16
Jan

ခွဲခြားမှုကို ရှောင်ကျဉ်ကြမယ်



ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အဖြစ် ဒီဇင်ဘာလ
၁ ရက်နေ့ကို သတ်မှတ်
ခဲ့ပါတယ်။
ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ ခံစားနေရသူတွေအနေနဲ့ လူ့ပတ်ဝန်းကျင်
အသိုက်အ၀န်းမှာ ပစ်ပယ်မှုများကို အနည်းနဲ့အများ ခံကြရပါတယ်။
World
AIDS Day
အတွက် ဆောင်ပုဒ်များကို
တစ်နှစ်တစ်ကြိမ် ထုတ်ပါတယ်။

တစ်နှစ်နဲ့တစ်နှစ် မတူတဲ့ ဆောင်ပုဒ်များမှ ၂၀၀၉ ခုနှစ် World
AIDS Day
အတွက် ဆောင်ပုဒ်က 'Avoid
Stigma & Discrimination: Access to Services for Everyone'
ဆိုတဲ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့ ခွဲခြားမှုကိုရှောင်ကြဉ်လို့ အားလုံးပူးပေါင်း
ဆောင်ရွက်စို့
ဆိုတာပဲဖြစ်ပါတယ်။
ခွဲခြား ဆက်ဆံမှုတွေက နယ်ပယ်တိုင်းမှာ ရှိပါတယ်။ လူသားအချင်းချင်း တူပေမယ့် ခွဲခြားမှုများလုပ်ရင်
ခံစားရမှုများရှိမှာပါ။ တန်းတူရည်တူ ဆက်ဆံမှုများ ရှိသင့်တဲ့ လောကကြီးထဲမှာ
HIV ဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံကြတဲ့ သူများစွာလည်း ရှိမှာပါ။

HIV
Positive
ဝေဒနာရှင်တွေအနေနဲ့
ဝေဒနာရှင်ပါလို့ ခွဲခြားမြင်ပြီး မကောင်းတဲ့အမြင်နဲ့ ခွဲခြား ဆက်ဆံခံရတဲ့အခါ စိတ်မကောင်းဖြစ်
ခံစားရမှုများနဲ့ပတ်သက်ပြီး
HIV Positive ရှိနေကြသူများက ပြောပြကြပါတယ်။ ခွဲခြားဆက်ဆံမှု ကြောင့်ဖြစ်ပေါ်လာတဲ့
ဆိုးကျိုးများစွာရှိမှာပါ။ နယ်ပယ် အသီးသီးမှာ ခွဲခြားမှုများစွာရှိတဲ့ အထဲကမှ
HIV
Positive
တွေအပေါ် ခွဲခြားမှုကြောင့်ရလာတဲ့
ခံစားချက်များကို ပြောပြသူများက
HIV Positive ဝေဒနာရှင်များ ကိုယ်တိုင်ပဲဖြစ်ပါတယ်။

သူတို့တွေရဲ့ ခံစားချက်ကို ပြောပြရုံသာမက ဓာတ်ပုံများနဲ့ပါ
ဖော်ပြခွင့် ပေးကြပါတယ်။
HIV Positive ရှိတယ်ဆိုတာ အများကိုထုတ်ဖော်ပြောကြားကြဖို့ ၀န်လေးကြသူများ
ရှိပေမယ့် ဒီစကားဝိုင်းမှာ ပါဝင်ကြသူများ ကတော့ ရဲရဲဝံ့ဝံ့ ပြောဆိုကြပါတယ်။

Myanmar
Positive Group (MPG)
အဖွဲ့မှာ HIV
Positive
ဝေဒနာရှင်များအတွက်
ကူညီမှုများ ပြုလုပ်ပေးနေကြတဲ့ လှိုင်(
Peer)မှ ထူးဝင့်ကျော်၊ နှင်းနှင်းယု၊ ခင်ငြိမ်းချမ်း၊ ချိုချိုတို့က
ခွဲခြား ဆက်ဆံခံရမှုများနဲ့ ပတ်သက်တဲ့ ခံစားချက်များကို ပြောပြကြပါတယ်။ ၂၀၀၉
World
AIDS Day
နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်အပေါ်
ခံစားမှုများနဲ့ ပတ်သက်ပြီး စကားဝိုင်းကို စတင်ခဲ့ပါတယ်။

 

လှိုင်(Peer)

၂၀၀၉ ဒီဇင်ဘာ ၁ ရက်အတွက် ချမှတ်ထားတဲ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့ ခွဲခြားမှုကို ရှောင်ကြဉ်လို့ အားလုံးပူးပေါင်း
ဆောင်ရွက်စို့
ဆိုတာက
ခွဲခြားမှုကြောင့်
HIV ကူးစက်ခံရသူများက စောစောစီးစီး HIV
ဘ၀ရောက်ပြီး အသက်တွေဆုံးရှုံးရတယ်။ အဓိကအချက်က အဲဒါပဲ။ မိသားစုက
ခွဲခြားတဲ့ အခါမှာ
HIV ရှိတယ်ဆိုတာ ဝေဒနာရှင်တွေက ဖွင့်မပြောရဲကြဘူး။ အတူစား၊ အတူ သွားနေတာမျိုး
မလုပ်ဘဲ စာရိတ္တချို့ယွင်းလို့ဖြစ်တယ် ဆိုတာမျိုး သတ်မှတ်ကြတယ်။ မိသားစုက အဲဒီလို သတ်မှတ်မှာ
စိုးတဲ့အတွက် ရောဂါရှိတာကို ဖွင့်မပြောတဲ့အခါ တိတ်တိတ်လေး ငြိမ်နေကြတယ်။ အဲဒီအခါ တိကျမှန်ကန်တဲ့
ဆေးဝါးကုသမှု လမ်းကြောင်းပေါ် ရောက်မလာဘူး။ အဓိကက ခွဲခြားမှုပဲ။ မိသားစုသည် ဘာကြောင့်
ခွဲခြားရလဲ။
HIV ကူးစက်နိုင်တဲ့
နည်းလမ်းကြီးလေးခု ရှိသလို အခြားကူးစက်နိုင်တဲ့ နည်းလမ်း အနည်းအကျဉ်းလည်း ရှိတယ်။

သို့သော်လည်း မြန်မာမိသားစု၊ ပတ်ဝန်းကျင်အချို့က HIV
ကူးစက်တဲ့နည်းလမ်းကို ကောင်းကောင်း မသိကြဘူး။ ကူးစက်ပြီဆိုရင်
စာရိတ္တမကောင်းလို့၊ အကျင့်ပျက်လို့၊ သူတို့ကိုပါ ထပ်မံကူးစက်နိုင်တယ် ဆိုတဲ့
HIV
ဗဟုသုတတွေ ကောင်းကောင်းမသိလို့ ဖြစ်တာ။ HIV
ဗဟုသုတ နည်းပါးတဲ့ အတွက် ကူးစက်ခံရပြီဆိုရင် သူ့ပတ်ဝန်းကျင်က
စတင်ခွဲခြားပြီ။ အဲဒီတော့ စိတ်ဓာတ် မြှင့်တင်အောင် လုပ်ပေးနိုင်ဖို့တွေ မရှိဘဲ၊ ဖယ်ရှား၊
ရှောင်ကြဉ်မှုတွေ လုပ်တဲ့အတွက်
HIV ကူးစက်ခံရတဲ့ သူက ဘယ်မှာ ဆေးကုသမှု ခံယူရမယ်၊ ဘယ်လို အကူအညီတောင်းရမယ်
ဆိုတာတွေ မသိတော့ဘူး။ အဲဒီတော့ အသက်ဆုံးရှုံးရတယ်။
HIV က သာမန်ရောဂါလိုပဲ မြင်ထာမယ်၊ မကူးစက်ခံနိုင်တဲ့ နည်းလမ်းတွေ သိထားရင် ခွဲခြားမှုတွေလျော့သွားမယ်။
အဲဒီအချိန်မှာ ခွဲခြားမှုမရှိဘဲ ဆေးကုသမှု ခံရနိုင်တဲ့အတွက် သက်တမ်းစေ့နေနိုင်သလို သူ့မိသားစုဘ၀အတွက်လည်း
လှုပ်ရှားပေးနိုင် နေသေးတယ်။ ကိုယ့်ဘ၀ကိုယ် ဘယ်လိုပဲ့ကိုင်နိုင်မလဲ ဆိုတဲ့ နည်းပညာတွေ
သိလာရင် သူသည် သာမန် လူတစ်ယောက်လိုပဲ သက်တမ်းစေ့နေနိုင်မယ်။ သူ့မိသားစု၊ ပတ်ဝန်းကျင်၊
လူမျိုးနိုင်ငံ အတွက် လုပ်အား မဆုံးရှုံးတော့ဘူး။

အဓိကက ခွဲခြားခံရလို့ တိတ်တိတ် ပုန်းနေပြီး ဆေးကုသမှု မခံတဲ့အတွက်
အသက်ဆုံးရှုံးမှုတွေ ဖြစ်တယ်။ လုပ်အား အရင်းအမြစ်တွေစတဲ့ နောက်ဆက်တွဲတွေက အများကြီးပဲ၊
ခွဲခြားမှု နောက်ကွယ်မှာ မရှိရင် ရလာမယ့် အကျိုးကျေးဇူးတွေက အများကြီးပဲရှိတယ်။ လူတွေက
ဘာကြောင့် ခွဲခြားမှုလုပ်တာလဲ၊ အသိပညာရှိပြီးပြီဆိုရင် ဒီလူတွေရဲ့ ဘ၀တွေကိုပြုစု ပျိုးထောင်ပေးတဲ့အခါ
နောက်ဆက်တွဲ အကျိုးတွေရှိလာမယ်။ ခွဲခြားမှုကို ရှောင်ကြဉ်ပြီးတော့ အားလုံး ပူးပေါင်းဆောင်ရွက်မှ
ဖြစ်မယ်။ တစ်ဦးတစ်ယောက်တည်းနဲ့
HIV တိုက် ဖျက်တာလုပ်လို့မရဘူး။ HIV က ကမ္ဘာပေါ်မှာ ပေါ်လာတာ နှစ်ပေါင်း ၃၀ ကျော်ပြီး ပျောက်တဲ့ဆေး
မပေါ်သေးဘူး။ ပျောက်တဲ့ဆေး မပေါ်ပေမယ့် ထိန်းချုပ်နိုင်တဲ့ ဆေးတွေပေါ်နေပြီ။ အဲဒီတော့
HIV
ရှိတဲ့သူတွေကို မခွဲခြားဘဲ ဘယ်လို နည်းလမ်းတွေ၊ ဆေးတွေသုံးရင်
အသက်ပိုရှည် နိုင်တယ်ဆိုတာကို ပတ်ဝန်းကျင်က လေ့လာဖို့ လိုနေပြီ။
HIV
က ငါတို့နဲ့မဆိုင်ဘူးလို့ မသတ်မှတ်ဘဲ တစ်နေ့ကျရင် ကိုယ့်ဆီကိုလည်း
ကူးစက် လာနိုင်တာပဲ။
HIV နဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေကိုသိထားဖို့ လိုတယ်။

 

ထူးဝင့်ကျော်

ဒီနှစ်ဆောင်ပုဒ်ကို အရမ်းသဘောကျတယ်။ Volunteer
အနေနဲ့ ကျွန်တော်တို့လို ရောဂါပိုး ရှိတဲ့ ဘ၀တူတွေကို ကျန်းမာရေးကောင်းအောင်
ဘယ်လောက်ပဲလုပ်လုပ်၊ မြန်မာပြည်အနေနဲ့
HIV ကူးစက်ခံရတဲ့ သူဆိုရင် မကောင်းတာလုပ်တဲ့ သူတွေပဲလို့ထင်ကြတယ်။
မကောင်းမှုကြောင့် မဟုတ်ဘဲ ကူးစက်ခံရတဲ့ သူတွေက ပတ်ဝန်းကျင်ကို မထွက်ရဲတာကြောင့် မသေသင့်ဘဲ
သေသွားကြရတယ်။
HIV ကူးစက်ခံရလို့
သေသွားကြတယ် ဆိုတာထက် ခွဲခြားနှိမ်ချခြင်းကြောင့် ဆုံးပါး သွားကြရတာ။ မဆုံးရှုံးသင့်ဘဲ
ဆုံးရှုံးသွားရတာတွေ ရှိတော့ လူတွေအားလုံးက ခွဲခြားမှုကို နားလည်ရမယ်။ အားလုံး နားလည်မှုတွေပေးပြီး
HIV
ကူးစက်ခံရသူတွေကို ဘယ်လို နေရာတွေ သွားနိုင်တယ်နဲ့ ဖေးဖေး မမ
လုပ်ပေးသင့်တယ်။ အဲဒါမျိုးဆိုရင် မသေသင့်ဘဲ မသေတော့ဘဲ လူ့လောကထဲမှာ ပြန်ပြီး လှုပ်ရှားနိုင်မှုတွေ
ရှိလာမယ်။

ပတ်ဝန်းကျင် အသိုက်အ၀န်းက ဘယ်လိုပုံစံတွေက ကူးစက်နိုင်တယ်၊ မကူးစက်နိုင်ဘူး
ဆိုတာ သိထားသင့်တယ်။
HIV ဆို လူတွေကကြောက်ပြီး ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး လျစ်လျူရှုထားကြတယ်။
ကြောက်တယ် ဆိုတာနဲ့ မျက်နှာလွဲ ခဲပစ်နေကြတော့ ကူးစက်ခံရသူတွေ မဖြစ်သင့်တာတွေ ဖြစ် သွားကြတယ်။
HIV
ကူးစက်ခံရလို့လည်း လူဖြစ်ရှုံးတာမဟုတ်ဘူး။ အဲဒါကြောင့် စိတ်ဓာတ်ကျ၊
ဆေးမကုဘူးဆိုရင် ပြင်ပက တခြားရောဂါတွေဝင်ပြီး အသက်ဆုံးရှုံးရတာ။ ပြင်ပက ၀င်လာတဲ့ ရောဂါ
လက္ခဏာကို
HIV လို့
ခေါ်တာ။
HIV
ကူးစက်ခံရသူက ရောဂါသည်မဟုတ်ဘူး။ ရောဂါသည် မဖြစ်အောင် အားလုံးကခွဲခြားမှုမရှိဘဲ
ဖေးဖေး မမ နေမယ်ဆိုသက်တမ်းကြာကြာနေနိုင်မှာပါ။

 

နှင်းနှင်းယု

အားလုံးက ကူးစက်နည်းကိုမသိကြလို့ ကူးစက်မှုတွေကိုကြောက်ကြတာ။
HIV
Positive
ဖြစ်တယ်ဆိုတာနဲ့ HIV ဖြစ်တယ်လို့ တန်းပြီးပြောကြတဲ့ အကျင့်ကအရမ်းဆိုးတယ်။ ဒါတွေက
ခွဲခြားတာပဲလေ။ ရောဂါရှိတဲ့ သူတွေ လက်တွေ့ဘ၀မှာ အလုပ် လုပ်နေကြတဲ့ သူတွေ အများကြီးရှိပါတယ်။
HIV
ရှိနေတဲ့ ကလေးတွေ အနေနဲ့HIV ရှိပြီး အလုပ် လုပ်နေကြတဲ့ သူတွေကို ကြည့်ပြီး စိတ်အားတက်စေတယ်။
HIV
ရှိတယ် ဆိုရင် ဖွင့်မပြောကြတာက လိင်ဆက်ဆံလို့ စာရိတ္တ မကောင်းလို့
ဆိုတာမျိုးတွေ ပြောကြလို့ လူတွေက ကိုယ့်ကိုယ်ကိုခွဲခြား သွားကြတယ်။
HIV
ရှိတယ်။ ပိုက်ဆံရှိတယ်ဆိုပြီး ဆေးကုသမှုတွေ လုပ်ကြပေမယ့် Treament
မမှန်တဲ့အခါ ဆေးကုသမှုပိုင်းမှာ အခက်အခဲတွေရှိလာတယ်။ ရောဂါရှိတယ်ဆို
အဲဒီလူက ကိုယ့်ကိုယ်ကိုလည်း မခွဲခြားမိအောင်၊ ရောဂါရှိတဲ့ သူတွေနဲ့ ဆက်သွယ်ပြီး ပူးပေါင်း
ဆောင်ရွက်စေချင်တယ်။

 

ထူးဝင့်ကျော်

ခွဲခြားမှုနဲ့ ပတ်သက်တာကို အားလုံး ပူးပေါင်းပြီး တိုက်ဖျက်ဖို့လိုတယ်။
ကျွန်တော်တို့ဆီမှာ
HIV ရှိတယ်ဆိုတာနဲ့ မိသားစုက ရောဂါ ကူးစက်ခဲ့ရမှုနဲ့ ပတ်သက်တာတွေ
မသိဘဲ ခွဲခြားထားကြတယ်။ အဲဒီတော့ မှန်ကန်တဲ့ ဆေးဝါးကုသမှုမရခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့
ဘာသာ ကိုယ်ကိုယ်တိုင် အသက်ရှင်ချင်လာပြီး ဘ၀ကို အရှုံးမပေးချင်တဲ့ စိတ်ဓာတ်တစ်ခုကြောင့်သာ
HIV
နဲ့ ပတ်သက်တာတွေ စုံစမ်းခဲ့ရတယ်။ မိသားစုကို ကိုယ်တိုင်ဖွင့်ပြောပြီး
ကူးစက်နည်း၊ မကူးစက်နည်း တွေကိုလည်း သိလာတယ်။ အဲဒီတော့ မိသားစုရဲ့ ခွဲခြားမှုတွေမရှိတဲ့အတွက်
အခုလို ကျန်းကျန်းမာမာ နေနိုင်တာ။ မိသားစုရဲ့ ခွဲခြားမှုတွေ ခံရရင် ဒီအချိန်ထိ ကျွန်တော်
ဆက်လက် အသက်ရှင် နေနိုင်မှာ မဟုတ်ဘူး။ ပတ်ဝန်းကျင်က ခွဲခြားတာထက် မိသားစုက ခွဲခြားတာကို
နေ့စဉ်နဲ့ အမျှ ခံလာရရင် ပိုပြီး ခံစားရတယ်။ ပတ်ဝန်းကျင်က အပြင်ထွက်မှ တွေ့ရတာ၊ မိသားစုက
အိမ်ထဲမှာ နေ့တိုင်းတွေ့ရတာ။ ကြာလာတော့ စိတ်အားငယ်ပြီး
HIV ရောဂါအဆင့် ထိရောက်ပြီး အသက် ဆုံးရှုံးနိုင်တယ်။ ဝေဒနာထက်၊ စိတ်ခံစားမှု၊
ခွဲခြားခံရမှုက ပိုပြီးဆိုးရွားတယ်။

ခင်ငြိမ်းချမ်း

World
AIDS Day
ရဲ့ ဆောင်ပုဒ်တွေ တိုင်းမှာ
အနှစ်သာရ၊ အဓိပ္ပာယ် အပြည့်ရှိတယ်။ ဆောင်ပုဒ်လေး အတိုင်းသာ ကြိုးစားပြီးလုပ်ဆောင် နေကြရင်
ထိရောက်မယ်လို့ထင်တယ်။
Stigma & Discrimination ဆိုတာလေးကို ကြိုက်တယ်။ တကယ်လို့သာ ခွဲခြားမှုတွေခံခဲ့ရရင် သာမန်
လူတွေလိုနေနိုင်၊ သွားနိုင်၊ သွားရဲမှာ မဟုတ်ဘူး။
Stigina
Discrimination
က နေရာ တိုင်းမှာ ရှိတယ်။
လူဖြူ၊ လူမည်း၊ ဆင်းရဲ၊ ချမ်းသာတွေက
Stigina Discrimination လို့ မသိခဲ့ကြဘဲ HIV ရှိမှ Stigma လို့ထင်ကြတာ။ ဘာဖြစ်လို့ လဲစဉ်းစားကြည့်တဲ့အခါ ကျွန်မတို့ နိုင်ငံရဲ့
ယဉ်ကျေးမှုအရ ကျွန်မ ကိုယ်တိုင်တောင်
HIV ကို လက်မခံနိုင်ဘူး။ ဒီယောက်ျားကို ယူတယ်၊ လက်ထပ်တယ် ဆိုပေမယ့်
HIV
ဆိုတာကြီး ဖြစ်လာခဲ့တယ်။ ဘာမှ မတတ်နိုင်ဘူး။ ဖြစ်လာပြီ ဆိုမှတော့
ရင်ဆိုင်ရတော့မယ်၊ ဘယ်နည်းနဲ့ ရင်ဆိုင်ရမလဲ၊ လက်တွဲ ကူညီမယ့်သူ မရှိခဲ့ရင် ဒီအချိန်ထိ
ရပ်တည် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။

ကျွန်မမှာ မိသားစု ရှိတယ်။ သားသမီးတွေ ရှိတယ်။ ဒီကလေးလေးတွေက
ဘာအပြစ်မှ မရှိဘူး။ ခွဲခြားမှုတွေကို အားလုံးက ၀ိုင်းလုပ်မှရမှာ၊ ကျွန်မတို့ပဲ လုပ်လို့မရဘူး။
ပြောချင်တာက
HIV က လူတိုင်းနဲ့
မသက်ဆိုင်ဘူးလို့ မသတ်မှတ်စေချင်ဘူး။ အရင်တုန်းက
HIV က လူတိုင်းနဲ့ မသက်ဆိုင်ဘူးလို့ ကျွန်မကိုယ်တိုင် ထင်ထားခဲ့တယ်။
အားလုံးက
HIVHIV လျော့ကျဖို့ လက်တွဲကူညီ လုပ်ကိုင်ရမယ်။ ကျွန်မကို မိသားစုကပစ်ပယ်ခဲ့တယ်။
မိသားစုက ဒီနေ့ လက်ခံ လာအောင် လုပ်ယူလို့ရတယ်။ ရှိနေတဲ့ လူတွေ တိမ်မြုပ်နေတဲ့ သူတွေကို
အားလုံး လက်ခံအောင် လုပ်ယူ စေချင်တယ်။ ကျွန်မကို
HIV ရောဂါရှိပြီး ၅ နှစ်ကြာမှ မိသားစုက လက်ခံလာတယ်။ ကြိုးစားပြီး
ဖြတ်သန်းလာခဲ့ရတယ်။ ကျွန်မကို လာပြီး ပြောင်းလဲပါလို့ ပြောရင် ပြောင်းလဲချင်စိတ် မရှိဘူး။

ကိုယ်ကိုယ်တိုင်က ဘာဆိုတာ နားလည်လက်ခံပြီး သူများတွေကို ပြန်နားလည်နိုင်မှုပေးရမယ်။
ကျွန်မတို့ကို မခွဲခြားဘူးဆိုရင် ကျွန်မတို့ ကိုယ်တိုင် ကြိုးစားဖို့လိုသလို တခြားသူတွေကလည်း
နားလည်ပေးဖို့လိုတယ်။ ဒီလို ခွဲခြားလိုက်တဲ့အတွက် ဘယ်သူတွေမှာ အကျိုးရှိလဲ။ ရောဂါ ရှိပြီးသား
လူတွေက ရွဲ့ပြီးလုပ်မယ်။ နောက်တစ်ခုက လူသိမခံဘဲ အသက် အသေခံကြမယ်။ ခွဲခြား လိုက်ရင်
ဘာအကျိုးကျေးဇူးမှမရှိဘူး။
HIV ကူးစက်ခံ နေရသူတွေအနေနဲ့ ဒုက္ခတွေခံပြီး အများက မခွဲခြားအောင်
ကြိုးစားခဲ့ရတယ်။ ကာလတွေ အများကြီးကို ဖြတ်ခဲ့ရတယ်။
HIV
ရှိတဲ့သူတွေ ရှေ့ကို ထွက်မလာရဲရင်ရတယ်။ အိမ်ထဲမှာ နေပြီး ဆေးဝါးကုသမှု
သေသေချာချာယူမယ်၊ ဘ၀ကို ဆက်ပြီး လျှောက်နိုင်တယ်ဆို ကျေနပ်တယ်။

အခုအချိန်မှာ HIV ရှိတဲ့ လူဦးရေ နည်းသွားတာ မရှိဘဲတိုးနေတာပဲ ရှိတော့ စိတ်မကောင်းဘူး။
အခုခေတ် လူငယ်တွေအားတဲ့အချိန်မှာ လက်ဖက်ရည်ဆိုင် ထိုင်ကြ၊ သွားကြ လာကြနဲ့ ဗဟုသုတတွေ
ရှိနေကြတယ်။

အဲဒီလို သိနေပေမယ့် တကယ်လက်တွေ့ လုပ်ဖို့လိုတယ်။ ကူးစက်မှုနှုန်းသိရင်
ကာကွယ်လို့ရတယ်။ ပြီးရင် ဆွေမျိုးအသိုင်းအ၀ိုင်းကိုလည်း ပြန်ပြောနိုင်တယ်။
HIV
က ကုလို့မရပေမယ့် တားလို့ ရနိုင်တယ်ဆိုတာ ပြန်ပြီးဖြန့်စေချင်တယ်။
ဓာတ်ပုံနှင့်တကွ ဖော်ပြခွင့်ပေးတာကလည်း ခွဲခြားမှုတွေ လျော့ကျစေချင်တယ်။ ရောဂါကူးစက်မှုနှုန်းတွေ
ကျဆင်းစေချင်တယ်။ ဒီလိုပြောလိုက်ရလို့ တစ်ဦး ချင်းစီမှာ အကျိုးတစ်ခုစီရစေချင်တယ်။
ရောဂါ မရှိသေးတဲ့သူတွေ ကာကွယ်နိုင်တယ်။ ရောဂါရှိပြီး သားသူတွေလည်း သတ္တိရှိရှိနဲ့ ရင်ဆိုင်ရဲမယ်။
ကျွန်မမှာ သားသမီးတွေရှိတယ်။ ရောဂါစဖြစ်တဲ့ အချိန်မှာ ကျွန်မသားသမီးတွေကို လျစ်လျူရှုထားမိတယ်။
အမှန်တကယ်က သားသမီးတွေမှာ အပြစ် မရှိဘူး။ မိန်းမတစ်ယောက်ရဲ့တာဝန် ဆိုတာရှိပြီး သားသမီးတွေ
အတွက် အသက်ဆက် ရှင်ရဦးမယ်။ ရောဂါပိုးရှိတဲ့ အမျိုးသမီးတွေအနေနဲ့ လမ်းကြောင်းမှန်ပေါ်
ရောက်အောင် ဆေးခန်းမှန်မှန်ပြပါ၊ သားသမီးတွေအတွက် ရပ်တည်ပါ

HIV
ရှိလို့ ကျန်တဲ့ မိသားစုဝင်တွေကို
ပတ်ဝန်းကျင်ကပစ်ပယ်၊ လျစ်ရှု၊ ခွဲခြားမှုတွေ ခံရတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတဲ့
ကာလတွေကိုလည်း ကျော်ဖြတ် လာခဲ့ကြပါတယ်။ မိသားစုရဲ့ ခွဲခြားမှုကိုလည်း ခံစားခဲ့ရပေမယ့်
အခုအချိန်မှာ အရင်က မလုပ်ဖြစ်ခဲ့တဲ့၊ မလုပ်နိုင်ဘူးလို့ ထင်တဲ့ ကိစ္စများစွာကို အကောင်အထည်ဖော်
ဆောင်ရွက်နေနိုင်ကြတာပါ။

 

ချိုချို

ခွဲခြားမှုတွေ များစွာရှိတာကို ရှေ့ကအစ်ကိုတွေ၊ အစ်မတွေ တော်တော်များမျာ
ပြောကြပြီးပါပြီ။
HIV Positive တွေကို တခြားသူတွေ ခွဲခြားတာထက် ကိုယ့်ကိုယ်ကို ခွဲခြားတာတွေ
ရှိတယ်။
HIV
Positive
တွေဘာကြောင့် ရှေ့ထွက်လာတာလဲဆိုရင်
သူတို့တွေကို ခွဲခြားတာတွေ ရှိတာသိသလို၊ သူတို့ ကိုယ်သူတို့ ခွဲခြားလို့ပဲ။ ဥပမာ-ကျွန်မဆိုရင်
အမျိုးသားဆုံးပြီး ၅ နှစ်ကြာမှ
HIV Positive ရှိမှန်း သိလာရတယ်။ အဲဒီအချိန်တုန်းက မိသားစုကို ငါ HIV
Positive
ဖြစ်တယ်လို့ပြောရဖို့
ခက်ခဲတဲ့ အချိန်ဖြစ်တယ်။ မိသားစုကို ပြောလိုက်တဲ့ အချိန်မှာ မိသားစုက ဘာမှမဖြစ်ပေမယ့်
လက်ရှိ ရောဂါ ခံစားနေရတယ်။ ခွဲခြားခံရမှုက ကိုယ့်ရဲ့သမီးလေးကို ထမင်းခ
ွံ့ မကျွေးရတာ၊ ကလေးကို မကိုင်နဲ့ ဆိုတာတွေကစလာတယ်။
အဲဒီအချိန်မှာ ကျွန်မ ၀မ်းနည်းနေလို့ မရတော့ဘူး။ ကိုယ့်ကိုယ်ကို ကျန်းမာလာအောင် ဘယ်လိုလုပ်မလဲ
ဆိုပြီး ဆေးခန်းရှိတဲ့ နေရာတွေသွားတယ်။
HIV ရှိတဲ့သူတွေ အတွက် လိုအပ်ချက်တွေတွေ့လာတော့ HIV
နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းမှာ အလုပ်ဝင် လုပ်တယ်။

ဟိုတစ်လောက HIV နဲ့ ပတ်သက်တဲ့ နယ်တစ်နယ်ကို ခရီးထွက်တော့ ၀မ်းနည်းစရာ ကိစ္စတစ်ခု
တွေ့ခဲ့ရတယ်။ အဲဒီနယ်က လူတွေနဲ့ ရန်ကုန်က ကျွန်မတို့အဖွဲ့တွေ တွေ့ဆုံချိန်မှာ အဲဒီထဲက
တစ်ယောက်က သူ့ကိုယ်သူ ၀မ်းနည်းပြီး ထွက်သွားတယ်။ ကျွန်မတို့ကို
HIV
Positive
မှန်း မသိဘူး။ သူပြန်သွားပြီး
တော်တော်လေးကြာမှ ဒီထဲကို လာတဲ့ သူတစ်ယောက် ပြန်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတာ သိလိုက်ရတယ်။
အားငယ်ပြီး ပြန်သွားတာ သိလိုက်ရတော့ တော်တော် စိတ်မကောင်း ဖြစ်မိတယ်။
Stigma
ကျဆင်းအောင် MFG ကနေပြီး အခွေတစ်ခွေ ထွက်ထားတယ်။

အဲဒီ အခွေထဲမှာ ကျွန်မတို့ကိုယ်တိုင် HIV
Positive
ဖြစ်နေပါတယ်ဆိုတာ
ပြောထားတယ်။ ဒီအခွေက နယ်အနှံ့ မရောက်သေးဘဲ ငါတို့ လုပ်ဖို့ကျန်သေးပါလားဆိုတာ သိလိုက်ရတယ်။
သူများနှိမ်ချမှာ စိုးလို့ နောက်ဆုတ်နေရင် မှန်ကန်တဲ့ ကုသမှုတွေရမှာ မဟုတ်ဘူး။ ကျွန်မတို့မှာ
ကလေးတွေ ရှိတော့ အဲဒီ ကလေးတွေ ဘ၀တွေ အတွက်
Stigma ကို အခုကတည်းက ရင်ဆိုင်သွားမယ်။ အခွေထဲမှာ Positive ဖြစ်ကြောင်း ဖွင့်မပြောခင် သမီးကို ပြောတယ်။

အဲဒီ အခွေက နေရာတစ်နေရာကနေ တစ်နေရာ ပျံ့သွားမယ်။ အဲဒီအချိန်
သမီး ဘယ်ခံစားရမလဲလို့ မေးတဲ့အခါ အမေ ဖြစ်တာကို အမှန်အတိုင်း ပြောတာပဲတဲ့။ ကျောင်းက
ခွဲခြားတာတွေ ရှိရင် ဘယ်လို လုပ်မလဲလို့ ပြန်မေးတော့ ကျောင်းက ဆရာမတွေကလည်း ပညာတတ်တွေပဲတဲ့။
ခွဲခြားမှုရှိလာရင် လည်း ဖြေရှင်းမယ့် နည်းလမ်း ရှိလာမှာပဲလို့ ကလေးကိုယ်တိုင်က ပြောတယ်။
ခွဲခြားမှု ရှိရင် ဘယ်လို ဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းရမယ်။
HIV
Positive
တွေ အနေနဲ့ ခွဲခြားမှုကို
တိုက်ရိုက် ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ခွဲခြားမှုတွေ ဘာကြောင့်လုပ်ပြီး၊ အဲဒါတွေကို ဘယ်လို
ဖြေရှင်းမယ်ဆိုတဲ့ နည်းလမ်းရမယ်။ ခွဲခြားမှု ကြောက်လို့နောက် ဆုတ်နေရင် အဆင်မပြေဘူး။
ကျွန်မတို့ ကိုယ်တိုင် အားငယ်မှု ရှိတာ မှန်ပေမယ့်
Positive တွေ ကိုယ်စားပြုအလုပ်တွေလုပ်တဲ့အခါ ကျွန်မတို့ကို မြင်ပြီးကျန်တဲ့
သူတွေလည်း အားရှိလာမယ်။
MFG မှာ အဖွဲ့တွေများစွာရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ဘယ်နေရာတွေက
ငါတို့အတွက် ဆေး ပေးနေတာလဲဆိုတာတွေ သိခွင့်ရမယ်။ အဲဒါကြောင့် ရှေ့ကနေထွက်ပြီး ပြောတာ။
HIV
Positive
ဖြစ်နေတယ်ဆိုတာကို တခြားသူတွေကို
ပြောဖို့ ၀န်လေးကြသူများ ရှိပေမယ့် ဒီနှစ်တွေ့ဆုံ စကားပြောကြတဲ့ သူတွေ အားလုံးက ဓာတ်ပုံနှင့်တကွ
ဖော်ပြခွင့် ပေးကြပါ တယ်။ ဓာတ်ပုံနဲ့ တကွ ဖော်ပြပေးချင်တဲ့ ခံစားချက်တွေ သူတို့မှာ
ရှိပါတယ်။

 

ထူးဝင့်ကျော်

မှန်ကန်တဲ့ သတင်းအချက် အလက်တွေရဖို့ Media
က အရေးကြီးပါတယ်။ တချို့နှစ်တွေမှာMedia
က တချို့သတင်းတွေ မှားခဲ့ပါတယ်။ HIV
ရှိပြီဆိုရင် HIV ရောဂါ၊ အရိုးခေါင်း ပုံစံနဲ့ မကောင်းတာ လုပ်တယ်လို့ပဲ မြင်ကြတယ်။
လူဖြစ်လာရင် ခန္ဓာရှိမယ်၊ ခန္ဓာရှိရင် ရောဂါရှိမှာပဲ။ ခန္ဓာရှိတဲ့ အတွက် ရောဂါတစ်ခု ရောက်လာတယ်လို့ပဲ
သတ်မှတ်စေချင်တယ်။
HIV ဆို လူဖြစ်ရှုံးတယ် ဆိုပြီး မသတ်မှတ်စေချင်ဘူး။ ကျေးရွာတစ်ခုမှာဆို
HIV
နဲ့ ဆုံးသွားတယ်။ အဲဒီလူက သေသေချာချာ ဆေးကုသမှု မခံရဘဲ ဆုံးသွားတာ။
နယ်တချို့ရဲ့ ဓလေ့အရ ဆုံးပြီဆိုချက်ချင်း ချတယ်။ စင်ထိုးပြီး စင်ကိုထမ်း အသုဘချတဲ့
အလေ့လည်းရှိတယ်။ အဲဒီမှာ အဲဒီ လူဆုံးတော့ ဘယ်သူမှ မလာသလို စင်ကို ထမ်းမယ့်သူတွေလည်း
မရှိဘူး။ စင်ကို ထမ်းအောင် အရက်သောက်ခိုင်းရတယ်။ အရက်မူးမှ ထမ်းတော့ အုတ်အော်သောင်းတင်းတွေ
ဖြစ်သွားတယ်။

မိသားစုကလည်း စိတ်ထိခိုက်တယ်။ မြို့တွေမှာ သိပ်မသိသာသေးပေမယ့်
နယ်တွေမှာ အရမ်း သိသာတယ်။ ဒီလို ထွက်လာတယ်ဆိုတာကလည်း ကိုယ်ခံစားခဲ့ရတာမျိုး သူတို့တွေ
မခံစား ရစေချင်ဘူး။ ဒီရောဂါက လူဖြစ်ရှုံးသွားတာ၊ သေသွားတာမျိုး မဟုတ်ဘူး။ အချိန်မီ
ဆေးကုသမယ်၊ ကိုယ့်စိတ်ကို ချမ်းချမ်းသာသာ ထားမယ်ဆို ပုံမှန်အတိုင်း သက်တမ်းစေ့ နေနိုင်မယ်၊
HIV
သမားတွေက မကောင်းတာလုပ်တာ မဟုတ်ဘူး။ လူမှုရေး လုပ်ငန်းတွေမှာ
တစ်ထောင့်တစ် နေရာကနေ အားတက်သရော လုပ်နေတယ်ဆိုတာလည်း သိစေချင်တယ်။

 

ခင်ငြိမ်းချမ်း

ဓာတ်ပုံနဲ့ တကွပြဖို့ ကြောက်တာမှန်တယ်။ HIV
ရှိတဲ့သူတွေ ကျန်းကျန်းမာမာနဲ့ ဒီလို အလုပ်တွေ လုပ်နေနိုင်တယ်
ဆိုတာ သိစေချင်တယ်။ အဲဒီလိုတွေပြတဲ့အတွက် စွန့်လွှတ် လိုက်ရတာတွေ အများကြီးပဲ။ ဓာတ်ပုံနဲ့တကွ
ဖော်ပြခဲ့ဖူးတာ ရှိတော့ မိသားစုထဲမှာပဲ အသံလေး မျိုးထွက်လာတယ်။ အမေက မျက်ရည်ကျပေမယ့်
ဒီလို အမျိုးသမီးတွေအတွက် အားရှိတဲ့အတွက် ကျေနပ်တယ်။ အစ်မရဲ့အစ်မ ကဆိုရင် ကိုယ့်သား
သမီးတွေ မျက်နှာမကြည့်ဘူး။ တူတွေ၊ တူမတွေ ကလည်း သူတို့တွေရဲ့မျက်နှာကို မထောက်ဘူးတဲ့။
သူငယ်ချင်းတွေကြားထဲမှာ ရောဂါ ရှိတယ်ဆိုတာ ပြောမထားတော့ သူတို့အတွက် အဆင်မပြေဘူးပြောတယ်။
ကျွန်မ သမီးလေးဆိုလည်း ကျောင်းမှာ အဆင် မပြေတာတွေရှိတော့ စွန့်လွှတ်ရတာတွေ အများကြီးပဲ။
ကျွန်မတို့တွေ အနေနဲ့ ရောဂါ ရှိပေမယ့် ဘ၀ကိုတန်ဖို ရှိရှိနဲ့  ဖြတ်သန်းနိုင်တယ်ဆိုတာ သိစေချင်တယ်။

တကယ်တော့ လူ့အသက် တစ်ချောင်းက တန်ဖိုးကြီးပါတယ်။ လူ့အသက်ထက်
တန်ဖိုးကြီးတာ ဘာမှ မရှိပါဘူး။ အသက်ရှင်မှ ဘ၀မှာအကောင်းဆုံးအလုပ်တွေ လုပ်နိုင်မယ်။
တိုက်ပေါ်မှာနေတဲ့ သူရဲ့အသက်မှ အရေးကြီးတာ မဟုတ်ဘူး။ သာမန်လူတွေရဲ့ အသက်ကလည်း အရေးကြီးတာပါပဲ။
ဓာတ်ပုံနဲ့ တကွ
HIV Positive ဖြစ်နေတာပါလို့ ပြောလိုက်ရလို့ ရေခဲတုံးပေါ်ထိုင်လို့ အေးသလို
မီးပုံပေါ် ထိုင်လို့ ပူသလိုမျိုး အေးလိုက်ပူလိုက် ခံစားရပါတယ်။ တုံ့ပြန်မှုတွေမှာ ကောင်းတာ
ပါသလို ဆိုး တာလည်းပါပါတယ်။ ကိုယ့်ဘ၀တူတွေအတွက် အကျိုးရှိသွားတယ်ဆို ကျေနပ်ပါတယ်။ လူတစ်ယောက်ရဲ့
အသက်တစ်ချောင်းကို ကယ်ရင် အဲဒီသူနောက်က ဘ၀တွေကို ဖေးမ ကူညီ ပေးသလိုလည်း ဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ အသက် တစ်ချောင်းကို ကယ်ဖို့အတွက် ရှေ့ထွက် လာခြင်းအကြောင်း
MFG
မှ ၀န်ထမ်းများက ရှင်းပြခြင်းဖြစ်ပါတယ်။

 

ချိုချို

ဘ၀တူတွေ အတွက် အားပေးချင်တယ်။ မှန်ကန်တဲ့ လမ်းကြောင်း ပေါ်ရောက်စေချင်တယ်။
သာမန် လူတွေလို နေနိုင်ပါလား၊ သူတို့လိုရင် ဘယ်လို ချိတ်ဆက်နိုင်တယ်ဆိုတာ သိစေချင်တယ်။
Stigma
ကို တည့်တည့်ကြီး ရင်ဆိုင်လိုက်တာပဲ။ ဓာတ်ပုံနဲ့ မဂ္ဂဇင်းမှာ
တွေ့သွားတယ်။ ကျွန်မကို မြင်ထားတဲ့ သူက လက်ဖက်ရည်ဆိုင်မှာတွေ့လို့ ခွဲခြားမယ်ဆို ခွဲခြားမှုကို
သိရမယ်။ ကလေး ရဲ့ကျောင်းကနေ ခွဲခြားမှုရှိရင် ဘယ်လို လုပ်မလဲဆိုတာတွေ သိရမယ်။
Stigma
ကို ကိုယ့်သားသမီး အတွက်၊ Positive အချင်းချင်းအတွက် ရင်ဆိုင်မယ်။

 

လှိုင်(Peer)

ဒီအရာက လူတွေကြားထဲမှာ ပေါ်လွင်စရာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။
ရင်းနှီးရမှုတွေက အများကြီးပါ။ သားသမီး၊ ဇနီး၊ မယား၊ ယောက္ခမ၊ ဆွေမျိုးသားချင်းတွေနဲ့
ရင်းနှီးရတယ်။
HIV ရှိသူက
အရိုးပေါ် အရေတင် ရုပ်နဲ့မဟုတ်ဘူး။ မှန်ကန်တဲ့ ဆေးကုသမှု လမ်းကြောင်းပေါ် ရောက်လာရင် ကျွန်တော်တို့လို
ကျန်းကျန်းမာမာ နေနိုင်တယ် ဆိုတာကို
HIV ရှိသူတွေကို သိစေချင်တယ်။ HIV ကူးစက် ခံရရင် စိတ်ပျက်အား မငယ်ပါနဲ့။ ဆေးကုသမှုခံ၊ ကျွန်တော်တို့လို
နေနိုင်ပါတယ်။ ဒီလို ကျန်းမာစွာနေနိုင်ပြီး လူသားပတ်ဝန်းကျင်မှာ အကျိုးပြုနိုင်တဲ့
လူတွေဆိုတာကိုလည်း သိစေချင်တယ်။ ကျွန်တော်တို့ကို သာမန်လူတွေလိုပါပဲ ဆိုတာကို မြင်လာရင်
ခွဲခြားဆက်ဆံမှု၊ နှိမ့်ချမှုတွေ လျော့သွားမယ်လို့ ထင်တယ်။ ဘ၀တူတွေ အားမငယ်ဖို့နဲ့၊ ပတ်ဝန်းကျင်က
သာမန်လူတွေလို မြင်ပြီး ခွဲခြား ဆက်ဆံမှုတွေ လျော့စေဖို့ပါပဲ။

 

ထူးဝင့်ကျော်

လူ့အသက်တစ်ချောင်း ဆိုတာ ရဖို့ခက်ပါတယ်။ လူဆိုတာ မွေးလာပြီး
သေရမှာ မှန်ပေမယ့် သေသင့် သေထိုက်လို့ သေရတာ ရှိသလို မသေသင့် မသေထိုက်ဘဲ သေရတာလည်း
ရှိပါတယ်။
HIV ရှိတဲ့
သူတွေ ဆေးကုသမှု မခံရတာက ခွဲခြားလို့၊ နှိမ့်ချလို့၊ ပစ်ပယ်လို့ ဆိုတာတွေကြောင့်ပါ။
လူမှု ပတ်ဝန်းကျင်က
HIV အပေါ် မြင်နေတဲ့အမြင်တွေကို ပြောင်းလဲစေချင်လို့ ဓာတ်ပုံနဲ့
ဖော်ပြခွင့်ပြုတာပါ။ ဒီလို ဗဟုသုတတွေ မသိရင်
HIV ကူးစက်နိုင်တဲ့ အန္တရာယ်တွေ မသိနိုင်ကြဘူး။ လူငယ်ဆိုတာ အနာဂတ်ရဲ့
မျိုးဆက်ပါ။
HIV အပေါ်မြင်နေတဲ့
အမြင်ဆိုးတွေ၊ ခွဲခြား နှိမ့်ချတာတွေ၊ မကောင်းတာ လုပ်လို့ ဖြစ်တာ၊ မကောင်းတဲ့ရောဂါလို့
မြင်တာတွေကို ပတ်ဝန်းကျင် အသိုက်အ၀န်းက ပြောင်းလဲပစ်ဖို့ လိုတယ်။

 

နှင်းနှင်းယု

ကျွန်မမှာ ကလေးတွေရှိပါတယ်။ ဓာတ်ပုံပြလို့ ကလေးတွေရဲ့ အနာဂတ်ကို
ထိခိုက်တာမျိုး ရှိနိုင်ပါတယ်။ ကျွန်မသားတွေက နားလည်နေပြီ ဆိုတော့ အခက်အခဲတော့ မရှိတော့ပါဘူး။
ဂုဏ်ယူလို့ ပြတာ မဟုတ်ဘဲ နောက်ကလူတွေ အနေနဲ့ နည်းမှန်လမ်းမှန်နဲ့ ကုသမှုတွေ ရစေချင်လို့ပါ။

ခွဲခြားမှုတွေကို လျော့ကျစေချင်တဲ့ ဆန္ဒ တစ်ခုတည်းကြောင့် HIV
Positive
ဝေဒနာရှင်တွေ ပါဆိုတာကို
ထုတ်ဖော်ပြသ ပြောကြခြင်းဖြစ်ပါတယ်။
HIV မျိုရင် ကမ္ဘာကြီးပါ ပျက်မယ်လို့ ဆိုနိုင်တာကြောင့် တစ်ကမ္ဘာလုံးက
လူသားအားလုံးနဲ့ သက်ဆိုင်တဲ့
HIV သတင်း အချက်အလက် တွေကို အားလုံးသိစေချင်ပါတယ်။

တစ်ကမ္ဘာလုံးက လူတွေ ပါဝင်စေချင်တယ်။ HIV
နဲ့ ပတ်သက်တဲ့ သူတွေ ကုသမှု ခံရပြီး ကူးစက်မှုနှုန်းတွေ လျော့ကျဖို့ဆိုတဲ့
ရည်ရွယ်ချက်တွေ ဒီစကားဝိုင်းမှာ ပါတဲ့သူတိုင်းမှာရှိပါတယ်။ အဲဒါကြောင့် သူတို့တွေက
ရှေ့ထွက်ပြတာပါ။ ဘယ်လို ကြိုတင် ကာကွယ်ရမယ်၊ ဘာတွေ လုပ်ရမယ် ဆိုတာတွေကို လူငယ်တွေလည်း
သိစေချင်ကြပါတယ်။

 

နှင်းနှင်းယု

ကလေးတွေဆိုတာ အပျော်ရှာတတ်ကြတယ်။ အပျော်ရှာပါ၊ စူးစမ်းလို့ရပါတယ်။
ဒါပေမယ့် ဗဟုသုတတော့ ရှိပါ။ ကာကွယ်ပါ။ ဘယ်လို နည်းတွေနဲ့ ပျော်ပါးမယ်ဆိုတာ စဉ်းစားပါ။
HIV
ကူးစက်တယ်ဆိုရင် ပျော်ပါးလို့၊ လိင်ဆက်ဆံလို့ ဆိုတာ အရင်မြင်ပြီး
သွေးသွင်း၊ ဆေးထိုးတာတွေကို နောက်မှ မြင်ကြတယ်။ လူတိုင်းမှာ လုပ်ခွင့်ဆိုတာ ရှိပေမယ့်
ကာကွယ်မှုတွေ ရှိရင် ပျော်ရွှင်စရာတွေ ဖြစ်လာမယ်။

 

ခင်ငြိမ်းချမ်း

အနာဂတ်ကို ဦးဆောင်တဲ့ လူငယ်အချို့မှာ HIV
ဆိုတာ ရှိတယ်။ မိဘဆီက ကူးစက်ခံရတာတွေ ရှိတော့ အရမ်း သနားမိတယ်။
မိဘတွေရဲ့ အုပ်ချုပ်မှုကိုလည်း ပြောချင်တယ်။ သားသမီးတွေကို ချစ်လွန်းလို့ အုပ်ချုပ်တာတွေက
ခေတ်နဲ့အညီ အုပ်ချုပ်တာ မဟုတ်ရင် သားသမီးတွေမှာ အန္တရာယ် ရှိနိုင်တယ်။ လူငယ်တွေ၊ သားသမီးတွေ
ကောင်းဖို့ မိဘအုပ်ထိန်းသူတွေမှာလည်း အများကြီး အရေးကြီးတယ်။ ဗိုင်းကောင်းကျောက်ဖိ
ဆိုတဲ့ ကလေးတွေကို ကျွန်မတို့ ကယ်တင်ထားတာ အများကြီးပါ။
Living
Together
နေမိသွားလို့ ရောဂါ
ကူးခံရတဲ့ ကောင်လေးနဲ့ ကောင်မလေးတွေကို ကယ်တင်ထားရတယ်။ သားသမီးတွေကို မျက်စိမှိတ် ယုံသူရှိသလို
အရမ်း တင်းကျပ် လွန်းတာလည်း ရှိတယ်။ သားသမီးတွေကို လိုက်လျော ညီထွေစွာ အုပ်ချုပ်စေချင်တယ်။
အဲဒါမှ သားသမီးတွေရဲ့ အနာဂတ် ကောင်းမှာ။

အနာဂတ် ပန်းပွင့်လေးတွေ လန်းလန်းဆန်း ဆန်းဖြစ်စေကြတာကြောင့်
အုပ်ချုပ်သူ မိဘများရဲ့ အုပ်ချုပ်၊ ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး ပြောပြကြတာပါ။ ဆင်းရဲ၊
ချမ်းသာ ခွဲခြားမှု ဆိုတာတွေ ရှိတဲ့ အထဲကမှ
HIV Positive ကူးစက်ခံရ သူများကို ခွဲခြား ဆက်ဆံချင်တဲ့ လူငယ်များလည်း ရှိမှာပါ။
ပတ်ဝန်းကျင်၊ ဆွေမျိုး အသိုက်အ၀န်းကြားမှာ ခွဲခြား ဆက်ဆံမှုတွေကို ကျော်လွှားနေပြီး ဘ၀ကို
သာမန် လူတွေလို ရပ်တည် လှုပ်ရှား နေကြသူများရဲ့ စကားလုံးများ အပေါ် လူငယ်များ နားလည်မှု
ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လူတစ်ယောက် အတွက် စိတ်ဓာတ် ခွန်အားက အရေးကြီးဆုံးပါ။
နေရာတိုင်း ခွဲခြားဆက်ဆံမှုတွေ လျော့ကျရင် အကောင်းဆုံးဖြစ်မှာပါ။ စကားဝိုင်းမှာ ပါဝင်ပေးတဲ့
Myanmar
Positive Group
မှ သူများကို ကျေးဇူး
အထူးတင် ရှိပါတယ်။

 

ဆယ်ကျော်သက်
မဂ္ဂဇင်း - ခွဲခြားမှုကို ရှောင်ကျဉ်ကြမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top