7
Aug

ဆက်ဆံရာမှာ ပါးစပ်ကိုသုံးရင် ရနိုင်တဲ့ ကူးစက်ရောဂါတွေ

ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကြောင့် ဘာရောဂါတွေများ ရနိုင်ပါသလဲ။ ဆရာရေးထားတာ ရှာလို့မတွေ့လို့ပါ။

(၁) HIV
အဖြစ်နိုင်ချေ အလွန်နည်းပါတယ်။ ရာနှုန်းပြည့် စိတ်ချရတယ်လို့ မပြောနိုင်ပါ။ (ကွမ်ဒွမ်) သုံးတာကနေ ကာကွယ်နိုင်တယ်။ ပါးစပ်ကို အသုံးပြုသူမှာသာ ကူးစက်လာစေနိုင်တာက များပါတယ်။ အပြုခံသူကို မဟုတ်ပါ။

(၂) Herpes လိင်လမ်းရေယုံ
Genital herpes လိင်လမ်းရေယုံ ကိုဖြစ်စေတာက HSV-2 နဲ့၊ Oral herpes ပါးစပ်ရေယုံကိုဖြစ်စေတာက HSV-1 ဖြစ်တယ်။ မတူပါ။ ၂ မျိုးလုံးကနေ ကူးစေနိုင်ပါတယ်။ အပြန်အလှန် ကူးစက်နိုင်တယ်။ ဒီပိုးမျိုးက မြင်နေ ရတဲ့ ရေယုံအနာမရှိလဲ သွေးထဲမှာ ပါနေရင်လဲ ကူးစေနိုင်သေးပါတယ်။ Zovirax (Acyclovir) ဆေးသောက်ပြီး ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ရာနှုန်းပြည့်မကာကွယ်ပါ။

(၃) HPV လိင်လမ်းရေယုံ
ကူးနိုင်ပါတယ်။ လည်ချောင်းကင်ဆာအထိဖြစ်လာစေနိုင်တာ သတိထားပါ။ ပိုးရှိမိခင်ကနေ မွေးလာမဲ့ကလေးကိုလဲ ကူးစက်နိုင်သေးတယ်။

ဒေါက်တာတင့်ဆွေ (၆-၈-၂ဝ၁၃ )

ဒေါက်တာတင့်ဆွေ - ဆက်ဆံရာမှာ ပါးစပ်ကိုသုံးရင် ရနိုင်တဲ့ ကူးစက်ရောဂါတွေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top