23
Apr

ဂလိုဘယ်ဖန်းက မြန်မာနိုင်ငံကို အကူအညီပေးမည်



မြန်မာနိုင်ငံကို ၂၀၀၅ ခုနှစ်ကတည်းက
အကူအညီ ဖြတ်တောက်ထားခဲ့တဲ့ ဂလိုဘယ်ဖန်း အဖွဲ့ကြီးက ဒီနှစ်အတွင်း အကူအညီတွေ စတင်ပေးတော့မှာလို့
သတင်းရရှိပါတယ်။

အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်၊ ငှက်ဖျားနဲ့
တီဘီရောဂါတွေ တိုက်ဖျက်ရေးအတွက် အကူအညီတွေကို လာမည့် နိုဝင်ဘာလမတိုင်မှီ ပြန်စပြီးပေးတော့မှာပါလို့
ဂလိုဘယ်ဖန်း ပြန်ကြားရေးအရာရှိ တစ်ဦးဖြစ်တဲ့ မာဆယ်လာရိုဟိုက ပြောကြားပါတယ်။

လာမည့် ၂နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း
၁၀၀ နီးပါး အကူအညီတွေ ပေးသွားမှာလို့ မနှစ်က နိုဝင်ဘာလမှာ ဂလိုဘယ်ဖန်းက ပြောခဲ့ပါတယ်။
HIV/AIDS တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၁၅သန်း ငှက်ဖျားအတွက် ၃၇ သန်းနဲ့ တီဘီအတွက် ၄၃သန်း
အသီးသီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အကူအညီ ပေးနေတဲ့နေရာမှာ စစ်အစိုးရ အာဏာပိုင်တွေရဲ့
နှောက်ယှက်ဟန့်တားမှုတွေကြောင့် ဆိုပြီး ဒီအဖွဲ့ကြီးက ၂၀၀၅ ခုနှစ်မှာ အကူအညီတွေ ရပ်ပစ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ HIV/AIDS နဲ့ နေထိုင်သူပေါင်း
နှစ်သိန်းလေးသောင်း၊ ဒီဝေဒနာကြောင့် သေဆုံးတော့မယ့်သူ နှစ်သောင်းငါးထောင် ရှိတယ်လို့
ဂလိုဘယ်ဖန်းက ထုတ်ပြန်ကြေငြာထားပါတယ်။ ဒီရောဂါကို ခုခံနိုင်တဲ့ ARV ဆေးလိုအပ်နေသူပေါင်း
ခုနစ်သောင်းခြောက်ထောင် ရှိနေပြီး ဆေးရတဲ့သူကတော့ တသောင်း တစ်ထောင်လို့ ဆိုပါတယ်။ တီဘီ
ကူးစက်သူ ရှစ်သောင်းကျော်နဲ့ ငှက်ဖျားရောဂါ ဖြစ်နေသူ လေးသိန်း ခုနှစ်သောင်းကျော် ရှိနေတယ်လို့လည်း
ဂလိုဘယ်ဖန်းက ဖေါ်ပြထားပါတယ်။

မြန်မာ အစိုးရကတော့ ဂလိုဘယ်ဖန်းဆီကနေ
အကူအညီတွေ ရရေးအတွက် အချက်အလက်တွေ တင်ပြနိုင်ရန် နေပြည်တော်မှာ အရင်လတုန်းက ညှိနှိုင်းအစည်းအဝေး
ကျင်းပခဲ့ပါတယ်။ ကျန်းမာရေး ဝန်ကြီး ဌာနက ဦးဆောင်တဲ့ အဲဒီ အစည်းအဝေးကို ကုလသမဂ္ဂအဖွဲ့
အစည်းတွေနဲ့ အန်ဂျီအိုတွေအဖွဲ့ အစည်းတွေ တက်ရောက်ခဲ့ပါတယ်။

ဂလိုဘယ်ဖန်းက အကူအညီ ရုပ်သိမ်းထားခဲ့တဲ့
ကာလမှာ သြစတြေးလျ၊ ဥရောပါကော်မရှင်၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်၊ ယူကေ၊ ဒိန်းမတ် စတဲ့
နိုင်ငံတွေက သရီးဒီဖန်းကို တည်ထောင်ပြီး အလားတူ ရောဂါ တိုက်ဖျက်ရေး ငါးနှစ်စီမံကိန်းနဲ့
အမေရိကန်ဒေါ်လာ ၁၂၉ သန်းဖိုး စီမံကိန်းချပြီး ကူညီလာခဲ့ပါယ်။

 

DVB - ဂလိုဘယ်ဖန်းက မြန်မာနိုင်ငံကို
အကူအညီပေးမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top