HIV ကူးစက်ခံနေရပြီး စီဒီဖိုးဆဲလ်
၃၅၀ အထိ ရောက်ရှိနေသူ အားလုံးအား ARV ဆေးတိုက်ကျွေးရန် WHO က နိုင်ငံတိုင်း အား
ညွှန် ကြားချက် ထုတ်ပြန် ထားကြောင်း သိ ရသည်။
စီဒီဖိုးဆဲလ်သည် လူသားများ၏
သွေးထဲတွင် ပါဝင်နေပြီး ပြင်ပမှဝင်ရောက်လာမည့် ရောဂါများကို တားဆီး ကာကွယ်ပေးသည့်
ဆဲလ်ဖြစ်ကာ၊ သွေးတစ်စက်လျှင် စီဒီဖိုးလ် ဆဲလ် ၁,၂၀၀ အထိ ပါရှိ သည်။ အဆို ပါ
စီဒီဖိုးဆဲလ် အရေ အတွက် ၂၀၀ အောက် ရောက်ရှိသွားပါက ပြင်ပမှ အခွင့်အရေးယူ ရောဂါများ
ဝင်ရောက်လာနိုင်သည့် ရောဂါလက္ခဏာအများစု ဖြစ်ပေါ်လာနိုင်သည်ဟု သိရသည်။ စီဒီဖိုး ဆဲလ်
အရေအတွက် ၃၅၀ သည် အဆိုပါ ရောဂါများကို တိုက်ခိုက်ချေဖျက်နိုင်သည့် အခြေ အနေ
ဖြစ်သည့် အတွက် WHO က ယင်းကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
အဆိုပါကဲ့သို့ စီဒီဖိုး ဆဲလ် ၃၅၀
သို့ ရောက်ရှိနေသူတိုင်းအား ARV ဆေးတိုက်ကျွေးရန် ညွှန်ကြား ချက်ကို WHO က ၂၀၁၀
ပြည့်နှစ်၊ နှစ်ကုန်ပိုင်းက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ ညွှန်ကြား ချက်ထုတ်ပြန်ရခြင်းမှာလည်း
နိုင်ငံတကာတွင် စီဒီဖိုးဆဲလ် ၂၀၀ ရောက်မှသာ ARV ဆေးတိုက်ကျွေးနိုင်သည့်အခြေအနေ များပြားလာခြင်း ကြောင့်ဟု သိရ သည်။
ပြည်တွင်းတွင် လည်း HIV / AIDS
တိုက်ဖျက်ရေး လုပ်ငန်းများ တွင် ငွေကြေး အခြေအနေအရ ထို ကဲ့သို့ စီဒီဖိုးဆဲလ် ၂၀၀
ရောက်မှသာ တိုက်ကျွေးနိုင်သည့် အခြေအနေရှိနေကြောင်း ဒေါက်တာ ရဲမွန်မြင့် (HIV
တားဆီး တိုက်ဖျက်ရေး လုပ် ငန်း)က ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိ အခြေအနေအရ
ARV ဆေးတိုက်ကျွေးနိုင်သူဦးရေမှာ နှစ်သောင်းကျော်သာ ရှိသဖြင့် ARV ဆေး
လိုအပ်နေသူများ နေရာအနှံ့ရှိနေသည်ဟု ဆိုသည်။ HIV / AIDS ငှက်ဖျားနှင့် တီဘီ
ရောဂါများ တာဆီးကာကွယ်ရေးအတွက် မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်လာသော Global
Fund က ARV ဆေးကို လူဦးရေ လေးသောင်း အထိ ပေးရန်လျာထားချက်ရှိရာ လက်ရှိ နှစ်သောင်း
နှင့်ဆိုပါက ဆေးပေးနိုင် သူဦးရေ ခြောက်သောင်းအထိ ရှိလာနိုင်မည်ဖြစ်ပြီး တစ်သောင်းကျော်ခန့် လိုအပ်နေသေးသဖြင့် ပြည်တွင်းအလှူရှင်များ ရှိပါက ဖိတ်ခေါ်ပါကြောင်း
ပြောကြား ခဲ့သည်။
အေးမြခိုင်
မြန်မာပို့စ်
သတင်းဂျာနယ် - စီဒီဖိုးဆဲလ် ၃၅၀ ရှိသူတိုင်းအား ARV ဆေးတိုက်ကျွေးရန် WHO က
ညွှန်ကြားချက် ထုတ်ပြန်




