24
Mar

ဇနီးဖြစ်သူအား HIV ကူးစက်စေရန် ဖန်တီးပြုလုပ်ခဲ့သည့် ယောက်ျား



HIV
ပိုး ရှိနေသဖြင့် ဆရာဝန်များက လိင်ဆက်ဆံမှု မပြုရန် တားမြစ်ပိတ်ပင်ထားသည့် အမျိုးသား
တစ်ဦးသည် ၎င်း၏ဇနီးအား အိပ်ပျော်နေစဉ် အပ်နှင့်ထိုးကာ ရောဂါပိုး ကူးစက်စေခဲ့ကြောင်း သိရသည်။

အသက်
(၃၅)နှစ်ရှိ ယင်းပုဂ္ဂိုလ်သည် ဇနီးအား သွေးစို့ရုံ အပ်နှင့်ထိုးကာ မိမိကိုယ်ကိုယ်လည်း
ထိုးပြီး သွေးချင်း ထိစေခဲ့သဖြင့် ဇနီးသည်မှာ HIV ပိုးကူးစက်ခဲ့သည်။ ၎င်းက ထိုအခြေအနေတွင်
လင်မယားနှစ်ဦး ရောဂါသည်ချင်း ဘ၀တူဖြစ်လာသဖြင့် ယခင်ကဲ့သို့ ဆက်ဆံခွင့် ရရှိမည်ဟု မျှော်လင့်ကာ
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း
နယူးဇီလန် တရားရုံးကမူ ထိုကိစ္စနှင့် ပတ်သက်ပြီး ဒီဇင်ဘာ (၆)ရက်နေ့က စွဲချက်တင် ခဲ့ပြီဖြစ်သည်။
အမည်ဖော်ပြခြင်း မရှိသော ယင်း အမျိုးသားသည် နယူးဇီလန်တွင် (၂၀၀၄)ခုနှစ်ကမှ နိုင်ငံသားအဖြစ်
ခံယူခွင့် ရရှိထားခြင်းဖြစ်သည်။ ၎င်းတွင် အသက်(၃၃)နှစ် အရွယ် ဇနီးနှင့် ကလေးငယ် (၂)ဦးရှိသည်။

ထိုပုဂ္ဂိုလ်သည်
ဆေးစစ်မှုရလဒ်များအရ HIV ပိုး တွေ့ရှိကြောင်း ခိုင်ခိုင်မာမာ ဖော်ထုတ်နိုင်ပြီးနောက်
လွန်ခဲ့သော တစ်နှစ်မှစကာ ဇနီးသည်နှင့် ကိုယ်လက်နှီးနှောခွင့် မရတော့ချေ။ ထို့ကြောင့်လည်း
ယင်းကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်ကြောင်း ဇနီးသည်အား ၀န်ခံခဲ့သည်။

သူမက
“ကျွန်မကို ပြောပါတယ်။ ကျွန်မက သူ့ကို စွန့်ခွာသွားပြီလို့ သူ့စိတ်ထဲ ခံစားရတယ်တဲ့။
ဒါကြောင့် ကျွန်မ အိပ်ပျော်နေတုန်း အပ်နဲ့ထိုးပြီး သွေးအချင်းချင်း ရောသွားအောင် လုပ်ခဲ့တာပါတဲ့။
ဒီကိစ္စအတွက် ၀မ်းနည်းတယ်ဆိုပြီးတော့လည်း ကျွန်မကိုဖက်ပြီး တောင်းပန်ပါတယ်
ဟု
တရားရုံးတွင် အစစ်ခံခဲ့သည်။

တရားသူကြီးများသည်
ယင်းပုဂ္ဂိုလ်အား ရည်ရွယ်ချက်ရှိရှိ ရောဂါပိုး ကူးစက်စေမှုဖြင့် တရားစွဲထားခြင်း ဖြစ်သည်။
အမျိုးသမီးက “ကျွန်မကိုယ်တိုင်ကလည်း ကလေးတွေ မျက်နှာကိုထောက်ပြီး အိမ်ထောင်ရေးကို မပြိုကွဲအောင်
ထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ လင်လိုမယားလို နေခွင့်မရတာဟာ အရမ်းထိခိုက်စရာ
ဖြစ်နေခဲ့ပါတယ်

ဟု ပြောကြားခဲ့သည်။

ထိုသူသည်
ယခုအခါ အချုပ်ခံထားရပြီး စီရင်ချက်ကို စောင့်ဆိုင်းနေရသည်။ နယူးဇီလန် ဥပေဒေအရ ၎င်းသည်
ကာလ ကြာရှည် ထောင်ဒဏ်ကို ကျခံရဖွယ် ရှိနေသည်။ ယင်းသည် လွန်ခဲ့သော တစ်နှစ်က မိသားစုလိုက်
ဆေးစစ်မှု ပြုလုပ်စဉ် HIV ပိုးရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းများက တွေ့ရှိခဲ့သည်။ ဇနီးနှင့်
ကလေးများတွင်မူ ထိုပိုးမရှိခဲ့ချေ။ ထို့နောက်တွင်တော့ ၎င်းမှာ ဇနီးသည်နှင့် ရင်းနှီးစွာ
နေထိုင်ခွင့် မရခဲ့ဘဲ ယခုကဲ့သို့ ကြံစည်မိခြင်းဖြစ်ကြောင်း ၀န်ခံထားသည်။

အမျိုးသမီးသည်
Lotion လိမ်းနေစဉ် ကျောကုန်း၌ နာကျင်မှုကို ခံစားရသည့်အချိန်ကျမှ မသင်္ကာသဖြင့် ခင်ပွန်းအား
စစ်မေးစဉ် ၎င်းက၀န်ခံခဲ့ခြင်းဟု ရဲများအား ပြောကြား ခဲ့သည်။ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့်
ကိစ္စကြောင့် အမျိုးသမီးသည်လည်း ရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း ဆေးစစ်ရလဒ်များအရ ဖော်ထုတ်နိုင်ခဲ့သည်။

နယူးဇီလန်
တရားရေးဌာနသည် ယခုပြဿနာ ဖြစ်ပွားပြီးနောက် အလားတူ ပြဿနာမျိုး မကြုံရရေးအတွက်နည်း လမ်းရှာကြံနေကြောင်း
ကြေညာထားသည်။

 

Myanmar Muslim
Information Centre - ဇနီးဖြစ်သူအား
HIV ကူးစက်စေရန် ဖန်တီးပြုလုပ်ခဲ့သည့် ယောက်ျား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top