမှာ


o                           
ကိုယ်အလေးချိန်
မူလထက် ၁၀% ကျော် ကျဆင်းခြင်း၊


o                           
တစ်လ
ထက်ကျော်၍ ၀မ်းလျှောခြင်း၊


o                           
တစ်လ
ထက်ကျော်၍ ဖျားခြင်း၊ (တစ်သ မတ်တည်း (သို့) အတက်အကျ အားဖြင့်

            ဖျားတတ်ပါတယ်)


o                           
မှက္ခရု
ပေါက်လာခြင်း၊


o                           
ကြာရှည်စွာ
ချောင်းဆိုးခြင်း၊ မောလာခြင်း၊


o                           
အကျိတ်များ
ထွက်လာခြင်း၊

အစရှိသဖြင့်
ဖြစ်တတ်ပါတယ်။

 

HIV
ဗိုင်းရပ်စ် ကူးစက်နိုင်သော နည်းလမ်းများမှာ အများသိရှိပြီး ဖြစ်တဲ့အတိုင်း ရောဂါပိုးရှိသူ
နှင့် လိင်တူ လိင်ကွဲ ဆက်ဆံခြင်း၊ ရောဂါပိုးပါသော သွေးသွင်းမိခြင်း၊
ရောဂါပိုးရှိသူနှင့် ဆေးထိုးအပ် ဆေးထိုးပြွန် မျှဝေသုံးစွဲ ခြင်း - ဆေးမင်ကြောင်
ထိုးခြင်း - ဓါတ်အပ်စိုက်ခြင်း၊ ရောဂါပိုးရှိသော သွေး/ ခန္ဓာကိုယ် အရည်များမှ
ထိခိုက်ဒဏ်ရာသို့ ထိမိ၍ ကူးစက်ခြင်း (ဥပမာ - ဆေးထိုးအပ် စူးမိခြင်း၊ ခန္ဓာ ကိုယ်ရှိ
ပြတ်ရှဒဏ်ရာ - အခြားဒဏ်ရာများကို သွေးထိမိခြင်း၊ မုတ်ဆိတ်ရိပ်ဓားမှ တစ်ဆင့် ထိရှကူးစက်ခြင်း)၊ ကိုယ်ဝန်ဆောင် မိခင်မှ ကလေးသို့ ကူးစက်ခြင်း

စသည်
တို့ ဖြစ် ပါတယ်။

 

HIV
ကူးစက်ခံရခြင်းကို လုံးဝပျောက်ကင်းစေနိုင်သော ဆေးဝါးများ ယခုအချိန်ထိ မပေါ်သေးပါ။
ဗိုင်းရပ်စ် ပေါက်ပွား မှုကို ထိန်းချုပ်ပေးပြီး CD4 Cell အရေအတွက်
ဆက်မလျော့ကျစေခြင်းဖြင့် ရောဂါရှေ့ဆက်တိုးမှုကို ဟန့်တားသော ဆေးများသာ ရှိပါတယ်။
ဆေးကုသပေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့


·                    
HIV
ပိုးကြောင့် ခံစားရသော ရောဂါဝေဒနာများကို သက်သာစေရန်နှင့် ရောဂါပိုး အရေအတွက်ကို
လျှော့ချပေးရန်၊


·                    
လူနာ၏
သက်တမ်းကို ဆွဲဆန့်ပေးရန်၊


·                    
လူနာ၏
ကျန်းမာရေးကောင်းမွန်စေပြီး အလုပ် ပြန်လုပ်နိုင်စေရန်

တို့
ဖြစ်ပါတယ်။

 

ခုခံမှုကျဆင်းသော
ရောဂါအတွက် သုံးသောဆေးဝါးများ

 

NsRTIs

NtRTI

NNRTIs

PIs

Zidovudine (ZDV)

Didanosine (DDI)

Lamivudine (3TC)

Stavudine (d4T)

Abacavir (ABC)

Tenofovir
(TDF)

Nevirapine (NVP)

Efavirenz (EFV)

Saquinavir (SQV)

Ritonavir (RTV)

Lopinavir (LPV)

Nelfinavir (NFV)

Indinavir (IDV)

 

NsRTI

=
Nucleoside Reverse Transcriptase Inhibitor

NtRTI

=
Nucleotide Reverse Transcriptase Inhibitor

NNRTI

=
Non-nucleoside Reverse Transcriptase Inhibitor

PI

=
Protease Inhibitor

 

အခုလက်ရှိ
လက်ခံသုံးစွဲနေတဲ့ ကုထုံးကတော့ HAART (Highly Active Anti Retroviral Therapy)
ဖြစ်ပါတယ်။ ဆေးအနည်းဆုံး (၃) မျိုးတွဲပေးပြီး လူနာ၏ အခြေအနေ၊ ဆေးရရှိမှုနဲ့
ဘေးထွက်ဆိုးကျိုးထည့်သွင်းစဉ်းစားရမှုတို့ ပေါ် မူတည်၍ အမြဲမပြတ် စောင့်ကြပ် စစ်ဆေးခြင်းဖြင့်
ကုသပေးရပါတယ်။ လူနာ ၏ CD4 Cell အရေအတွက် ၂၀၀ နှင့် အောက် ရောက်လျှင်သော်၎င်း၊ သို့မဟုတ်
CD4 Cell ၂၀၀ ၀န်းကျင်ဟု ယူဆရတဲ့ ပြင်ပရောဂါလက္ခဏာ အခြေ အနေများကို ကြည့်ရှု၍၎င်း၊ ဆေးပေးကုသဖို့ ဆုံးဖြတ်ရပါတယ်။ ပထမ ဦးစားပေး ဆေးအတွဲကတော့ 2 NsRTI (Lamivudine +
Zidovudine (or) Stavudine) + 1 NNRTI (Nevirapine (or) Efavirenz) ဖြစ်ပြီး ဒုတိယ
ဦးစားပေးအနေနဲ့ကတော့ 2 NsRTI + 1 PI ဖြစ်ပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုး၊ လူနာ၏
ကျန်းမာရေး တိုးတက်မှု အခြေအနေတို့ကို အမြဲမပြတ် စောင့်ကြည့်ရပြီး လူနာသက်တမ်းတစ်လျှောက်လုံး ဆေးပေးနေရပါမယ်။ ဓါတ်ခွဲခန်း အဆင်ပြေသောနေရာ ဖြစ်ပါက လူနာ၏ CD4 Cell အရေအတွက်၊
ဗိုင်းရပ်စ် အကောင်ရေ စစ်ဆေး နေရပြီး ကုထုံး၏ ဆေးစွမ်းပြသမှု ရှိမရှိနဲ့ ဆေးရဲ့
ဘေးထွက်ဆိုးကျိုးတွေကို စောင့်ကြည့် နေရပါမယ်။ ဆေးမပေးမီ အခွင့်အခါသင့်
ဝင်ရောက်မှုရှိသော တီဘီ၊ နမိုး နီးယား၊ မှက္ခရု စသည့် ရောဂါများရှိပါက အရင်ကုသဖို့ လိုအပ်ပါ
တယ်။

 

HIV
ပိုးပါသော သွေး/ အရည် နှင့် မတော်တဆ ထိခိုက်မိခြင်း
တွင် အောက်ပါ အခြေအနေ
(၄)မျိုး ဖြစ်နိုင်ပါတယ်..


i.               
HIV
လူနာတွင် သုံးသော ဆေးထိုးအပ် (သို့) ချွန်သောအရာဖြင့် ထိခိုက် စူးဝင်မိခြင်း၊


ii.               
HIV
လူနာမှ သွေး (သို့) အရည်များ ပါးစပ်၊ မျက်စိ စသည့် နူးညံ့အရေပြား (Mucous
membrane) သို့ စင်မိ ခြင်း၊


iii.               
HIV
လူနာ မှ သွေး (သို့) အရည်များ ဒဏ်ရာမရှိသော ပုံမှန် အရေပြားသို့ များပြားစွာ ထိစင်မိခြင်း၊


iv.               
HIV
လူနာ မှ သွေး (သို့) အရည် နှင့် ဒဏ်ရာရထားသော အရေပြားသို့ အနည်းငယ်သာ ထိမိခြင်း၊

 

အထက်ပါ
အခြေအနေ (၄) မျိုးတွင် ပထမ (၂) မျိုးသည် ဆေးသောက်ကာကွယ်ဖို့ လိုအပ်ပြီး ဒုတိယ (၂)
မျိုးမှာ အခြေအနေပေါ်မူတည်ပြီး စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဆေး (၃) မျိုး ကို ၎
ပတ်ကြာ သောက်ရမှာ ဖြစ်ပြီး မတော်တဆ ထိတွေ့မိပြီး ၂ နာရီ မှ ၂၄ နာရီ အတွင်း စသောက်ရပါမယ်။
အကယ်၍ ဆေးရရှိမှု အဆင်သင့်မဖြစ် ပါက ၄၈ နာရီ မှ ၇၂ နာရီထက် နောက်မကျစေဘဲ ဆေးသောက်သင့်ပါတယ်။
ဆေးရဲ့ ဘေးထွက်ဆိုးကျိုးရှိသဖြင့် ဆေးသောက်ရာမှာလည်း နားလည်တတ်ကျွမ်းသော ဆရာဝန်၏
ကြီးကြပ် စောင့်ကြည့်မှုအောက်တွင်သာ သုံးစွဲသင့် ပါတယ်။ သောက်ရမယ့် ဆေးအတွဲတွေကတော့

 

ပထမဦးစားပေး သောက်သုံးရမည့် ဆေးတွဲ

=

Zidovudine 300 mg twice daily

+

Lamivudine 150 mg twice daily

+

Efavirenz 600 mg once daily (OR) Indinavir 800 mg 3
times a day

 

ဒုတိယဦးစားပေး သောက်သုံးရမည့် ဆေးတွဲ

=

Stavudine 40 mg (if B.W > 60 kg)
Stavudine 30 mg (if B.W < 60 kg) twice daily

+

Lamivudine 150 mg twice daily

+

Efavirenz 600 mg once daily (OR) Indinavir 800 mg 3
times a day

 

ရောဂါကာကွယ်ခြင်းအနေနဲ့
မလိုအပ်ပဲ သွေးသွင်းမှု မခံယူပဲ မဖြစ်မနေလိုအပ်ပါက သေချာစွာ စစ်ဆေး ရန်၊
ဆေးထိုးပိုက် ဆေးထိုးအပ်များကို မျှဝေသုံးစွဲခြင်း မပြုရန်၊ မသန့်ရှင်းသော ကိရိယာများဖြင့်
ဆေးမင် ကြောင် ထိုးခြင်း၊ ဓါတ်အပ် စိုက်ခြင်း မပြုလုပ်ရန်၊ ဆေးဝန်ထမ်းများအနေဖြင့်
မတော်တဆ ထိခိုက်မှု ဖြစ်စေမည့် အပြုအမူမျိုး ရှောင်ကြဉ်ရန်နဲ့ ကာကွယ်ထားရန်၊
လိင်ဆက်ဆံရာတွင် အကာအကွယ် ကွန်ဒုံး အသုံးပြုရန်၊ သွားတိုက်တံ၊ မုတ်ဆိတ်ရိပ်ဓါး၊
လက်သည်းညှပ်များကို မျှဝေသုံးစွဲ ခြင်းမပြုရန်
တို့ဖြစ်ပါ တယ်။ သာမန် လက်ဆွဲနှုတ်ဆက်ခြင်း၊
အတူစားသုံး သွားလာနေထိုင်ခြင်းတို့ဖြင့် ရောဂါကူးစက်နိုင်ခြင်း မရှိပါ။ မိခင်တွင်
HIV ကူးစက်ခံထားရပါက ရင်သွေးငယ်သို့ ကူးစက်မှုနည်းအောင် ကိုယ်ဝန်ဆောင်ကာလနှင့်
မီးဖွားစဉ် အတွင်း ဆေးသောက်ကာကွယ်နိုင်ပါတယ်။ ယခုအခါ HIV ကာကွယ်ဆေး၏ လမ်းစကို
တွေ့ရှိပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်က သတင်းဌာနများမှ ကြေငြာသွားခဲ့ပါကြောင်း
ရေးသားလိုက် ရပါတယ်။

 

အားလုံး
ဘေးဘယာအပေါင်းမှ ကင်းဝေးကြပါစေ...။

 

ဒေါက်တာ ဝင်းသိန်း

Health
Information
- ခုခံအား
ကျဆင်းသော ရောဂါ (HIV / AIDS)

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top