အမေရိကန်နိုင်ငံ
အင်ဒီယားနား ပြည်နယ်မှာ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်ထားတဲ့ Transgender (ယောက်ျားမှ
မိန်းကလေးသို့) အမျိုးသမီးတစ်ဦးက ဆေးရုံမှာ ဆေးကုသမှု ခံယူဖို့အတွက် ငြင်းဆန်ခဲ့တယ်လို့
သိရပါတယ်။
Erin
Vaught လို့ ခေါ်တဲ့ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင် နေထိုင်တဲ့ အမျိုးသား တယောက်ဟာ
လွန်ခဲ့တဲ့လက အဆုပ်ရောဂါ ဝေဒနာကို ပြင်းထန်စွာ ခံစားရတဲ့အတွက် Indiana ပြည်နယ်မှာရှိတဲ့
Ball Memorial ဆေးရုံကို သွားရောက် ကုသခဲ့ပါတယ်။
ဒါပေမယ့်
မကြာမှီမှာပဲ သူမက ဆေးကုသမှု ခံယူဖို့အတွက် ငြင်းဆန်ပြီး ဆေးရုံကနေ ပြန်ထွက်လာ ခဲ့တယ်လို့
သိရပါတယ်။ အဲဒီ ဆေးရုံကနေ ပြန်လာခဲ့ရတဲ့ သူ့ရဲ့ အဓိက အကြောင်းအရင်း ကတော့ လူမှုဆက်ဆံရေး
အားနည်းတဲ့ သူနာပြု ၀န်ထမ်းတွေရဲ့ နှုတ်အားဖြင့် နှိမ်ချပြောဆို ဆက်ဆံတာတွေကို ကြုံတွေ့ခဲ့ရတဲ့
အတွက်ကြောင့်လို့ ဆိုပါတယ်။
အဲဒီ
ဝန်ထမ်းတွေက သူမကို “ယောက်ျားလို့ သတ်မှတ်ရမှာလား။ မိန်းမလို့ သတ်မှတ်ရမှာလား။ ဒီလို
မိန်းမလိုလို ယောက်ျားလိုလို ဟာတွေကို ကျမတို့ ဘာလုပ်ပေးရမှန်း မသိဘူး” စသဖြင့် မရိုမသေ
လှောင်ပြောင် ဆက်ဆံ ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
Erin
Vaught ကတော့ ဆေးရုံကနေ ထွက်လာတယ် ဆိုရင်ပဲ Indiana ပြည်နယ်နဲ့ အမေရိကန် တ၀န်းမှာ အခြေစိုက်တဲ့
လိင်တူချစ်သူများ အခွင့်အရေးအတွက် ကာကွယ်လုပ်ဆောင် ပေးနေတဲ့ အဖွဲ့အစည်းတွေကို သူ့ရဲ့
အဖြစ်အပျက်ကို ဖွင့်ဟတိုင်ကြား ခဲ့ပါတယ်။
အဲဒီလို
ထုတ်ဖော်ကြေညာလိုက်တယ် ဆိုရင်ပဲ ဆေးရုံကို ပြစ်တင်ရှုပ်ချတဲ့ အီးမေးပေါင်း ၂၀၀၀ ကျော်ကို
Ball ဆေးရုံက လက်ခံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို
အီးမေးတွေ လက်ခံရရှိ ပြီးတာနဲ့ တပြိုင်တည်း ဆေးရုံရဲ့ အုပ်ချုပ်ရေးမှူး ဥက္ကဌ Mike
Haley က လူမှုဆက်ဆံရေးမှာ အားနည်းနေတဲ့ ၎င်းတို့ရဲ့ ၀န်ထမ်းတွေအတွက် ပြန်လည်ဝန်ချ တောင်းပန်
ခဲ့သလို အဲဒီလို အဖြစ်အပျက်မျိုးတွေနဲ့ လိင်တူချင်း ချစ်တဲ့သူတွေရဲ့ အခွင့်အရေးကို
ထိခိုက် စော်ကားတာမျိုး မဖြစ်မိရလေအောင် ၎င်းတို့ရဲ့ ပေါ်လစီပိုင်းမှာ အခုချိန်ကနေစပြီး
စတင် အကောင်အထည် ဖော်တော့မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့သလို အဲဒီ ပေါ်လစီ အကောင်အထည် ပေါ်လာဖို့ရန်အတွက်
Indiana ပြည်နယ်မှာ အခြေစိုက်တဲ့ ဆန့်ကျင်ဖက်လိင်လို ၀တ်စားဆင်ယင် နေထိုင်သူများ အခွင့်အရေးအတွက်
ကာကွယ်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုတွေကို စတင်ပူးပေါင်း
လုပ်ဆောင်နေပြီ ဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ
အခြေစိုက် လိင်တူချစ်သူများ အခွင့်အရေးအတွက် ကာကွယ် လုပ်ဆောင်နေတဲ့ Lanpta ရဲ့ ထုတ်ဖော်ပြောဆိုချက်
အရဆိုရင် ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲနေထိုင်တဲ့သူ အယောက် ၅၀၀၀ အပေါ် အခြေခံတဲ့ သုတေသန
ပြုလုပ်ချက်အရ ၇၀ ရာခိုင်နှုန်းက ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး တန်းတူခံစားခွင့်မရှိပဲ
ကျန်းမာရေးပိုင်းဆိုင်ရာ အခွင့်အရေးတွေ ချိုးဖောက် ခံနေရတယ်လို့ ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။
အယ်ဒီတာအဖွဲ့
20
August၊ 2010
Source:
http://www.pinknews.co.uk
coloursrainbow
- ခွဲခြားဆက်ဆံမှုတွေကြောင့်
ဆေးကုသမှု မခံယူတော့တဲ့ ဂျီမ




