နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ဒါရိုက်တာဖြစ်သူ ဖရန့်ခ်စမစ်ဟူးဝစ်က ၎င်းတို့၏ ဆေးကုသမှု အစီအစဉ်တွင် ကုသခံနေရသူအများစုမှာ အဆိုးဆုံး ဆိုင်ကလုန်းမုန်တိုင်း ဒဏ်မှလွတ်မြောက်သည့် မြို့ပြတွင်အခြေစိုက် နေထိုင်ကြသူများ ဖြစ်သည်ဟုပြောသည်။
“ရန်ကုန်မှာကျနော်တို့ရဲ့အစီအစဉ် ကြီးကြီးမားမားရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာက သေကြေသူတွေထက်စာရင် ကမောက်ကမ ဖြစ်တဲ့သူတွေ ပိုများတယ်။ ARV ကုသမှုခံနေတာ ပျက်သွားတဲ့ လူနာတွေရှိတယ်။ ပလပ်စတစ်အိတ်နဲ့ ရေထဲပျော်နေတဲ့ ဆေးတွေကိုင်ပြီး ရောက်လာတဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့တွေကို ဆေးပြန်ထုတ်ပေးရတာက လွယ်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ကျနော်တို့ရဲ့ ဆေးခန်းတွေက မုန်တိုင်းပြီး နောက်တစ်နေ့မှာ ပြန်ဖွင့်တာပဲလေ”ဟုဖရန့်ခ်ကပြောသည်။
နိုင်ငံတကာAIDS အဖွဲ့အစည်းတော်တော်များများ၏ အကူအညီနှင့် မြန်မာနိုင်ငံတွင်းရှိHIV နှင့်နေထိုင်သူများကို ကုသပေးနေသော နယ်စည်းမခြား ဆရာဝန်များအဖွဲ့သည် ၎င်းတို့၏ လူနာများကို မျက်ခြေပြတ်မခံဘဲ ဆေးဝါးထောက်ပံ့ ကူညီမှုများပေးနေသည်။
“ဒီအဖွဲ့တွေကဘေးဒုက္ခ္ခအခက်အခဲဖြစ်နေချိန်မှာ လူမှုအဖွဲ့အစည်းအတွင်း စည်းလုံးမှဖြစ်မယ်ဆိုတာ အတွေ့အကြုံရှိပြီးသားလေ။ ချက်ချင်းပဲ ဒုက္ခ္ခရောက်နေတဲ့ နေရာတွေရောက်သွားကြတယ်။ငွေကြေးကူညီမှု ပေးမယ့်အကြောင်း၊ လိုအပ်တဲ့ဆေးတွေ ဘယ်မှာပိုရနိုင်ကြောင်း သတင်းတွေဖြန့်ကြတယ်”ဟု မြန်မာနိုင်ငံရှိUNAIDS တာဝန်ခံ ဘရိုင်ယန်ဝီလျမ်စ်ကပြောသည်။
ကယ်ဆယ်ရေး အေဂျင်စီများကလည်း ဆိုင်ကလုန်းဒဏ် ခံရပြီး ရှင်သန်ကျန်ရစ်သူတွေထက် HIV ရောဂါ ကျွမ်းနေသူများကို ပိုမိုထောက်ပံ့မှုများ မပြုလုပ်သင့်ကြောင်း သတိပြုကြသည်ဟုဘရိုင်ယန်ကပြောသည်။
ဆိုင်ကလုန်းဒဏ်ကို အဆိုးဆုံးခံရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခွင့် ပြုသော ကယ်ဆယ်ရေး အဖွဲ့အစည်းများသည် မုန်တိုင်းဒုက္ခ္ခသည်များ၏ အခြေခံအကျဆုံးသော လိုအပ်ချက်များဖြစ်သည့် စားဝတ်နေရေးနှင့် ပတ်သက်ပြီး ကူညီပေးနိုင်ရန် ကြိုးစားနေကြသည်။ သို့ရာတွင် နိုင်ငံတကာNGO အဖွဲ့အတော်များများသည် နိုင်ငံတွင်းသို့ နိုင်ငံခြား ကယ်ဆယ်ရေး လုပ်သားများကို တားမြစ်ထားသည့် အစိုးရ၏တားမြစ်ချက်များ အတိုင်းလိုက်နာ သွားလာနေရဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင်း တွင်ဝန်ထမ်း(၁၀၀၀)ခန့် ရှိနေပြီဖြစ်သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့ အနေနှင့် မုန်တိုင်းဒဏ် ခံရမှုကို အလျင်အမြန် ကူညီဆောင်ရွက်မှုတွေလုပ်ပေးနိုင်ခဲ့သည်။
“မုန်တိုင်းဒဏ် ခံရတဲ့ဖက်မှာ ကျနော်တို့ရဲ့ ၀န်ထမ်းတွေ မရှိဘူး။ဒါပေမဲ့ ရှိနေတဲ့ဝန်ထမ်း တွေကိုကျနော်တို့ ရွှေ့ခိုင်းလိုက်တယ်” ဟုဖရန့်ခ်ကပြောသည်။ ဆေးဖက်ဆိုင်ရာ ရံပုံငွေအနေနှင့် အစားအစာ မက်ထရစ်တန်(၁၀၀၀)၊ အမိုးအကာ (၆၀၀၀၀) နှင့် ရေသန့်စက် အတော်များများပို့ပေးနိုင်ခဲ့သည်။
မြန်မာအစိုးရသည်AIDS ကိုပြဿနာတစ်ရပ်လိုသဘောထားပြီးNGO အဖွဲ့များကAIDS နှင့်ပတ်သက်ပြီး လုပ်ဆောင်နေကြသည်။
သို့ရာတွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏HIV ကာကွယ်ရေးအားထုတ်မှု နေသားတကျဖြစ်လာနိုင်သည်။
“ကျနော်တို့က အမျိုးသမီးတွေရဲ့ ကာကွယ်မှုတွေနဲ့ ပတ်သက်ပြီး အတော်စိတ်ပူနေကြရတာ။ ဖြစ်ကတတ်ဆန်း နေရာတွေမှာ နေနေကြရတဲ့ အိုးမဲ့အိမ်မဲ့လူတွေကလည်း အများကြီးပဲ။ အဲလိုနေရာတွေ သွားဖို့ဆိုတာကလည်း ကန့်သတ်ထားတာ တွေရှိနေပြန်ရော။ အဲဒီလိုနေရာမျိုးတွေမှာ အမျိုးသမီးတွေရဲ့ နေထိုင်ရေး လုံခြုံမှုဆိုတာ သေသေချာချာမှလုပ်ထားပါရဲ့လား ဆိုတာကျနော်တို့ မသိရဘူးလေ”ဟုဝီလျမ်စ်ကပြောသည်။
“အရေးပေါ် အနေအထားအများစုမှာ လိုပဲကျနော်တို့တွေဟာ အမျိုးသမီးတွေအတွက် စိတ်ပူနေရတယ်။သူတို့တွေအဆင်ပြေတဲ့၊အားကိုးစိတ်ချစရာ ဖြစ်မယ့် လိင်လုပ်ဆောင်မှုမျိုးတွေချို့တဲ့ရင် ချို့တဲ့နေမလားဆိုပြီးပူရတယ်”ဟုဝီလျမ်စ်ကပြောသည်။




