14
Mar

ခုခံနိုင်စွမ်းအားကျရောဂါစေသော ဗိုင်းရပ်စ် နှင့် ရောဂါ၊



၁၉၈၁ ခုနှစ်က
လော့စ်အင်းဂျလိစ်တွင်
(ဂေး) တယောက်တွင် ဖြစ်လေ့ဖြစ်ထမရှိသော နူမိုးနီးယားရောဂါနှင့် AIDS ရောဂါကို စတင်တွေ့ရှိခဲ့သည်။ မကြာမီ အမေရိကား၊ အနောက်ဥရောပ၊
အာဖရိကတို့တွင် ဆက်လက် တွေ့ရှိလာသည်။ ၁၉၈၃ ခုနှစ်ရောက်မှ
အမေရိကန်နှင့် ပြင်သစ်ဆရာဝန်တို့က HIV ပိုးကို ဖော်ထုတ် နိုင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် သွေးစစ်နိုင်လာသည်။
ယင်းစစ်ဆေးနည်းကို ယနေ့အထိ သုံးနေသည်။ မိနစ်
(၂၀)အကြာ အဖြေရသည်။

 

(HIV)
ဆိုသည်မှာ လူတို့တွင်ဖြစ်စေသော ခုခံနိုင်စွမ်းအားနည်းစေသည့် Retrovirus
(
ရီထရို-ဗိုင်းရပ်စ်) ပိုးကို ခေါ်သည်။ ၄င်းပိုးဝင်လာလျှင် AIDS ရောဂါကို ရစေနိုင်သည်။ ယင်းပိုးသည် လူ၏ ကလပ်စည်း (ဆဲလ်) များအတွင်းဝင်လျှက်
အစာအာဟာရနှင့် စွမ်းအားတို့ကို သုံးစွဲကာ ကြီးထွား၊ ပွားများလာကြသည်။
ဆေးထိုးအပ်မျှသုံးခြင်း၊ လိင်ဆက်ဆံခြင်းတို့ကြောင့် ကူးစက်သည်။ မိခင်မှ မွေးလာသည့်ကလေးအားလဲ
ကူးနိုင်သည်။ ကိုယ်ပူမည်၊ အန်မည်၊ ၀မ်းပျက်မည်၊ ကြွက်သား
-အဆစ် နာမည်၊ ခေါင်းကိုက်မည်၊ တက်စေ့များ နာ-ရောင်မည်၊ လည်ပင်းနာမည်၊ ကိုယ်အလေးချိန်ကျမည်၊ (အင်ဖက်ရှင်) များ ၀င်လာမည်၊
dementia ဥာဏ်ရည်ကျမည်။

 

AIDS ဆိုသည်မှာ
မွေးရာပါ မဟုတ်ဘဲ အဆင့်ခံရရှိလာသည့် ခုခံနိုင်စွမ်းအား နည်းခြင်းကြောင့် ဖြစ်လာသည့်
ရောဂါလက္ခဏာများ ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းမှာ လူသည် ခုခံစွမ်းအားစနစ် ပျက်စီးပြီး၊
ရောဂါပိုးမွှားများ ကူးစက်လာခြင်းမှန်သမျှအား ခံနိုင်ရည် မရှိတော့ခြင်းပင် ဖြစ်သည်။
ဝင်လာသည့်
HIV (ဗိုင်းရပ်စ်) ပိုးသည် လူ၏
သွေးဖြူဥများအတွင်း ၀င်ရောက်ကာ ကြီးထွား၊ ပွားများ လာကြသည်။ သွေးဖြူဥများက လူ၏
ခုခံစွမ်းအတွက် ရောဂါပိုးများ၊ ရောဂါဘယများကို တိုက်ဖျက်ပေးသည်။

 

၂၀၀၂ ခုနှစ်က
တကမ္ဘာလုံးတွင် ကူးစက်ရောဂါများကြောင့် သေရသူ စုစုပေါင်း ၂၇
.၇၆ သန်းအနက် AIDS ကြောင့် ၂.၈ သန်း သေခဲ့ရာ
.% ရှိပေသည်။ ၉၅ % မှာ
ဖွံ့ဖြိုးဆဲတိုင်းပြည်များက ဖြစ်သည်။ အမျိုးသမီးများနှင့် လူငယ်တို့၌ ပို၍
အဖြစ် များနေသည်။ ယနေ့အထိ ထိရောက်သော ကုသနိုင်သည့်ဆေး မပေါ်သေး။ ပေါ်သမျှ ဆေးများသည်
ပြင်း၍ မကောင်းကျိုးများ ဖြစ်စေသည်။

 

Statistics
Worldwide Last updated November 2007

• A
total of 33.2 million people now live with HIV/AIDS (40 million in 2008)

• 2.1
million of them are under the age of 15


Every day 6,800 people contract HIV = 283/hour

• 2.1
million people died from AIDS

• 290,000
of them were under the age of 15

 

HIV ကူးစက်နည်း

HIV (ဗိုင်းရပ်စ်) ပိုးသည် ကူးစက်ခံထားရသူ၏ သွေး၊ ကျား-မ တို့၏ လိင်လမ်းကြောင်းမှထွက်သော အရည်များ၊ မျက်ရည်၊
တံတွေး၊ ဆီး၊ သလိပ်နှင့် မိခင်နို့ရည်များအထဲတွင် ပါဝင်နေသည်။ ယင်းပိုးသည်
အခြားလူတယောက်၏ သွေးထဲသို့ တနည်းနည်းနှင့် ၀င်ရောက်လာခြင်းဖြင့် ကူးစက်ရသည်။ မွေးလမ်းကြောင်း၊
ပါးစပ်၊ လိင်အင်္ဂါ၊ စအို၊ ဆေးထိုးအပ်၊ နို့တိုက်ခြင်း၊ အနာ
-ဒဏ်ရာများမှတဆင့် ၀င်ရောက် ကူးစက်သည်။

 

ထို့ကြောင့်

ကာကွယ်မှု
မလုပ်သည့်နည်းအမျိုးမျိုးသော လိင်ဆက်ဆံခြင်းများ

လိင်မှတဆင့်
ကူးစက်တတ်သည့်ရောဂါ
STD တခုခုရှိနေခြင်းကြောင့် ပို၍ ဖြစ်စေ နိုင်သည်။

ဆေးထိုးအပ်ကို လူတယောက်မက အသုံးပြုလျှင်၎င်း၊

ထိုးကွင်းမင်ကြောင်း
ထိုးခြင်းကြောင့်၎င်း၊

ကိုယ်ဝန်ဆောင်နေစဉ်နှင့်
နို့တိုက်စဉ် မိခင်မှ ကလေးအား၎င်း ကူးစက်စေသည်။

သို့ရာတွင်
အစားအစာ၊ လေ၊ သာမန်ထိတွေ့မှုတို့ကြောင့် ကူးစက်ခြင်း မဖြစ်နိုင်။

 

ရောဂါလက္ခဏာများ

ပထမအဆင့်။
တုပ်ကွေးကဲ့သို့ ဖြစ်လာသည်။ ကိုယ်ပူ၊ ညချွေးထွက်၊ တက်စိရောင်၊ ချမ်း၊ အားယုတ်၊
အလေးချိန်ကျ။

ရက်သတ္တပတ်အနည်းငယ်အတွင်း
ပြီးသွားမည်။

ဒုတိယအဆင့်။
ရောဂါလက္ခဏာမရှိသော နာတာရှည်အဆင့်၊ ရောဂါပိုးဝင်နေစေကာမူ ရောဂါလက္ခဏာ မပေါ်သေး၍
လူကောင်းနှင့်
တူနေမည်။
သွေးကိုစစ်ဆေးမှ သိနိုင်သည်။

တတိယအဆင့်။ AIDS ဖြစ်ပြီဟု ခေါ်သည်။

 

Opportunistic
infections
အခြေအနေကို အခွင့်ကောင်းယူပြီး ၀င်လာသည့် အခြားရောဂါများ၊
နူမိုးနီးယား၊ တီဘီ၊ အစာမြိုပြွန်ရောင်၊ မှိုပိုးဝင်၊ ရေယုံပိုးဝင်၊ ကင်ဆာ။

 

ကာကွယ်ရန်

လိင်ဆက်ဆံသည့်အခါတိုင်း
အရည်အသွေးမှီသည့်
(ကွန်ဒုန်း) သုံးပါ။

ဆေးထိုးအပ်ကို တဦးထက် ပိုမသုံးရ၊

ပိုးရှိသူ
မိခင်၌ ပိုးရှိနေလျှင် မီးဖွားစဉ် အထူးဂရုစိုက်ရမည်။ မိခင်က ကလေးအား နို့မတိုက်ရ။

သံသယရှိလျှင်
စစ်ဆေးပါ။

• STD
တခုခုရှိနေလျှင် ထိရောက်စွာ ကုသပါ။

ကျား-မ အတူနေဖက်အရေအတွက် မများသင့်၊

ငယ်ရွယ်စဉ်
လိင်ဆက်ဆံခြင်း၊ အိမ်ထောင်ပြုခြင်း ရှောင်ရန်၊

အပျော်လိုက်ခြင်း
ရှောင်ရန်။

• Treatment
ကုသရန်

ကာကွယ်ဆေး
မရှိသေး၊ ကုသရန် ထိရောက်သည့်ဆေး မရှိသေး၊

လက်ရှိသုံးနေသောနည်းမှာ
Highly Active Antiretroviral Therapy (HAART) ဖြစ်သည်။

ဗီတာမင်အမျိုးမျိုးပေးခြင်းသည်
သက်သာစေသည်။

ဆောင်းပါး

ခုခံနိုင်စွမ်းအားကျရောဂါစေသော
ဗိုင်းရပ်စ် နှင့် ရောဂါ၊

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top