31
Jan

ဆံပင်ညှပ်လို့ စက်ကတ်ကြေးထိရင် HIV ပိုး ကူးနိုင်လား

မေး။    ။ ကျွန်တော်ဆံပင်ညှပ်တာ ဆိုင်မှာ စက်ကက်ကြေး ထိသွားတယ်။ အရမ်းကြောက်တယ် အဓိကကတော့ HiV ကူးစက်မှာကြောက်လို့ပါ။ ပိုးကလေထဲမှာ ဘယ်လောက်ထိနေနိုင်လဲ ဘယ်အချိန်မှာ ဆေးစစ်သင့်လဲ။ နောက်ပြီး ဘယ်နေရာမှာ တိကျတဲ့ ဆေးစစ်ချက်ကို ရနိုင်မလဲ။ ကာကွယ်လို့ရော ရနိုင်မလား အကုန်သိချင်ပါတယ်။

ဖြေ။    ။ ဆံပင်ညှပ်လို့ ကတ်ကြေးထိပြီး HIV ပိုး ကူးနိုင်ချေ အလွန်နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆံပင်ညှပ်တဲ့ ပစ္စည်းတွေမှာ သွေးပေရင် အချိန်တို အတွင်းခြောက်သွားပါတယ်။ သွေးခြောက်တာနဲ့ သွေးထဲက HIV ပိုးက သေသွားပါတယ်။ အခုခေတ်မှာ ဆံပင်ညှပ်သူတွေကလည်း HIV ကာကွယ်ရေး အသိအမြင်တွေ တိုးလာပြီလေ၊ တစ်ခါသုံး ဓားတွေ သုံးလာတယ်။ သူတို့ကိုယ်တိုင်လည်း သွေးမထွက်အောင်၊ ဓားတွေ ကတ်ကြေးတွေ မရှအောင် သတိထားကြ ပါတယ်။ ဒီတော့ စိတ်မပူပါနဲ့။ ကူးစက်ဖို့ အလွန်အခွင့်အလမ်း နည်းပါတယ်။

HIV ပိုး အပြင်လောကမှာ အသက်ဘယ်လောက်ကြာကြာ ရှင်သလဲဆိုတာကို ပြောဖို့ခက်ပါတယ်။ သွေးစက်ကျတဲ့ နေရာ၊ ပတ်ဝန်းကျင် အနေအထား၊ အပူချိန်၊ လေထု စိုစွတ်မှု စတာတွေက ပိုးအသက်ရှင်မှုကို မိနစ်ပိုင်းကနေ လပိုင်းအထိ ဖြစ်စေပါတယ်။ ဥပမာ ကားလမ်းပေါ် သွေးစက်ကျခဲရင် မိနစ်ပိုင်းအတွင်း ပိုးသေနိုင်ပါတယ်။ ဒါပေမယ့် အအေးခန်းထဲ ထားတဲ့ သွေးအိတ်ထဲမှာဆိုရင် တစ်လလောက် အသက်ရှင်နေနိုင်ပါတယ် ခင်ဗျာ။

စိတ်မသန့်ဖြစ်နေလို့ သွေးစစ်ချင်တယ်ဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ပြင်ပဓာတ်ခွဲခန်းတွေ၊ အစိုးရဆေးရုံတွေ၊ အန်ဂျီအိုဆေးခန်းတွေမှာ နောက် ၃လကနေ ၆ လကြာရင် သွေးစစ်လို့ရပါတယ်။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top