18
Mar

ငှက်ပျောသီးတွင် ပါဝင်သည့် ဓာတု ပစ္စည်းတမျိုး HIV တိုက်ဖျက်ရေး အတွက် အကျိုးရှိ



ငှက်ပျောသီးတွင်
ပါဝင်သော ဓာတု
ပစ္စည်းတမျိုး သည် HIV ပိုးကို တိုက်ဖျက်ရာတွင်
အာနိသင် ရှိနိုင်

ကြောင်း ပညာရှင်များက ပြောကြားခဲ့

ကြသည်။

အမေရိကန်နိုင်ငံ၊
မစ်ချီဂန် တက္ကသိုလ်မှ သုတေသီ

များက ငှက်ပျောသီးအား အကျိုးရှိစွာ လေ့လာ
မှု
များ ပြုလုပ်နိုင်ပါက အမျိုးသမီးများကို AIDS ရောဂါ ဖြစ်စေနိုင်သည့် ဗိုင်းရပ်စ်ပိုး
ကူးစက်ခြင်း
မှ ကာကွယ် ပေးနိုင်မည်ဟု
ယုံကြည်
နေကြသည်။

လက်တင်းဓာတ်
တမျိုးဖြစ်ပြီး Ban Lec ဟု အမည်ပေးထားသည့် ယင်း ဓာတ်ပစ္စည်းသည် HIV ကာကွယ်ဆေး ဖော်ထုတ်
နိုင်ရန် အသည်းအသန် ကြိုးပမ်းနေသည့်
ပညာရှင်များအတွက် မျှော်လင့်ချက် တခုလည်း ဖြစ်လာသည်။ Ban Lec သည် လူတဦး၏ ခန္ဓာကိုယ်အတွင်း
HIV ပိုး ပြန့်ပွားမှုကို တားဆီး ပေးနိုင်မည်ဟု ပညာရှင်များက ယူဆထားသည်။

သို့သော်လည်း
ဗိုင်းရပ်စ်ပိုး၏ ရင့်သန်လာမည့် သက်တမ်း အတိအကျနှင့် ခံနိုင်ရည်ကို HIV ကုသဆေး အချို့တို့က
မခန့်မှန်း
နိုင်သေးခြင်း ဖြစ်ပြီး
ယခု ဓာတုပစ္စည်းကမူ ပိုမို

ကောင်းမွန်သော ရလဒ်မျိုး ညွန်ပြနိုင်မည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။

ဒေါက်တာ
မိုက်ကယ်ဆွမ်ဆန်က HIV-1 အမျိုးအစား ဗိုင်းရပ်တွင် Ban Lec သည် ပူးပေါင်းသွားကာ သကြား
ဒြပ်ပေါင်း
အဖြစ်သို့ ရောက်ရှိသွားပြီး
ဗိုင်းရပ်စ်ပိုး၏ ပြန့်နှံ့မှုကို ကန့်သတ်ပေးနိုင်ခြင်း ရှိမရှိကို လေ့လာနေကြောင်း ပြောကြား
ခဲ့သည်။ အသေးစိတ် စမ်းသပ်မှုများကိုမူ
ပြုလုပ်နေဆဲ ဖြစ်သော်လည်း ထူးခြားသော အခြေအနေတခု ရရှိလာရန် ပညာရှင်
များက မျှော်လင့်လျှက် ရှိနေကြောင်း
သတင်း ရရှိသည်။

လူထုအသံ
- ငှက်ပျောသီးတွင် ပါဝင်သည့် ဓာတု

ပစ္စည်းတမျိုး HIV တိုက်ဖျက်ရေး အတွက် အကျိုးရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top