29
Nov

ဂျပန်နိုင်ငံတွင် HIV ရောဂါပိုး ရှိသူ၏ သွေးကို လူနာ နှစ်ဦးထံသို့ သွင်းပေးခဲ့မိ

ဂျပန်နိုင်ငံတွင် HIV ရောဂါပိုးရှိ သူမှ လှူဒါန်းသော သွေးများကို လူနာနှစ်ဦး ထံသို့ သွင်းပေး ခဲ့ကြောင်းနှင့် ယင်းသွေးများသည် နိုဝင်ဘာ ၂၆ ရက်က ဂျပန်ကြက်ခြေနီ အဖွဲ့၏ ဆေးစစ်ချက် အတည်ပြုမှုကို ရရှိ ထားသော သွေးများ ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ ကြက်ခြေနီ အဖွဲ့ ကျန်းမာရေး အလုပ်သမားနှင့် သက်သာ ချောင်ချိရေး ဝန်ကြီးဌာနက အဆိုပါ သွေးကို လူနာ နှစ်ဦးထံသို့ ပေးသွင်း ခဲ့မိကြောင်း အတည်ပြု ခဲ့ပြီ ဖြစ်ပြီး ၎င်းတို့ နှစ်ဦး ရောဂါပိုး ကူးစက် ခံရခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ ဂျပန်နိုင်ငံတွင် ယခင်က HIV ပိုးပါသော သွေးသွင်းမှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီးနောက် ဂျပန် ကြက်ခြေနီ အဖွဲ့သည် ၂ဝဝ၄ ခုနှစ်မှ စတင်၍ သွေးစစ် ဆေးသည့် စနစ်များကို ပြန်လည် စိစစ်ခဲ့သည့် အချိန်မှ စ၍ ယခုကဲ့သို့ HIV ပိုးပါသော သွေးများကို လူနာများ ထံသို့ သွင်းပေးမှုသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။ ယခုလ အစောပိုင်းက လှူဒါန်း ထားသော သွေး အတွင်းမှ HIV ပိုးကို ရှာဖွေ တွေ့ရှိခဲ့ခြင်းကြောင့် ယင်းသွေးများကို သွေးသွင်းမှုတွင် အသုံးပြုခဲ့ခြင်း မရှိကြောင်းနှင့် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက သွေးလှူဒါန်းခဲ့သည့် အလှူရှင် တစ်ဦးတည်း၏ သွေးအတွင်း ယင်းရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဂျပန် ကြက်ခြေနီ အဖွဲ့နှင့် ဝန်ကြီးဌာန၏ ပြောကြားချက် အရ  သိရသည်။

တိုကျို  နိုဝင်ဘာ ၂၈ ညှိနှိုင်း

မြဝတီ - ဂျပန်နိုင်ငံတွင် HIV ရောဂါပိုး ရှိသူ၏ သွေးကို လူနာ နှစ်ဦးထံသို့ သွင်းပေးခဲ့မိ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top