မတ်လ
၁၉ ရက်နေ့ထုတ် Biological Chemistry ဂျာနယ်တွင် ဖော်ပြထားချက်အရ ငှက်ပျောသီး၌ ပါဝင်သော
Ban Lec ဟုခေါ်ဆိုသည့် ဒြပ်ပေါင်းတစ်မျိုးသည် အိတ်ခ်ျ အိုင်ဗီကူးစက်မှုကို ဟန့်တားနိုင်ပြီး
ကြိုတင်ကာကွယ်မှုကိုလည်း ပြုလုပ်နိုင်စွမ်းရှိကြောင်း ဖော်ပြထားသည်။ ဓာတ်ခွဲခန်း စမ်းသပ်မှုများအရ
အမျိုးသမီးများ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခြင်းမှ ကာကွယ်ရာတွင်လည်း ယင်းဒြပ်ပေါင်းမှာ
အထောက်အကူပြုနိုင်ကြောင်း သိရသည်။
Ban
Lec ကို မီချီဂန် ဆေးတက္ကသိုလ်တွင်ပြုလုပ်သော သုတေသနတစ်ခုမှတဆင့် ရှာဖွေဖော်ထုတ် နိုင်ခဲ့သည့်
၎င်းဒြပ်ပေါင်းကို ငှက်ပျောသီးများမှ သီးခြားခွဲထုတ်နိုင်ခဲ့ပြီး ယင်းကိုလိင်မှတစ်ဆင့်
ကူးစက် သော HIV-1 ပိုးကို ကာကွယ်ရာတွင် အသုံးပြုနိုင်သည်ဟု ဆိုသည်။
Ban
Lec သည်ထိရောက်သော အိတ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေး
lectin ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး လက်ရှိ ဆေးကုသခန်းတွင်အသုံးပြုနေသော အိတ်ခ်ျအိုင်ဗီ
တိုက်ဖျက်ရေးဆေးဝါး နှစ်မျိုးဖြစ်သည့် T-20
နှင့် Maraviroc တို့နှင့် အာနိသင်ဆင်တူသည်ဟု ဆိုသည်။
Ban
Lec ဒြပ်ပေါင်းသည် သကြားဓာတ် ထိန်းချုပ်နိုင်သည့်အစွမ်း ရှိသောကြောင့် HIV-1
envelope ၏ နေရာအနှံ့တွင် တွေ့ရသော သကြားဓာတ်ကို ထိန်းချုပ်ထားနိုင်ရာ ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်ဝင်ရောက် လာနိုင်သည့်အခြေအနေမှ
ကာကွယ်ပေးနိုင်သည်။ အိတ်ခ်ျအိုင်ဗီဆေး ၀ါးတချို့၏ ပြဿနာမှာ ဗိုင်းရပ်စ်သည် မျိုးဗီဇပြောင်းလဲနိုင်ပြီး
ဆေးဝါးကို ခံနိုင်ရည် ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ယခုလေ့လာတွေ့ရှိမှုကြောင့်
လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မည်ဟု သုတေသနစာ တမ်းရေးသားသူများက ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် အိတ်ခ်ျအိုင်ဗီရောဂါ ကူးစက်မှုအများဆုံး နိုင်ငံများမှာ တောင်အာဖရိက၊ နိုင်ဂျီးရီးယား
နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။ ရောဂါလက္ခဏာပြင်းထန်မှုနှင့် ဆေးကုသမှုစရိတ်
မြင့်မားမှုကြောင့် ဆင်းရဲသောနိုင်ငံများတွင် ကြီးမား သော ပြဿနာတစ်ရပ် ဖြစ်နေဆဲဖြစ်သည်။
FIRST-11
- ငှက်ပျောသီးတွင်ပါဝင်သော ဒြပ်ပေါင်းက HIVကို ဟန့်တားနိုင်စွမ်းရှိကြောင်း သုတေသနတစ်ခုကဖော်ပြ




