23
Jun

ဆီးလမ်းကြောင်း ပိုးဝင်လေ့ရှိသည့် အကြောင်းများ

(၁) အမျိုးသမီးဖြစ်ခြင်း
အမျိုးသမီးများသည် အမျိုးသားများထက် ဆီးလမ်းကြောင်းပိုးဝင်မှု ပိုအဖြစ်များသည်။ အမျိုးသမီးဆီးပြွန်သည် အမျိုးသားထက်ပိုတိုပြီး ဘက်တီးရီးယားများ ကျော်ဖြတ်ဝင်ရောက်ရသည့် လမ်းကြောင်း ပိုမိုလွယ်ကူသောကြောင့် မကြာခဏ ဆီးပိုးကူးစက်လေ့ရှိသည်။

(၂) လိင်ကိစ္စများပြားခြင်း
မကြာခဏလိင်ဆက်ဆံသူများတွင် ဆီးလမ်းကြောင်းရောဂါပိုးဝင် ရောက်မှု ပိုများလေ့ရှိသည်။

(၃) သန္ဓေတားခြင်း
diaphragm အမျိုးအစားသန္ဓေတားနည်း အသုံးပြုသည့် အမျိုးသမီး များတွင် ဆီးလမ်းကြောင်းပိုးဝင်လေ့ ရှိသည်။

(၄) သွေးဆုံးခြင်း
သွေးဆုံးပြီးသည့် အမျိုးသမီးများ၌ အီစတရိုဂျင်ဟော်မုန်းချို့တဲ့ သောကြောင့် ဆီးလမ်းကြောင်းအတွင်းပြောင်းလဲမှုများဖြစ်ပွားပြီး ရော ဂါပိုးပိုမိုဝင်ရောက်စေသည်။

(၅)ဆီးလမ်းကြောင်းပုံမှန်မဟုတ်ခြင်း
မွေးရာပါ ချွတ်ယွင်းမှုများကြောင့် ဆီးလမ်းကြောင်းပုံမှန်မဟုတ် သည့်အခါ ဆီးစွန့်လျှင် ဆီးမကုန်ဘဲ ကျန်ခဲ့တတ်သောကြောင့် ပိုးများပိုပွားစေသည်။

(၆) ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း
ဆီးကျောက်တည်ခြင်း၊ ဆီးကျိတ်ကြီးခြင်းတို့ကြောင့် ဆီးကျန် တတ်ပြီး ပိုးများပါပိုပွားတတ်သည်။

(၇) ဆီးပိုက်တပ်ထားခြင်း
ဆီးမသွားနိုင်သည့် အကြောင်း တစ်မျိုးမျိုးကြောင့် ဆီးပိုက်တပ်ထားရသည့်အခါ ဆီးပိုက်မှတစ်ဆင့် ပိုးဝင်မှုများတတ်သည်။

သီဟ (Health Updates Journal)

အမျိုးသမီးနှင့် ကျန်းမာရေး - ဆီးလမ်းကြောင်း ပိုးဝင်လေ့ရှိသည့် အကြောင်းများ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top