8
Oct

ဇင်ဘာဘွေနိုင်ငံ၏ HIV/AIDS လူ့အခွင့်ရေးပဋိညာဉ်

HIV ဝေဒနာရှင်များ၏ အခွင့်အရေးကို မြှင့်တင်ကာကွယ်ရန်ရည်ရွယ်ပြီး HIV/AIDS နှင့် လူ့အခွင့်အရေးဆိုင်ရာပဋိာဉ်တစ်ရပ်ကို ဇင်ဘာဘွေ လူ့အခွင့်အရေးရှေ့နေများ Zimbabwe Lawyers for Human
Rights
က မကြာခင်က တင်ပြခဲ့ကြောင်း ဇင်ဘာဘွေနိုင်ငံထုတ် Standard သတင်းစာတွင် ဖေါ်ပြထားပါသည်။ ဇင်ဘာဘွေနိုင်ငံ၏ HIV/AIDS ကူးစက်ရောဂါကို လူ့အခွင့်အရေး အခြေခံအကြောင်းနှင့် ဆောင်ရွက်နိုင်ရန် ၂၀၀၄ ခုနှစ်တွင်တည် ထောင်ခဲ့သော ZLHR/ HIV/AIDS လူ့အခွင့်ရေးနှင့် ဥပဒေစီမံရေးရာမန်နေဂျာ တီနရှီ မန်ဒါဝါရရက ပြောကြားခဲ့သည်မှာ ဒီပဋိညာဉ်ဟာ အားလုံးအတွက် တန်းတူညီမျှမှု၊ ဂုဏ်သိက္ခာတို့အတွက် နိုင်ငံတဝန်း ပူးပေါင်းဆောင်ရွက်မှု ရလာဒ်ဖြစ်ပါတယ်။

ထိုစီမံကိန်းသည် HIV/AIDS ဝေဒနာရှင်များကို အကာအကွယ်ပေးရန် တရားဝင်ဥပဒေတစ်ခုဖြစ်လာစေသည် နည်းလမ်းတစ်ခုအဖြစ် ပဋိညာဉ်စာတမ်းကို တိုးမြှင့်ယူရန် စီစဉ်ထားကြောင်းလည်းသူက ပြောခဲ့သည်။ တောင်အာဖရိကတွင် လိင်တူဆက်ဆံသောအမျိုးသားများနှင့်ပတ်သက်၍ ဂရုစိုက်မှုမရှိကြောင်း တောင်အာဖရိကတရားသူကြီးအက်ဒ်ဝင်းက ထောက်ပြခဲ့သည်။ သူကပင် ဇင်ဘာဘွေနိုင်ငံသည် လူ့ပျမ်းမျှသက်တမ်း အနိမ့်ဆုံး နိုင်ငံများတွင်ပါဝင်ကြောင်း ယောကျာ်းများအတွက် ၃၅နှစ်၊ မိန်းမများအတွက် ပျမ်းမျှသက်တမ်း ၃၇ နှစ်၊ လူဦးရေ ၄၅%သည် အာဟာရပြက်နေကြသည် ဆိုသောအချက်မှာ ထိန့်လန့်ဖွယ်ကောင်းကြောင်း ပြောခဲ့သည်။ ကာမရွန်း၏အဆိုအရ ထိုပဋိညာဉ်စာတမ်းဟာ ဇင်ဘာဘွေနိုင်ငံ၏ အလွန်ထူးခြားသည့် နိုင်ငံရေးအခြေအနေက ပေးနေသည့် အခွင့်အလမ်းတစ်ခုအဖြစ်ပေါ်ထွက်လာခဲ့တာဖြစ်သည်။ ဇင်ဘာဘွေနိုင်ငံ၏ လက်ရှိအစိုးရအခြေအနေသည် တိုင်းပြည်တွင် အားနည်းသောကျန်းမာရေးလုပ်ငန်းများနှင့်သက်ဆိုင်နေသည်ဟု ပြောခဲ့သည်။

စက်တင်ဘာ ၅၊ ၂၀၀၈။

 

http://www.medicalnewstoday.com/articles/120449.php

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top