16
Nov

ဆက်ဆံရာမှာ ပါးစပ်သုံးခြင်း

(၁) HIV
လိင်ကတဆင့် ကူးစက်ရောဂါရဘို့ နှိုင်းယှဉ်ရင် အန္တရာယ် နည်းတယ်။ ဗဂျိုင်းနားနဲ့ စအိုလမ်းတွေထက် နည်းတယ်။ ကူးစက်ဘို့ မဖြစ်နိုင်တာတော့ မဟုတ်ပါ။ Latex လေးတက်စ် ကွမ်ဒွန်၊ Polyurethane ပေါ်လီယူရီသိန်း ကွမ်ဒွမ်၊ Female condoms အမျိုးသမီးသုံး ကွမ်ွးန်တွေကေ ကူးစက်ဘို့ အခွင့်အလမ်းကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်။ ပြုလုပ်ပေးသူရဲ့ ပါးစပ်နေရာမှာ Cuts ပြတ်ရှတာ၊ Sores အနာအဆာရှိတာ ဆိုရင် ပိုပြီး ကူးစက်လာစေနိုင်တယ်။ Ejaculation သုက်ရည်ကို ပါးစပ်ထဲထည့်ရင်လဲ အတူတူဘဲ။ သွားရောဂါအတွက် ခွဲစိတ်ထားရရင်လဲ ဖြစ်နိုင်တယ်။ တခြား လိင်ကတဆင့်ကူးစက်ရောဂါတွေလဲ အတူတူဘဲ။ အဓိကကတော့ ပြုလုပ်ပေးသုဖြစ်တယ်။

(၂) Herpes ရေယုံ
Genital herpes လိင်လမ်းရေယုံကို ဖြစ်စေတာက HSV-2 နဲ့ ပါးစပ်-နှုတ်ခမ်းရေယုံကို ဖြစ်စေတာက HSV-1 ဗိုင်းရပ်စ် အမျိုးအစား မတူကြပါ။ ဒါပေမဲ့ ၂ မျိုးလုံးဟာ ပါးစပ်ကို ဆက်ဆံရာမှာ သုံးလို့ နေရာ ၂ ခုလုံးကို ကူးစက်လာနိုင်တယ်။ ရေယုံဟာ မျက်စိနဲ့ မမြင်ရဘဲလဲ ရှိနေနိုင်တာကို သတိပြုရပါမယ်။ ကာကွယ်တဲ့ အနေနဲ့ Zovirax (acyclovir) ဆေးသုံးရင် အခွင့်အလမ်းကို နည်းစေပေမဲ့ ရာခိုင်နှုန်းပြည့် မဟုတ်ပါ။ Condoms ကွမ်ဒွန်ကနေလဲ အပြည့်အဝ မကာကွယ်နိုင်ပါ။ အရေပြားကနေ အရေပြားကို ကူးစက်နိုင်လို့ဖြစ်ပါတယ်။

(၃) HPV ကြွက်နို့
ကူးစက်နိုင်တယ်။ ခံတွင်းကင်ဆာနဲ့ လည်ချောင်း ကင်ဆာတွေကိုလဲ ဒီဗိုင်းရပ်စ်ကနေ ဆက်ဖြစ်လာနိုင်တာကို သတိပြုရပါမယ်။ HPV ပိုးဟာ ပိုးရှိမိခင်ကနေ မွေးလာမဲ့ကလေးကိုလဲ မွေးဖွါးဖြစ်စဉ် အတွင်းမှာ ကူးစက်နိုင် တယ်။ Condoms ကွမ်ဒွန်နဲ့ Dental dams သွားတပ်စရာတွေကနေ ကူးစက်မဲ့ အခွင့်အလမ်းကို နည်းစေနိုင်တယ်။ ဒါလဲ ရာနှုန်းပြည့်မဟုတ်ပါ။

(၄) Gonorrhea ဂနိုးရီးယား
ကနေ့ကာလမှာ လငယ်လူရွယ်တွေ လည်ချောင်းနာလို့လာရင် ဂနိုးရီးယားပိုးကြောင့် ဖြစ်နေသူတွေ တိုးလာတယ်။ ကုသရလဲ အတော်ခက်ခဲလှတယ်။ ဆက်ဆံသူနှစ်ဦးမှာ အပြန်အလှန် ကူးစေတယ်။ Condoms ကွမ်ဒွန်နဲ့ Dental dams သွားတပ်စရာတွေကနေ ကူးစက်မဲ့ အခွင့်အလမ်းကို ကောင်းကောင်းကာကွယ်နိုင်တယ်။

(၅) Chlamydia ကလာမိုင်းဒီးယား
ပြုလုပ်ပေးသူကိုရော အပြုခံသူကိုပါ ကူးစေနိုင်တယ်။

(၆) Syphilis ဆစ်ဖလစ်
အလွန် ကူးစက်နိုင်တယ်။ အမေရီးကားမှာ ဆစ်လစ်ဖြစ်သူတွေရဲ့ ၁၅% ဟာ ပါးစပ်သုံးရာကနေ ကူးတာဖြစ်တယ်။ ရောဂါလက္ခဏာတွေ ရှိနေချိန် (အဆင့် ၁ + ၂) မှာ ကူးစက်တယ်။ သတိပြုဘို့က မနာတဲ့အနာဖြစ်လို့ မသိဘဲ နေတတ်တယ်။

(၇) Hepatitis B ဘီပိုး
သုတေသနတွေ လုပ်ပေမဲ့ အချုပ်ပြောဘို့ မသေခြာသေးပါ။ Oral-anal contact ပါးစပ်+စမို လမ်းကနေဆိုရင်တော့ Hepatitis A ကူးစက်မှာ သေချာတယ်။ Hepatitis B အတွက်လဲ မကူးဘူးလို့ ပြောမရပါ။ (အေ) ရော (ဘီ) ရောကို ကာကွယ်ဆေး ထိုးထားနိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ (၁၅-၁၁-၂ဝ၁၃)

ဒေါက်တာတင့်ဆွေ - ဆက်ဆံရာမှာ ပါးစပ်သုံးခြင်း 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top