တနေ့က ကြားလိုက်ရတဲ့ စကားတခွန်းက ကျွန်တော် ကိုဆွံအ ထိတ်လန့်စေလို့.... ရွာသားတွေ ကြားရင်ဘယ်လိုများနေမလဲ သိချင်လို့ဗျာ..
ဒါနဲ့ ခင်ဗျားမှာ အေအိုင်ဒီအက် ရောပါ ဖြစ်နေခဲ့ပြီဆိုပါစို့..
လူကြားထဲမှာ ဆက်လက်ရှင်သန်ရပ်တည်ဖို့အတွက်.ဘယ်လိုစိတ်မျိုးမွေးပြီး နေထိုင် မိမယ်ထင်သလဲ..?
ကျွန်တော် တနေ့ ကကြားခဲ့ရတဲ့ ရောဂါသည် ဆိုတဲ့လူကတော့ ဒီလိုနေပါသတဲ့ဗျာ..
သူကဆေးကို အချိန်မှန် အတိအကျ သောက်ပါသတဲ့..အာဟာရ ဖြစ်မယ့်အစားအသောက်တွေ ကိုဝယ်စားဖို့လည်း ၀န်မလေးပါဘူး..
ပိုက်ပိုက်တတ်နိုင်တာကိုးဗျ...
ဟော.. အဲဒီလို ပိုက်ဆံ တတ်နိုင်တဲ့ လူဆိုတော့ တခါတလေ စိတ်ပါလာရင် ဘီယာလေး ဘာလေး စုတ်တယ်ပေါ့ဗျာ..
ဒီအထိကတော့ အေးဆေး ပြသာနာ မရှိသေးဘူးဗျ နော်..
ဆိုးလာတာက သူက မူးလာခဲ့ပြီဆိုရင်.ယောက်ျားထဲက တယောက်ပဲဆိုတော့ ညောင်းတတ် ညာတတ်တာပေါ့ဗျာ..
အဲဒီမှာ သူကလည်းပိုက်ဆံ တတ်နိုင်တဲ့ လူပီပီ ပိုက်ဆံသုံးရင် ဘာလုပ်လုပ်ရတယ်ဆိုတဲ့ ကျွန်တော်တို့ ကိုပေကြီးတို့ နောက်ပြောနေကြ ဆီမလူးပေမဲ့ လူချင်းလူး လူချင်းပူး လို့ရတဲ့နေရာတွေ ကို သွားပါသတဲ့…
ဟုတ်ကဲ့.. အဲဒီမှာ ပုတ်သင်ညိုကိုချစ်တတ်သူတွေကတော့ ပူစရာမလိုပေမဲ့ ဒီလူကတော့ အလွှာခြားရင် မကြိုက်ဘူးဆိုတော့ကာ..
တခါတလေ မူးပြီး သူဇွတ်အတင်းတာကြောင့်သော်လည်းကောင်း ပိုက်ဆံကြောင့်သော်လည်းကောင်း ( အဖော်မပါပဲ )ထင်သလို လုပ်ခွင့် အတော်ရခဲ့ပါတယ်တဲ့...
ကျွန်တော်တော့ သူပြောပြတာကို နားထောင်ရင်းနဲ့ မျက်နှာခွက်ကို လက်သီးနဲ့ အချက်နှစ်ဆယ်လောက်ထိုးပစ်လိုက်တယ်...(စိတ်ထဲကပါဗျာ)
ကဲဗျာ..ဘယ်လောက် ထိတ်လန့်ဖို့ကောင်းသလဲ လို့…
ဒီလိုနေရာတွေမှာ အသက်မွေးကြရင် ဒီလိုရောဂါတွေ မတော်တဆ ကူးတတ်တယ်ဆိုပေမဲ့.. ဒီလို သိသိကြီးနဲ့ လုပ်တာကြီးကတော့.....
ရေးနေရင်းနဲ့တောင် စိတ်မောလာတယ် …
ကျန်တာတော့ ဆက်စပ်ပြီးသာ တွေးကြည့်ကြရင်း..
ကိုယ့်ရွာသားတွေ များသွားတတ်လာတတ်ကြရင် သတိလေးတွေနဲ့ သွားလာကြဖို့ သံချောင်း ခေါက်ပေးတယ် လို့ပဲ….
ရတနာပုံ - စိုးထိတ်မိတယ်.. ၄လုံးရယ်




