Urinary tract infection (UTI) ဆီးအောင့်ရောဂါ ၁၈% တိုးလာနေတယ်။ ၂ဝ၁၈ ခုနှစ်ရောက်ရင် သန်းပေါင်း ၂၃ဝဝ ဒီရောဂါ ခံစားကြရနိုင်တယ်" လို့ မြောက်-ကရိုလိုင်းနား၊ ဆေးတက္ကသိုလ် သုတေသနတခုက ဆိုလိုက်ပါတယ်။ တောင်အမေရိကားမှာ ၃ဝ%၊ အာဖရိကမှာ ၂ဝ့၅%၊ အာရှမှာ ၂ဝ%၊ မြောက်အမေရိက ၁၆% နဲ့ ဥရောပမှာ ၂့၅% ဒီရောဂါ ဖြစ်တာ တိုးလာနေတယ်။ Urinary tract ဆီးလမ်းကြောင်းဆိုတာ Kidneys ကျောက်ကပ်နှစ်ခု၊ ကျောက်ကပ်ကနေ ဆီးအိမ်ထဲဝင်တဲ့ Ureters ဆီးပြွန်နှစ်ခု၊ ဆီးအိမ်တခုနဲ့ Urethra ဆီးထွက်ပြွန်တခုတွေကို စုပေါင်းခေါ်တာ ဖြစ်တယ်။
(UTI) ဖြစ်စေတဲ့ပိုးတွေဟာ Bacteria ဗက်တီးရီးယား၊ Fungi ဖန်းဂတ်စ် နဲ့ Parasites (ပါရာဆိုက်) တွေ ဖြစ်နိုင်တယ် ဆီးထွက်ပြွန် ရောင်တာကို Urethritis ခေါ်တယ်၊ ဆီးအိမ်ရောင်တာကို Cystitis ခေါ်ပြီး၊ ကျောက်ကပ်ရောင်တာကို Pyelonephritis လို့ ခေါ်တယ်။ Prostate ယောက်ျားဆီးကျိတ်၊ Epididymis ယောက်ျားအစိ၊ Vagina မိန်းမမွေးလမ်းတွေရောင်တာမျိုးနဲ့ ဆက်စပ်နေသေးတယ်။
ဆီးလမ်းကြောင်းရောင်တာဟာ လိင်ဆက်ဆံလို့ မကူးစက်နိုင်ဘူးလို့ ယူဆသူများပေမဲ့ လေ့လာချက်တချို့ကတော့ ဆက်ဆံတာ ရှောင်နေဘို့ အကြံပေးထားတယ်။ အမှန်က ဆီးအောင့်နေတာမို့ တခြားစိတ်လဲ လာဘို့ နည်းပါတယ်။ Sexually transmitted disease (STD) လိင်ကတဆင့် ကူးစက်ရောဂါတွေဖြစ်စေတဲ့ ပိုးတွေကြောင့် ဆီးလမ်းကြောင်းရောဂါ ရတယ်ဆိုတာ မဟုတ်ဘူးလို့ အငြင်းပွါးသူ မရှိပါ။ Gonorrhea (ဂနိုးရီးယား) နဲ့ Chlamydia (ကလာမိုင်ဒီယား) ပိုးတွေက လိင်ဆက်ဆံရာကနေ ကူးစက်တယ်။
UTI infections ဆီးလမ်းကြောင်းရောင်တာကို ၈ဝ% ဖြစ်စေတဲ့ ဗက်တီးရီးယားကတော့ Escherichia coli (အီး-ကိုလိုင်) ဆိုတာ ဖြစ်တယ်။ Colon (ကိုလုံ) ခေါ်တဲ့ အူမကြီးထဲမှာ နေတဲ့အကောင်ဖြစ်ပါတယ်။ Klebsiella, Pseudomonas, Enterobacter, Proteus, Staphylococcus, Mycoplasma, Chlamydia, Serratia နဲ့ Neisseria ဆိုတာတွေကလဲ ဖြစ်နိုင်ပါတယ်။
Fungi မှိုတွေရဲ့နာမည်တွေက Candida နဲ့ Cryptococcus တွေဖြစ်ပြီး Parasites ပါရာဆိုက်ကတော့ Trichomonas, Schistosoma တွေ ဖြစ်ကြတယ်။
Risk factors ဘယ်လိုလူတွေမှာ ပိုဖြစ်သလဲ။
• ဆီး အသွားနည်းရင်၊ ဆီးလမ်းမှာ တခြားရောဂါတခုခုရှိနေရင်၊ ဥပမာ Kidney stones ကျောက်ကပ်ကျောက်၊ Urethral strictures ဆီးထွက်လမ်းကျဉ်းတာ၊ Enlarged prostate ဆီးအကျိတ်ကြီးတာ နဲ့ ဆီးလမ်း ပုံမှန်မဖြစ်တာတွေကို ဆိုလိုတယ်။
• အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းရောင်တာ ပိုဖြစ်တယ်။ ဆီးသွားလမ်းကြောင်းတိုလို့ အပြင်ကနေ ပိုးဝင်လွယ်တာမို့လို့ ယူဆတယ်။ ဆီးထွက်ပေါက် အဝဟာ စအို နဲ့ မွေးလမ်းအဝတွေနဲ့သိပ်နီးကပ်တယ်။
• ဆီးပိုက်ထည့်ရသူ၊ ထည့်ထားရသူ၊
• ကိုယ်ဝန် မရစေအောင် သုံးတဲ့ Diaphragm ထည့်သူ၊
• အဖေါ်ယောက်ျားကသုံးတဲ့ (ကွန်ဒွမ်) မှာ သုက်ပိုးသေဆေး Spermicidal foam ပါရင်၊
• အိမ်ထောင်ကျကာစ အချိန်မှာ ဆီးအောင့်တာကို Honeymoon cystitis ခေါ်တယ်။
• Bacteremia သွေးထဲ ပိုးရောက်နေသူတွေမှာ ကျောက်ကပ်ကို ပိုးရောက်လာနိုင်တယ်။
• Prostate ဆီးကျိတ်ရောင်၊ Epididymis ကျားအစိရောင်နဲ့ Fistulas ဂရင်ဂျီနာတွေကပိုးလဲ ရောက်လာနိုင်တယ်။
Treatment ဘယ်လို ကုသမလဲ
နာမည်တွေ အများကြီးရှိတဲ့ဆေးက ဆီးလမ်းကြောင်းပိုးဝင်တာအတွက် အသုံးများတယ်။ Septrin, Co-trimoxazole, Trimethoprim/sulfamethoxazole, Septra (GSK), Bactrim (Roche) လို့ ခေါ်တယ်။
Uncomplicated cystitis ရိုးရိုးဆီးအိမ်ရောင်တာအတွက်
• Septrin တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Ciprofloxacin 250mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Norfloxacin 400mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Ofloxacin 200mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Levofloxacin 250mg တနေ့ ၁ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Augmentin 875mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Augmentin 500mg တနေ့ ၃ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
Recurrent cystitis ဆီးအိမ်ရောင်တာ ပြန်ပြန်ဖြစ်သူ
- Septrin တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၃ ရက်သောက်ပြီး တနေ့ ၁ ပြားနဲ့ကြာကြာ ဆက်သောက်ရမယ်။
- ဆိုးဝါးသူတွေကို
- Ampicillin 1 gram IV every 6 hours + Gentamicin IV or
- Ciprofloxacin 200-400mg IV every 12 hours or Levofloxacin 250 to 500mg IV qd or
- Piperacillin-tazobactam 3.375 grams IV every 6 hours or
- Imipenem 500mg IV q6h ထိုးဆေးတွေပေးမယ်။
Gonococcal urethritis (ဂနိုရီးယား) ပိုးကြောင့် ဆီးလမ်းရောင်သူတွေကို
- Cefixime 400 mg PO x 1 PLUS [Azithromycin 1 g PO x 1 OR Doxycycline 100 mg PO bid x 7 d if chlamydia infection has not been ruled out]
- Ceftriaxone 125 mg IM x 1 PLUS [Azithromycin 1 g PO x 1 OR Doxycycline 100 mg PO bid x 7 d
Chlamydia trachomatis ပိုးကြောင့် ဆီးလမ်းရောင်သူတွေကို
- Azithromycin 1 g PO x 1
- Doxycycline 100 mg PO bid x 7d
Recurrent or persistent urethritis ဆီးထွက်ပြွန် ခဏခဏရောင်သူတွေကို
- Metronidazole 2 grams po once + Erythromycin base 500 mg PO qid x 7 days
- Metronidazole 2 grams PO once + Erythromycin ethylsuccinate 800 mg PO qid x 7 days
- သိပ်ဆိုးသူတွေကို ဆေးရုံတင်ကုရတတ်တယ်။ ဥပမာ Pyelonephritis ကျောက်ကပ်ရောင်တာ။ ဆေးကို IV antibiotics သွေးကြောထဲကနေ ပေးရတတ်တယ်။
- Cystitis ဆီးအိမ်ရောင်တာမျိုးက အများဆုံး Oral antibiotics ပဋိဇီဝဆေးကို သောက်တာနဲ့ ပျောက်တယ်။
- STDs လိင်လမ်းကကူးစက်တာမျိုးဆိုရင် Antibiotic ပဋိဇီဝ ပိုးသေဆေး တမျိုးမက လိုမယ်။
- ဆေးကို လက္ခဏာသက်သာသေမဲ့ ဆေးပါတ်လည်အောင် သောက်ရမယ်။
- လက်မှတ်မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေက ပိုးကိုတော့ သေစေမှာ မဟုတ်ဘူး။ ဥပမာ Uristat, Phenazopyridine, Pyridium, Urogesic နာတာကို သက်သာစေတယ်။
- ရေ-အရည် များများသောက်ပါ။
- ဆီးသွားချင်တာကို ထိန်းမထားပါနဲ့။
- Cranberries or Blueberries juice သစ်သီးရည်အစစ် သောက်ပါ။ သကြား မများစေနဲ့။
- Pineapple နာနတ်သီး စားပါ။
- Vitamin C ဗီတာမင် စီ သောက်ပါ။
Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/07/urinary-tract-infections.html
Urinary Tract Infection (1) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/07/urinary-tract-infection-1.html
ဒေါက်တာတင့်ဆွေ (၂၉-၉-၂ဝ၁၁ )
ဒေါက်တာတင့်ဆွေ - ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၃)




