လွတ်လပ်သောအာရှအသံ၊ မြန်မာဌာန၊
သတင်းများ 2008-03-29
မြန်မာပြည်မှာ
အေအိုင်ဒီအက်စ်ရောဂါဖြစ်ပွားနေသူတွေကို ကူညီကုသပေးတဲ့ နိုင်ငံခြားက
အဖွဲ့အစည်းတွေကို စစ်အစိုးရက ခွင့်မပြုတဲ့အတွက် ရောဂါပြန့်ပွားမှုတွေ
တိုးပွားနေရတဲ့ အကြောင်းကို ကမ္ဘာကျော် တိုင်းမ်စ် မဂ္ဂဇင်း ကြီးမှာ
ဖော်ပြလိုက်ပါတယ်။
မြန်မာစစ်အစိုးရက
အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ရောဂါနဲ့၊ ပတ်သတ်ပြီး ကူညီမဲ့နိုင်ငံတကာ
ဝန်ထမ်းတွေ၊ သံတမန် တွေကို သွားလာမှုကန့်သတ်ပြီး ဝန်ထမ်းတချို့ကို တိုင်းပြည်က
နှင်ထုတ်မှုတွေရှိနေကြောင်း၊ ဒါ့အပြင် တချို့ကို ပြည်ဝင်ခွင့် အလွယ်တကူမပေးပဲ
ထိမ်းချုပ်ထားတာတွေ ရှိနေတယ်လို့ တိုင်းမ်စ် မဂ္ဂဇင်းကြီးက ဖော်ပြလိုက်ပါတယ်။
ဒါ့အပြင် အေအိုင်ဒီအက်စ်ရောဂါသည်တွေကို
ကူညီနေတဲ့ အန်အယ်လ်ဒီပါတီဝင်ထဲပ စေတနာ့ဝန်ထမ်း ခေါင်းဆောင်တချို့ကို
ဖမ်းဆီးခဲ့လို့ အဲဒီလုပ်ငန်းတွေ ပျက်ပြားသွားခဲ့ ရကြောင်း အေအိုင်ဒီအက်စ်
ရောဂါ သည်တွေ ဆေးကုသဖို့လာရောက်မှီခိုကြရတဲ့ မဂ္ဂင်ကျောင်းတိုက်က သံဃာတွေကိုလည်း
ဖမ်းဆီးခဲ့ကြောင်း၊ မန္တလေးမှာဆိုရင် စေတနာ့ဝန်ထမ်း အခမဲ့လာရောက်ကူညီနေတဲ့
နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဆက်လက် ဆောင်ရွက်ခွင့်မပြုပဲ ပိတ်ထားခဲ့ကြောင်း၊
ဒါ့အပြင် အေအိုင်ဒီအက်စ် ရောဂါသည်တွေကို အစားအစာ ဖြန့်ဖြူးဖို့တောင် မန္တလေးမှာ
အာဏာပိုင်တွေက လွတ်လွတ်လပ်လပ်ခွင့်မပြုလို့ အငတ်ဘေးနဲ့ ရင်ဆိုင်နေရ ကြောင်း တိုင်းမ်
သတင်းထောက်က မန္တလေးကနေ သတင်းပေးပို့ထားပါတယ်။




