3
Aug

စီပိုး၊ အေ့ဒ်စ် ဗိုင်းရပ်စ် ပိုးကောင်ရေ စစ်ဆေးနိုင်



ဗိုင်းရပ်စ်ပိုး ၀င်ရောက်ကူး စက်ခံရသော ရောဂါများဖြစ်သည့်
အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးနှင်
HIV/AIDS ခုခံအားကျ ဆင်းမှုရောဂါ ရရှိထားပါက ခန္ဓာ ကိုယ်တွင်း
ဗိုင်းရပ်စ်ပိုးကောင်ရေ ရေတွက်ခြင်း (
RT- PCR Viral Load) ကို ဆောင်ရွက်နိုင်ကြောင်း SML Medical & Diagnostic
Centre 
မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါရောဂါများနှင့် ပတ် သက်သည့် ကုသဆေး ကာကွယ်
ဆေးများသောက်သုံးရာတွင် ယင်း ရောဂါပေါ် အကျိုးသက်ရောက်မှုရှိ၊ မရှိကို
ယင်းဗိုင်းရပ်စ်ပိုး ကောင်ရေ လျော့နည်းမှုရှိ၊မရှိ ရေတွက်ကြည့် ခြင်းဖြင့်
သိရှိနိုင်ကြောင်း၊ ပိုးကောင် ရေလျော့ကျသွားခြင်း၊ ပွားများလာ ခြင်းတို့က
သုံးစွဲနေသောဆေး၏ ရောဂါအပေါ် ထိရောက်မှု စွမ်း ရည်ကိုသုံးသပ်နိုင်ကြောင်း ၎င်းက ဆိုသည်။

 

ခန္ဓာကိုယ်တွင်းသို့ HIV/AIDSရောဂါ ဗိုင်းရပ်စ်ပိုးပါသော သွေး လက်ဖက်ရည်ဇွန်း
တစ်ဇွန်းဝင်လျှင် ပါဝင်သော ဗိုင်းရပ်စ်ကောင်ရေ ငါးသောင်းခန့်ရှိနိုင်ပြီး အသည်း
ရောင်အသားဝါ ဘီပိုး ပါဝင်သော သွေးလက်ဖက်ရည်ဇွန်း တစ်ဇွန်းဝင်လျှင် ပါဝင်နိုင်သော
ဗိုင်းရပ်စ် ပိုးကောင်ရေမှာ ငါးသန်းခန့်ရှိကြောင်း အသည်းရောဂါအထူးကု
ပါမောက္ခဒေါက်တာ ဦးခင်မောင်ဝင်း က ဆိုသည်။

 

ဗိုင်းရပ်စ်ပိုးကောင်ရေ ရေတွက် စစ်ဆေးခြင်းသည် ကုန်ကျစရိတ်များသော
လူနာအတွက်မူ ထိရောက်သော ဆုံးဖြတ်ချက်များပေးနိုင်သည့် စစ်ဆေးမှု တစ်ရပ်ဖြစ်ကြောင်း
အထူးကုဆရာဝန်ကြီး တစ်ဦးက ဆိုသည်။

မြန်မာ့ပို့စ် သတင်းဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top