24
Dec

ဆူးပေါ်ဖက်ကျသောကြောင့် ဆူးကျိုးသွားရခြင်းအကြောင်း

အနောက်ဂျာမဏီရှိ Darmstadt တရားရုံး မှာ ဂျာမဏီနိုင်ငံက နာမည်ကြီး No Angels အဖွဲ့မှ ပေါ့ပ် အဆိုတော် Nadja Benaissa ၂၈နှစ် ကို စီရင်ချက် ချခဲ့ပါတယ်။ စီရင်ချက်မှာ ထောင်ဒါဏ် ၁ဝ နှစ်ဖြစ်ပြီး ထိုအထဲမှ ၂ နှစ်ဆိုင်းငံ့ ဖြစ်ပါတယ်။ အမှု့ကတော့ သူနဲ့ အတူ လိင်ဆက်ဆံခဲ့တဲ့ ချစ်သူကို သူ့မှာ HIV ရောဂါရှိတာကို မပြောခဲ့မိဘဲ လိင်ဆက်ဆံခဲ့ပြီး သူချစ်သူပါ HIV ရောဂါကူးခဲ့တဲ့ အတွက် သူတပါးအား ရောဂါ ကူးစေအောင် လုပ်တဲ့အမှု့ဖြစ်ပါတယ်။ ဒါကတော့ ဆူးပေါ်ဖက်ကျတာ ဆူးကျိုးသွားရတဲ့အဖြစ်ပါ။ Benaissa ကတော့ သူ့အနေနဲ့ သူနဲ့ဆက်ဆံခဲ့တဲ့ ချစ်သူကို HIV ရောဂါရှိတာကို မပြောဘဲ အကာအကွယ်မဲ့ (အဖော်မဆောင်ဘဲ) လိင်ဆက်ဆံခဲ့တာကို ဝင်ခံသော်ငြားလည်း ချစ်သူကို ကူးပါစေဆိုပြီး တမင်ရည်ရွယ် လုပ်ခဲ့တာမဟုတ် ရပါဘူးဆိုပြီး တရားရုံးကို လျှောက်လဲချက်ပေးခဲ့ပါတယ်။

Benaissa ကတော့ သူ့ရင်ထဲမှာ တကယ့်ကိုခံစားနေရပါတယ်လို့ ဝမ်းနည်းစွာ တောင်းပန်စကား ဆိုခဲ့ပြီး။ အချိန် နာရီတွေကို နောက်ပြန်ပြန်လည့်လို့ ရခဲ့မယ်ဆိုရင် ပြန်လည့်ပြီး သူ့အမှားတွေကို ပြင်ခြင်တယ်လို့ ဆက်ပြောပါတယ်။ Benaissa ဟာသူမအသက် ၁၇ နှစ်အရွယ်တုန်းကလည်း လိင်ကိစ္စနဲ့ ပါတ်သတ်တဲ့ အမှု့တခုဖြစ်ခဲ့ဘူးသူဖြစ်ပါတယ်။ တရားရုံးမှာလဲ သူမဟာ ၁၄ နှစ်အရွယ်ကတည်းက မူးယစ်ဆေးစွဲခဲ့ပြီး ၁၆ နှစ်အရွယ်မှာတော့ ကိုယ်ဝန်ရှိခဲ့ပြီး ထိုအချိန်ကတည်းက သူ့မှာ HIV ရောဂါရှိမှန်း သိခဲ့ရပါတယ်။

ထိုရောဂါ သူမကို ဘယ်လိုကူးခဲ့သလဲ ဆိုတာကိုတော့ အတိအကျမသိပေမဲ့ အရင်က ထားရှိခဲ့တဲ့ ချစ်သူတွေ ဆီက ကူးဆက်ခဲ့တာ ဖြစ်နိုင်ပါတယ်။ သူမတို့အဖွဲ့ရဲ့ဂီတအုပ်ချူပ်သူ ထိုကိစ္စအတွက် ထိုလူအား နစ်နာကြေးပေးပြီး အမှု့မဖွင့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ သို့သော်လည်း ထိုလူက တရားရုံးမှာ Banaissa အား သူဒီလိုဖြစ်ခဲ့ရတဲ့အတွက် အရမ်းကို ပူဆွေးသောက ရောက်ခဲ့ရတဲ့အကြောင်းပြောပါတယ်။ ထိုသူက ထွက်ဆိုတာကတော့ သူဟာ Banaissa နဲ့ ၂ဝဝ၄ ခုနှစ်မှာ သုံးလကျော်လောက် ချစ်ကြိုက်ခဲ့ပြီး ၇ နှစ်ကြိမ်လောက် အတူအိပ်ခဲ့ဘူးတယ်လို့ ဆိုပါတယ်။ နောက်တော့လည်း သဘောတူစွာလမ်းခွဲလိုက်ကြတယ်လို့ တရားရုံးမှာထွက်ဆိုပါတယ်။ ၂ဝဝ၇ ခုနှစ်မှာတော့ Banaissa ရဲ့ အဒေါ်ဖြစ်သူက သူ့တူမမှာ HIV ပိုးရှိတယ်လို့ ပြောလို့ သိခဲ့ရတာဖြစ်တယ်လို့ ထိုလူမှ ဆက်လက်ထွက်ဆိုပါတယ်။

ဆေးစစ်ချက်အရကတော့ Banaissa မှ ထိုလူဆီသို့ ကူးတာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ထိုကသူ့ဘဝဟာ အခုဆိုရင် အရမ်းကို သိမ်ငယ်နေရပြီး နိုင်ငံတကာကို လည်ပါတ်ဖို့ အခွင့်အရေးလဲ သူ့မှာ မရှိဘူး။ ကျွန်တော့် ဆရာဝန်ဖြစ်သူကလည်း ကျွန်တော့်ကို မင်းအနေအထားက အချိန်မရွေး AIDS ဘဝကို ရောက်သွားနိုင်တယ်လို့ ပြောထားပြီးသား ဖြစ်ပါတယ်။ Banaissa ဖက်မှ လာညှိတုန်းအချိန်က ကျွန်တော်တောင်းဆိုခဲ့တာရှိပါတယ်။ အဲ့ဒါကတော့ Banaissa ဟာ ဒီကိစ္စနဲ့ပါတ်သက်ပြီး လူအများသိအောင် ထုတ်ဖော်ပြောပြီး AIDS နဲ့ပါတ်သက်ပြီး သုတေသနပြုနေတဲ့ လူမှု့ရေးအသင်းအဖွဲ့ကို ယူရိုပိုက်ဆံ တစ်သိန်းကို ပေးလှူဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ကျွန်တော် တောင်းဆိုတာကို လိုက်ရောခဲ့ရင် ရဲဆီသွားစရာ အကြောင်းကို ရှိခဲ့မှ မဟုတ်ဘူးလို့ဆိုပါတယ်။ မလိုက်လျှောခဲ့တာကတော့ သူမအနေနဲ့ ထိုသို့လုပ်ခြင်းအားဖြင့် သူတို့ အဖွဲ့အောင်မြင်မှု့ကို ထိခိုက် အဆုံးသတ်သွားနိုင်တယ်လို့ စဉ်းစားခဲ့မိလို့ ဘဲဖြစ်ပါတယ်။ တရားရုံးမှလဲ Banaissa ဟာ ၂ဝဝဝ မှ၂ဝဝ၄ ခုနှစ်အတွင်းမှာ လူသုံးယောက်နဲ့ လိင်ဆက် ဆံမှု့ ကိစ္စတွေရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Multi-Vitaminforall - ဆူးပေါ်ဖက်ကျသောကြောင့် ဆူးကျိုးသွားရခြင်းအကြောင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top