အလှူရှင် အမြန်ဆုံးပေါ်ပေါက်လာရန် အတွက် ဝိုင်းဝန်း share ပေးဖို့ မေတ္တာရပ် ခံအပ်ပါသည်။
HIV ဝေဒနာရှင်များရဲ့ နေထိုင်ရေးအတွက် လာမည့် အနာဂတ် -
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ တော်ဝင်လမ်းရှိ ကံ့ကော်ပင်ကျောင်းတိုက် ဝန်းထဲက ဆည်းဆာရောင်ခြည် HIV ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့၊ လူနာ (အခမဲ့) တည်းခိုဆောင်လေးဟာ ၂၀၁၅ ခုနှစ်ကုန်တာနဲ့ လက်ရှိမြေနေရာကနေ ဖယ်ပေးရမှာပါ။ ဝေဒနာရှင်များရဲ့ အသက်ရှင်သန်နေစဉ်ကာလမှာ အေးချမ်းစွာ နေထိုင်စားသောက်ရေးကို အခက်အခဲတွေကြားက ကျွန်တော်၊ ကျွန်မတို့ ဆည်းဆာရောင်ခြည် အဖွဲ့သူ အဖွဲ့သားများက အစဉ်ပြေချောမွေ့အောင် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ အလှူရှင်များ အနေနဲ့လည်း ဝေဒနာရှင်များရဲ့ ရည်ရှည်ရပ်တည် နေထိုင်ရေးအတွက် ဆည်းဆာရောင်ခြည် (အခမဲ့) တည်းခိုဆောင်လေး မြေနေရာ အသစ်ရရှိရန် ဝိုင်းဝန်းပြီး အလှူခံပေးစေလိုပါတယ်။
ဆည်းဆာရောင်ခြည် (အခမဲ့) တည်းခိုဆောင်ရှိ ဝေဒနာရှင်များကလည်း မြေနေရာ အလှူရှင်များကို မျှော်လင့်စောင့်စားနေပါတယ်။
မြေနေရာအတွက် အလှူငွေထည့်ဝင်လိုသော အလှူရှင်များ အနေဖြင့် မြေ (၁) ပေပတ်လည်လျှင် ၂၀၀၀ိ/-နှုန်းဖြင့် -
- KBZ Bank (ရွှေပြည်သာ) Account No. 1801220001612
- C B Bank(ရွှေပြည်သာ) Account No. 0077600100015393
- ထွန်းဖောင်ဒေးရှင်းဘဏ် (ဘုရင့်နောင်) Account No. 0020020480015 များသို့ နည်းများမဆို ထည့်သွင်း၍ လည်းကောင်း၊
စီမံခန့်ခွဲရေးကော်မတီ ဖုန်းနံပါတ် -
- ဦးကျော်နိုင် - 09250523832
- ဦးအောင်မျိုးဝင်း - 09425316601
- ဒေါ်ကေသွယ်ထက်- 0973062900
- ဦးမြင့်ဇော် - 09250412196
- မြေနေရာဖြစ်မြောက်ရေးကော်မတီဖုန်းနံပါတ်-
- ဒေါ်ခင်ခင်ထွေး - 0973062216
- ဦးမျိုးမြင့်လွင် - 0931851616
- ဒေါ်ဖြူဖြူအောင် - 09976455074 တို့ထံ ဆက်သွယ်၍ လည်းကောင်း၊ လှူဒါန်းနိုင်ပါတယ်။
အကူအညီ လိုအပ်နေသော လူနာများကိုလည်း ကျွန်တော်တို့ ဆည်းဆာဂေဟာမှာ လာရောက်တည်းခိုနေထိုင်ပြီး ဆေးဝါး ကုသနိုင်ဖို့ မေတ္တာပေါင်းကူး လုပ်ပေးကြပါခင်ဗျာ။
ဆည်းဆာဂေဟာသို့ လာရောက်လေ့လာရန်အတွက် လမ်းညွန်ကတော့ ၁၇၇/၉၉/၈၂/၁၂၄ ကားများစီး၍ ရွှေပြည်သာမြို့၊ မြို့မရဲစခန်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံ အနီးက တော်ဝင်မှတ်တိုင်မှာဆင်းပါ။ ဂေဟာရှိ လူနာများထံ တိုက်ရိုက်ဆက်သွယ် စုံစမ်းလေ့လာနိုင်သော ဖုန်းများမှာ - 0931079150 နှင့် 09250680883 ဖြစ်ပါတယ်။
ဆည်းဆာရောင်ခြည် - ဆည်းဆာရောင်ခြည် HIV ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့




