ဆင်ဝင်အောက်ကို
ဝင်လိုက်တယ် ဆိုရင်ပဲ ”ဧည့်သည်တော်တွေ ကျေးဇူးပြု၍ လက်မှတ်ထိုးပေးပါ” ဆိုတဲ့ အသံကို
စတင်ကြားရပါတယ်။ ကျွန်တော် ရောက်ရှိခဲ့တဲ့ နေရာကတော့ ကမ္ဘာတစ်ဝန်းမှာ အေအိုင်ဒီအက်စ်
ရောဂါနဲ့ သေဆုံးသွားကြတဲ့ သူတွေအတွက် အောက်မေ့ဖွယ် မီးထွန်းပွဲ ကျင်းပပြုလုပ်တဲ့
နေရာပဲ ဖြစ်ပါတယ်။
အဲဒီ
အခမ်းအနားကို မေလ ၂၂ ရက်နေ့ ညနေ ၅ နာရီမှာ ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒဿန် ခန်းမတွင်
ကျင်းပခဲ့ပြီး တက်ရောက်လာတဲ့ သူအများစုကတော့ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံရတဲ့
အများစု ဖြစ်ပါတယ်။ သူတို့ရဲ့ မျာနှာတွေမှာ စိတ်ပျက် အားငယ်ခြင်း အရာရာကို အရှုံးပေးနေရတဲ့
ပုံစံတွေ အလျှင်းမတွေ့ရဘဲ ရယ်မောပျော်ရွှင် နေကြပါတယ်။
“ဒီမှာရှိတဲ့သူ
အားလုံးနီးပါလောက် PLHA (အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံရသူ) တွေက များတယ်။ အားလုံးဆို
နှစ်ရာ နီးပါးလောက် ရှိတယ်” လို့ အဲ့ဒီ အခမ်းအနားမှာ Perfomance ပြုလုပ်ဖို့ တာဝန်ယူ
ထားတဲ့ ကိုသန်းလွင်က ပြောပါတယ်။
အားလုံးက
ကိုယ်တာဝန်ယူထားတဲ့ နေရာတွေမှာ ပျော်ရွှင်စွာနဲ့ လုပ်ကိုင် နေကြတာ တွေ့ရပါတယ်။ ဧည့်ခံကြိုဆိုရေးမှာ
တာဝန်ယူထားတဲ့ သူကလည်း ဧည့်သည်တွေကို ကြိုဆိုနေရာချကြ အမှတ်တရ ပစ္စည်းလေးတွေ ရောင်းတဲ့
နေရာမှာ ရောင်းချပေးနေတဲ့ သူတွေ တခြားနေရာ တွေမှာလည်း တာဝန်ယူထားသူ အများကြီးပါပဲ။
“စိတ်ပျက်
နေလို့မဖြစ်ဘူး။ ကျွန်တော်လည်း ရောဂါပိုးရှိပေမယ့် တခြားလူတွေလို လူတောထဲမှာ တိုးဝင်နိုင်တယ် ဆိုတဲ့သတ္တိရှိတယ်” လို့ ဧည့်ခံ ကြိုဆိုရေးမှာ လုပ်ကိုင် ဆောင်ရွက်နေတဲ့
ကိုအောင်ဝင်း ကဆိုပါတယ်။
ညနေ
ငါးနာရီ လောက်မှာတော့ ဘာသာကြီး လေးမျိုး ဖြစ်တဲ့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာနဲ့
အစ္စလမ် ဘာသာက ဆရာတွေ ကြွရောက် လာပါတယ်။ သူတို့တွေ အေအိုင်ဒီအက်စ် ရောဂါနဲ့ ကွယ်လွန်သွားတဲ့
သူတွေအတွက် သက်ဆိုင်ရာ ဘာသာ အလိုက် ဝတ်ပြု ဆုတောင်း ပေးဖို့အတွက် ဖြစ်ပါတယ်။ ဘာသာရေးကို
အခြေခံတဲ့ အေအိုင်ဒီအက်စ် ရောဂါ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့
ရတနာ့ မေတ္တာအဖွဲ့၊ ကျိုလီယာ မွတ်စလင် သာသနာ့ ရန်ပုံငွေ အဖွဲ့၊ စိုင်းဘာသာ ဟိန္ဒူ ဝတ်ပြုရေးအဖွဲ့၊
မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်းစီစတဲ့ အဖွဲ့အစည်း တွေက ၂၀၀၇ ခုနှစ် မေလ
၂၀ ရက် အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် မီးထွန်း အောက်မေ့ဖွယ် အခမ်းအနား ကနေ စတင်အခြေပြုပြီး
ပူးပေါင်း ဆောက်ရွက် ကြမယ်လို့ သဘောတူ ညီ ခဲ့ပါတယ်။
ဘာသာရေး
ခေါင်းဆောင် အချင်းချင်း တွေ့ဆုံ ဆွေးနွေး အမြင်ချင်း ဖလှယ်ပြီး အိတ်ခ်ျအိုင်ဗွီနှင့်
အသက်ရှင် နေထိုင်သူတွေရဲ့ ဝိညာဉ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့ အိမ်တိုင်ရာရောက်
အားပေးနှစ်သိမ့်ခြင်း ဆုတောင်း မေတ္တာပို့သခြင်း၊ သူတို့ရဲ့ဘဝတွေကို မြှင့်တင်ပေးနိုင်ရန်
ဆောင်ရွက်ခြင်း တခြားသူတွေရဲ့ အမြင်မှာ အိတ်ခ်ျအိုင်ဗွီနှင့် အသက်ရှင် နေထိုင် သူတွေအပေါ်
အဆိုးမြင်ခြင်း ခွဲခြား ဆက်ဆံခြင်း နှင့် လျစ်လျူရှုခြင်း တွေကို စုပေါင်း ကိုင်တွယ်ဖြေရှင်းမယ့် သဘောထားတွေကို ထုတ်ပြန်
ခဲ့ပါတယ်။
“တခြား
ရောဂါတွေကို ဖြေရှင်းတဲ့ နေရာတွေမှာတော့ ဒီလိုစုပေါင်းပြီး လုပ်တာမတွေ့ရဘူး။ ကမ္ဘာမှာ
လည်း မရှိဘူး။ ဒါပေမယ့် ဒီရောဂါကို တိုက်ဖျက်တဲ့ နေရာမှာတော့ တွေ့ရတယ်” လို့
Global Health Council ရဲ့ National Corodinator ဖြစ်တဲ့ ကိုရှိုင်းက ပြောတယ်။
ညနေ
ငါးနာရီခွဲ လောက်မှာတော့ မီးထွန်းပွဲ အခမ်းအနားကို စတင်ကျင်းပပါတယ်။ ဒီပွဲပြုလုပ်ရတဲ့
ရည်ရွယ်ချက်နဲ့ ပက်သက်ပြီး ရတနာ့ မေတ္တာအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေက “အရင်က တခြားအဖွဲ့တွေနဲ့
ပူးပေါင်းမူ မရှိခဲ့ဘူး။ ဒီရောဂါကို တိုက်ဖျက်ဖို့အတွက် လူအားလုံး အဖွဲ့အစည်းအားလုံး
ကွန်ရက်သဖွယ် ချိတ်ဆက် လုပ်ဆောင်မှရမယ်။ ဒီပွဲမှာ အောက်မေ့ သတိရ ဝမ်းနည်း ပူဆွေးခြင်းကနေ
အင်အာအဖြစ် ပြုပြင်ပြောင်းလဲ နိုင်အောင်ရယ် ကူးစက်ခံရတဲ့ သူတွေအနေနဲ့လည်း အခြားသူတွေလိုပဲ
သွားလာနေထိုင်တဲ့ အင်အား ဖြစ်သွားအောင် ပြုလုပ်တာပါ” လို့ပြောပါတယ်။
ယခုလို
အခမ်းအနားကို 3N အဖွဲ့က ဦးဆောင်ပြီး ဒုတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး ပထမ အကြိမ်ကိုတော့
ရွှေကျင်ဓမ္မရုံမှာ ကျင်းပခဲ့တယ်လို့ သူကဆိုပါတယ်။ ရတနာ့မေတ္တာ အဖွဲ့နဲ့ ပူးပေါင်း လုပ်ကိုင်
ဆောင်ရွက် နေတဲ့ အဖွဲ့အစည်းပေါင်း သုံးဆယ်က စုပေါင်း ကျင်းပတာလို့ ထည့်သွင်း ပြောဆို
ပါတယ်။
မြန်မာနိုင်ငံမှာတော့
၂၀၀၅ ခုနှစ်က စတင်းကျင်းပခဲ့ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှာ နှစ်စဉ် မေလ ၁၆ ရက် နောက်ပိုင်းတွေမှာ
ကျင်းပတယ်လို့ ဒေါက်တာ စစ်နိုင်က ပြောပါတယ်။ ၁၉၈၃ ခုနှစ်မှာ အမေရိကန် နိုင်ငံရှိ
PLHA လေးဦးက ဒီလို အမှတ်တရပွဲလေး ဖြစ်အောင် စတင်ပြုလုပ်ခဲ့ပြီး အခုဆို ၂၇ နှစ်ရှိပြီလို့
ပြောပါတယ်။
ကမ္ဘာ့
နိုင်ငံအသီးသီးက အစိုးရအဖွဲ့တွေ ဆေးလောကမှာ လုပ်ကိုင်နေတဲ့ သူတွေ ဒီရောဂါနဲ့ ပတ်သက်လို့
တစ်ခုခုတော့ လုပ်ကြဦးလို့ အမြဲသတိပေး တဲ့ပွဲလို့ သူကဆိုပါတယ်။
အေအိုင်ဒီအက်စ်
ရောဂါနဲ့ သေဆုံး သွားတဲ့သူတွေ ရောဂါ ကူးစက်ခံရပြီး သိတဲ့သူတွေ၊ ကူးစက် ခံရတာကို မသိတဲ့သူတွေ
လုံးဝကူးစက်ခြင်း မခံရသေးတဲ့ သူတွေအားလုံးက လိုအပ်တဲ့ နေရာတွေမှာ ဝိုင်းဝန်းကူညီဖို့နဲ့
မိမိလုပ်ကိုင်နိုင်တဲ့ နေရာတွေမှာစုပေါင်း လုပ်ဆောင်ကြဖို့ ကိုလည်းသူက ပြောပါတယ်။ အခုချိန်ထိလည်း
ရောဂါ ကူးစက်ခံရတဲ့ သူတွေအတွက် ART ဆေးဝါး လိုအပ်ချက်က ကြီးထွားဆဲပဲ လို့သူကဆိုပါတယ်။
“အခုချိန်ထိတော့
လူတွေကြားထဲမှာ ဒီရောဂါနဲ့ ပတ်သက်ပြီး အသိကတော့ နည်းသေးတာ တွေ့ရတယ်။ တချို့ဆို ဆရာဝန်တွေ
ကိုင်တိုင် နာခေါင်းရှုံ့တာ တွေရှိတယ်။ အဲဒီလိုမျိုးကို ဘာသာရေး စည်းမျဉ်း တွေအရ အသိပညာတွေ
ပေးပြီး လုပ်ရမယ်” ဟု ဗုဒ္ဓဘာသာ ကိုယ်စားပြု ဆုတောင်းပွဲ တက်ရောက်သူ သာကေတမြို့ဦး ကျောင်းတိုက်
ဆရာတော်က မိန့်ကြားပါတယ်။
“ဒီပွဲကို
တက်ရောက်လာတဲ့ သူတွေကို ကြည့်ရတာ တက်ကြွမှုရှိတာကို တွေ့ရတယ်။ အဲဒီတက် ကြွမှုကို ခွန်အားအဖြစ်
ပြောင်းလဲရမယ်” ဟု ဆရာတော်က မိန့်ကြားပါတယ်။
“ဝမ်းနည်း
နေရုံးနဲ့ကတော့ မပြီးဘူး ကျန်ရှိတဲ့အချိန်မှာ ဘဝကိုဘယ်လို နေမလဲဆိုတာကို ကြံ့ကြံ့ခံပြီး
ရင်ဆိုင်သွားမယ်။ ကျွန်မရဲ့ ပတ်ဝန်းကျင်းကိုလည်၊ ကျွန်မဟာ PLHA တစ်ယောက် ဆိုတာကိုလည်း
ကြေညာထားတယ်။ ကျွန်မ မကြောက်ဘူး” လို့အဲဒီပွဲကို တက်ရောက်လာတဲ့ တောင်ဒဂုံမှာ နေထိုင်တဲ့
မချိုရီမာက ပြောပါတယ်။
အဲဒီ
အခမ်းအနားကို ရှမ်းပြည်နယ် လားရှိုးမြို့မှာ နေထိုင်တဲ့ အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရတဲ့
သူတွေ တက်ရောက် ခဲ့ကြပြီး ဒီလိုမျိုး လုပ်တာကို မကြုံဖူးကြောင်း အများစုက ပြောကြပါတယ်။
မြန်မာနိုင်ငံမှာ
ပထမဆုံး ကျင်းပခဲ့တဲ့ ၂၀၀၅ ခုနှစ်က GIPA အဖွဲ့က ဦးဆောင်ပြုလုပ်ပြီး လူနှစ်ဆယ်လောက်နဲ့
အကျဉ်းရုံးပြီး ၂၀၀၆ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ခဲ့
တယ်လို့ Global Health Council အဖွဲ့ရဲ့ National Coordinator ကိုရှိုင်းက ပြောပါတယ်။
“စလုပ်တုန်းကတော့
အခက်အခဲ တွေကတော့ အများကြီးပဲ။ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာတော့ PLHA တွေအနေနဲ့ ကိုယ့်ကို
ယုံကြည်မှုတွေ ရှိလာတာတွေ့ရတယ်” လို့ သူက အကျိုးရလဒ်ကို ပြောပါတယ်။
အခမ်းအနား
ပွဲတွေမှာ စင်ပေါ်တက်ပြီး မိမိရဲ့အကြောင်းကို ဖွင့်ဟပြောကြားဖို့ မဆိုထားနဲ့ အခမ်းအနား
တက်ရမှာတောင် ရှောင်လွှဲ နေကြတာတွေ ရှိပေမယ့် ၂၀၀၇ နောက်ပိုင်း မှာတော့ သူတို့ ကိုယ်တိုင်က
စင်ပေါ်မှာ မိမိကူးစက်ခံရတဲ့ အကြောင်းတွေကို ပြောပြဖို့ ဝန်မလေးတော့ဘူးလို့ သူက ပြောပါတယ်။
3N
အဖွဲ့ ဦးဆောင်မူနဲ့ ၂၀၀၉ ခုနှစ်ရဲ့ အေအိုင်ဒီအက်စ် ရောဂါ မီးထွန်း အောက်မေ့ဖွယ် အခမ်း
အနားကို ဒေးဒရဲဘက်မှာ စတင်ကျင်းပတာ ပထမဆုံးပဲ ဖြစ်ပါတယ်။
“ဒေးဒရဲမှာတုန်းက
ဌာနဆိုင်ရာ ဝန်ထမ်း တွေပါလာတယ်။ လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ရတယ်” လို့သူ့အတွေ့အကြုံကို
ဆက်ပြောပါတယ်။
အိတ်ခ်ျအိုင်ဗွီ
အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး အခုလို့မျိုး အခမ်းအနားတွေ ပြုလုပ်ခြင်းကြောင့် လူထုကြားထဲမှာ
ဒီရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတ၊ တော်တော်များများ ရလာတယ်လို့ သူက ဆက်ပြောပါတယ်။
တက်ရောက်လာတဲ့
သူအားလုံးကတော့ ရောဂါကူးစက်ခံရတဲ့သူ မကူးစက်သေးတဲ့သူ ဆိုပြီး ခွဲခြား ဆက်ဆံမှု မရှိဘဲ
ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေနဲ့ နှုတ်ဆက်စကား ပြောနေကြပါတယ်။
ဘာသာကြီးလေခုမှ
ဘာသာရေး ခေါင်းဆောင်တွေကလည်း ဘာသာအလိုက် ဝတ်ပြုဆုတောင်းခြင်း များကို ၁၀ မိနစ်ကြာ ပြုလုပ်ခဲ့ကြပြီး
နောက်ပိုင်းမှာတော့ HIV/AIDS ရောဂါကို ဆီမီးထွန်း သရုပ်ဖော်ခြင်း၊ ကူးစက်ခံရသူများက
မိမိရဲ့ဘဝအကြောင်း ပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ကွယ်လွန် သူတွေကို ရည်စူးပြီး
ဖယောင်းတိုင် ထွန်းညှိခြင်းများကို ပြုလုပ်ခဲ့ပါတယ်။
PLHA
အများစုဟာ ခွဲခြားဆက်ဆံ ခံရခြင်းကနေ လွတ်ကင်းဖို့ ဒီပွဲလေးကို စတင် ဖန်တီးပေးခဲ့သူ
PLHA လေးဦးထဲက တစ်ဦးဖြစ်တဲ့ ဘော်ဘီကင်းဘဲလ်က အေအိုင်ဒီအက်စ်နဲ့ သေဆုံးသူ ရောဂါပိုးနဲ့
အသက်ရှင် နေထိုင်သူ၊ ရောဂါပိုးမရှိတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ငါတို့အလုပ် အတူလုပ်ကြစို့
အားလုံးက မိသားစု တွေပဲလို့ ပြောကြားခဲ့ပါတယ်။
ညခုနှစ်နာရီ
ကျော်မှ ပြီးဆုံးသွားတဲ့ ဒီပွဲကလေးကတော့ အမှတ်တရ ဖြစ်စရာတွေ အများကြီး ကျန်ရစ်ခဲ့ပါတယ်။
PLHA အများစုက ပြောခဲ့ကြတာကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်
ဝေဒနာရှင် တွေအတွက် ART ဆေးဝါးတွေ လုံလုံလောက်လောက် ရချင် တယ်ဆို တာပဲ ဖြစ်ပါတယ်။
ဇော်မင်းနိုင်(အိုင်အမ်)
True: News - အတွဲ
၂၊ အမှတ် ၄၀၊ ၁ ဇွန် ၂၀၁၀ (စာမျက်နှာ ၂၃)




