5
Jul

ဂရိ HIV ပိုးစစ် ဥပဒေ

ဂရိ နိုင်ငံမှာ ပြည့်တန်ဆာတွေ၊ တရားမဝင် ဝင်လာသူတွေနဲ့ မူးယစ်ဆေး စွဲနေသူတွေကို HIV ပိုး ရှိမရှိ အတင်းအကျပ် စစ်ဆေးဖို့ သတ်မှတ်တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ဂရိ အစိုးရကို တောင်းဆို လိုက်ပါတယ်။

ဂရိ နိုင်ငံမှာ HIV ကူးစက်နှုန်း မြင့်မား နေတာကို ထိန်းချုပ်ဖို့ ဒီဥပဒေကို မနှစ်က ပြဌာန်း ပြီးသား ဖြစ်ပေမယ့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ကန့်ကွက် တိုက်ပွဲ ဆင်ခဲ့လို့ နောက်ပြန်ဆုတ် သွားခဲ့တာ ဖြစ်ပါတယ်။

အရင် တပတ်ကမှ တက်လာတဲ့ ကျန်းမာရေး ဝန်ကြီးသစ်က ဒီအစီအစဉ်ကို ပြန်ပြီး အသက်သွင်း ခဲ့တာပါ။ မနှစ်ကတော့ ပြည့်တန်ဆာလို့ သမုတ် ခံရသူတွေကို ဖမ်းပြီး ဆေးစစ် ခဲ့ပါတယ်။

HIV ပိုး ရှိကြောင်း တွေ့ရှိရသူ တချို့ကို ဓာတ်ပုံ ကိုယ်ရေး အချက်အလက်တွေနဲ့ တကွ ပြည်သူကို အန္တရာယ် ပေးမယ့်သူတွေ ဆိုပြီး ဂရိ သတင်းဌာနတွေကနေ ထုတ်ဖော် ရေးသား တာတွေလည်း လုပ်ခဲ့ ဖူးပါတယ်။

BBC - ဂရိ HIV ပိုးစစ် ဥပဒေ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top