အမေရိကန် R&B ဂီတအဆိုတော် ဂျဲနက်ဂျက်ဆန်တူး၊ သမ္မတဟောင်း ဘီ(လ်)ကလင်တန်နဲ့ ရုပ်ရှင်မင်းသမီး ဘရွတ်(ခ်)ရှီး(လ်) တို့ဟာ (၂၁-၅-၁၁) နေ့က သြစတြေးလျနိုင်ငံ ဗီယင်နာမြို့မှာ အိပ်(ခ်ျ)အိုင်ဗွီနဲ့ အေအိုင်ဒီအက်(စ်)ရောဂါသည်များ အတွက် ရန်ပုံငွေရှာတဲ့ Life Ball ဌာနဖွဲ့ဖို့ ပရိသတ် ထောင်ပေါင်းများစွာ နဲ့အတူ တက်ရောက် ခဲ့ပါတယ်။ နာတာရှာဘက်ဒင်းဖီး(လ်)၊ ဟိုလီဂျွန်ဆင်နဲ့ နာတလီယာကီး(လ်) တို့ရဲ့ ဂီတဖြေဖျော်မှုနဲ့ ဖက်ရှင်ပြပွဲတွေ ပါဝင်တဲ့ အဲဒီရန်ပုံငွေပွဲကို ဗီယင်နာမြို့ရဲ့ မြို့တော်ခန်းမမှာ ကျင်းပခြင်း ဖြစ်ပါတယ်။
ခန္ဓာကိုယ်ပေါ်မှာ ငှက်မွေးတွေ၊ ပန်းချီဆေးတွေနဲ့ သေးငယ်လွန်းတဲ့ အတွင်းခံ ဘောင်းဘီလေးတွေသာ ပါရှိတဲ့ ပရိသတ် အများစုဟာ အသက်ကယ်တင်မယ့် ဆေးကုသမှု မရရှိကြသေးဘူးလို့ အသိပေး ပြောကြားပါတယ်။ ကလင်တန်ဟာ (၂ဝဝ၂) ခုနှစ်က ဖွံ့ဖြိုးဆဲ နိုင်ငံတွေရှိ အိပ်(ခ်ျ)အိုင်ဗွီနဲ့အိတ်(ဒ်စ်) ရောဂါသည်တွေ ဆေးကုသခွင့် ရရှိရေးနဲ့ အမျိုးသားကျန်းမာရေး စောင့်ရှောင်မှုစနစ် မြှင့်တင်ရေး ကနဦး စီမံချက်ကို တည်ထောင်ခဲ့ပါတယ်။
(၁၉၈၈) ခုနှစ်က မိမိမှာ အိပ်(ခ်ျ)အိုင်ဗွီပိုး ရှိကြောင်း ရုပ်သံမှ ကြေညာတဲ့ တောင်အာဖရိကနိုင်ငံမှ အိတ်(ဒ်စ်)ရောဂါဆိုင်ရာ လှုပ်ရှားပြောင်းလဲရေး ဝါဒီတစ်ဦးကို အိမ်နီးချင်းတွေက ရိုက်သတ်ခဲ့ပုံ သူမက ပြောပြသွားပါတယ်။ “ဒီအဖြစ်မျိုး ကျွန်မတို့ ဆက်ဖြစ်ခွင့် မပေးနိုင်ဘူး” လို့ အိတ်(စ်)သုတေသန ဖောင်ဒေးရှင်း amFAR ရဲ့ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဂျဲနက်က ပြောပါတယ်။ ဘရွတ်ရှီး(လ်)ကတော့ ရုရှားနိုင်ငံရှိ အင်ဒရေးရိုင်းကော့(ဖ်)ဖောင်ဒေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ် အင်ယာဆာရင်းကို ယူရိုငွေ ၁ဝဝ,ဝဝဝ နှင့်အတူ မျှော်လင့်ခြင်း သလင်းကျောက်ကို ပေးအပ်ခဲ့ပါတယ်။
ဟင်းလေးအို - ဂျဲနက်ဂျက်ဆန်က အေအိုင်ဒီအက်(စ်) ရန်ပုံငွေမှာပါဝင်




