အိန္ဒိယနိုင်ငံတစ်ဝန်းရှိ
လူတစ်ထောင်ကျော်ကို လေ့လာခဲ့မှုအရ နိုင်ငံတကာ စံနှုန်းဖြင့် ထုတ်လုပ်ထားသော
ကွန်ဒုံးတို့သည် အိန္ဒိယသားအများစု အတွက် အရွယ်အစားကြီးလွန်းနေသည်ဟု သိရသည်။
လေ့လာအစမ်းသပ်ခံသူ အမျိုးသား
၁၂၀၀ ကျော်ကိုလေ့လာခဲ့ရာ၌ ထက်ဝက်ကျော်ခန့်၏ လိင်အင်္ဂါသည် နိုင်ငံတကာ
စံနှုန်းများအတိုင်း ထုတ်လုပ်ထားသည့် ကွန်ဒုံးတို့တပ်ဆင်အသုံးပြုရာတွင်
ရှည်လွန်းနေသည်ဟု သိရသည်။ အိန္ဒိယဆေးပညာသုတေသနကောင်စီက နှစ်နှစ်ကြာပြုလုပ်ခဲ့သော
ယင်းသုတေသနအရ အိန္ဒိယသားတို့အတွက် အဆင်ပြေစေမည့် ကွန်ဒုံးများ ထုတ်လုပ်
ပေးရန်လိုအပ်ပြီဟုဆိုသည်။ ကောင်စီမှ ပညာရှင်တို့သည် အိန္ဒိယနိုင်ငံတလွှား ကျေးလက်မြို့ပြအနှံ့
ကိုယ်စားပြုနမူနာအနေဖြင့် စမ်းသပ်ခံဝံ့သူတို့ကို လေ့လာခဲ့ခြင်းဖြစ်ပြီး ၆၀
ရာခိုင်နှုန်းခန့်တို့သည် နိုင်ငံတကာစံနှုန်းနှင့် ယှဉ်လျှင် သုံးလက်မမှ နှစ်လက်မခန့်
တိုနေသည်ဟု သိရသည်။
Ref: BBC
http://www.weeklyeleven.com/modules.php?name=News&file=article&sid=8964




