ချင်းလူမျိုးများကြား(ကလေးမြို့အပါအ၀င်) ခုခံအား ကျဆင်းရောဂါ ခံစားနေရသူ (၅၀၀) ဦးဝန်းကျင်ရှိပြီး ရောဂါခံစားနေရ သူများတွင် ယောကျာင်္းလေး ဦးရေ ထက် အမျိုးသမီးဦးရေပိုမိုများပြားသည်ဟု Charity Social Service (CSS) အဖွဲ့မှသိရသည်။ အဆိုပါ စာရင်းသည် ချင်းပြည်နယ် မြောက်ပိုင်း (၄) မြို့နယ်နှင့် ကလေးမြို့နယ် ၏ စာရင်းဖြစ်သည်။
HIV ပိုးရှိသူများသောက်သည့် ART ဆေးဝါးများကို အဓိကလာယူသူများတွင် အမျိုးသမီးများကြောင်း၊ သူတို့၏ လင်ယောကျာ်းများသည် AIDS ရော ဂါေ ကြာင့်ပင် သေဆုံးသွားကြပြီဖြစ်ခြင်းကြောင့် ရောဂါကူးစက်ခံရသူများ အနေဖြင့် ရောဂါခံစားနေရခြင်းဖြစ်ကြောင်း CSS ဒါရိုက်တာ ဆရာမစင်သဲ၏ Chin land Today သို့ပြောပြချက်အရ သိရသည်။
ဆရာမစင်သဲက ဆေးဝါးလာယူသူများသည် အများအားဖြင့် ငွေကြေး မတတ်နိုင်သည့် အသိုင်းအ၀ိုင်းမှဖြစ်ပြီး ငွေကြေးတတ်နိုင်သည့် အသိုင်း အ၀ိုင်းများအနေဖြင့် မိမိအိမ်တွင်သာ ဆေးဝါးများဝယ်ပြီး ကုသမှုခံယူ ကြကြောင်း ပြောသည်။
ချင်းပြည်နယ်တွင် ၁၉၉၀ ၀န်းကျင်က HIV ပိုးစတင်ပျံ့နှံ့လာခဲ့ပြီး အဓိက ဖားကန့်ဒေသသို့ ကျောက်သွားတူးသူများမှ အဆိုပါရော ဂါကိုသယ်ဆောင် လာခြင်းဖြစ်ပြီး ချင်းပြည်နယ်သို့ အဓိကလိင်ဆက် ဆံမှုမှတစ်ဆင့်ပျံ့နှံ့ လာခြင်းဖြစ်ကြောင်း ဆရာမစင်သဲက ဆိုသည်။ သူကဆက်ပြီး ယခုကဲ့သို့ ရောဂါကူးစက်မှုများဖြစ်ပေါ်လာရခြင်းသည် ချင်းလူမျိုးများ၏ ဆင်းရဲမှု၊ ပညာမတတ်မှုများကြောင့် ဖြစ်ပြီး အချို့ရောဂါသည်များဆိုလျှင် မိမိနာမည်ပင် မရေးတတ်ကြောင်း သူကပြောသည်။
ချင်းပြည်နယ်တွင် HIV/AIDS ရောဂါသည်များအား ပြုစုစောင့်ရှောက်သည့် အဖွဲ့အနေဖြင့် Charity Social Service (CSS) တစ်ခုတည်းသာရှိပြီး အဆို ပါအဖွဲ့အစည်း၏ အကူအညီဖြင့် ART ဆေးသောက်သုံးသူ ကလေးမြို့ တွင် ( ၄၀၀) ကျော်၊ ဖလမ်းမြို့တွင် (၁၅) ဦး၊ ဟားခါးမြို့တွင် (၄၀) ကျော်၊ တီးတိန် မြို့တွင် (၂၅) ဦး၊ ထန်တလန်မြို့တွင် (၂၀) ဦး စုစုပေါင်း (၅၀၀) ၀န်းကျင်ရှိကာ အဓိကအားဖြင့် အသက် (၂၀) မှ (၅၀) ၀န်းကျင်လူများဖြစ်သည်။
Ref: The Chinland Post (၃၊ ဇွန် ၂၀၁၅)
Chin World - ချင်းလူမျိုးများကြား AIDS ရောဂါခံစားနေရသူ (၅၀၀) ၀န်းကျင်ရှိ၊ အမျိုးသမီးအများစု ခံစားနေရ




