11
Mar

ညစ်ညမ်းဗီဒီယိုခွေများပြသသော ဗီဒီယိုရုံနှင့် ပြသသူများအား အရေးယူတော့မည်



ရန်ကုန်တိုင်းအတွင်းရှိ
ကျေးရွာများတွင် ညစ်ညမ်းဗီဒီယိုကား ပြသသော ဗီဒီယိုရုံများနှင့်အတူ  ပြသသူများကိုပါ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကျေးရွာများတွင်
မုဒိမ်းမှုများ ဖြစ်ပွားနေရခြင်းမှာ ညစ်ညမ်းခွေပျံ့ နှံ့မှုများကြောင့်ဟု ယူဆရသဖြင့်
ယင်းကဲ့သို့ ပြသသည့် ဗီဒီယိုရုံများ၊ ပြသသူများကို အရေးယူသွားရန် စီစဉ်ရခြင်းဖြစ်ကြောင်း
သိရှိရသည်။ ယင်းကဲ့သို့ ပြုလုပ်ရခြင်းမှာ ကျေးရွာများတွင် မုဒိမ်းမှုများလျော့နည်းသွားစေရန်လည်း
ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရသည်။

''ကျေးရွာတွေမှာ
မုဒိမ်းမှုတွေ ဖြစ်ပေါ်နေတာဟာ ညစ်ညမ်းခွေ တွေကြောင့် ဖြစ်တယ်လို့ ယူဆရတဲ့ အတွက် ညစ်ညမ်းခွေတွေပြသတဲ့
ဗီဒီယိုရုံတွေ၊ ပြသတဲ့သူတွေကိုပါ အရေးယူသွားမှာပါ။ ဒါ့အပြင် ညစ်ညမ်းခွေတွေ ပြသတဲ့စက်တွေကို
လည်း သိမ်းဆည်းသွားမှာပါ။ ဒီလို လုပ်ရခြင်းဟာ ကျေးရွာတွေမှာ မုဒိမ်းမှုတွေ လျော့နည်းသွားစေဖို့
ရည်ရွယ် ပါတယ်'' ဟု ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက
ပြောပြခဲ့ပါ သည်။

''အခု
မုဒိမ်းမှုကျူးလွန်တဲ့သူ တွေက ညစ်ညမ်းခွေတွေကို အတု ခိုးပြီး ကျူးလွန်သူတွေရှိပါတယ်။
ဒီ လိုခွေမျိုးတွေက ဆင်ဆာမဲ့ခွေတွေ ပါ။ အခုဆိုရင် အခြားဆင်ဆာမဲ့ ခွေ တွေကိုလည်း အရေးယူလျက်ရှိပါတယ်''ဟု
ယင်းတာဝန်ရှိသူက ဆက် လက်ပြောပြခဲ့သည်။

ညစ်ညမ်းခွေပြသသူနှင့်
ပြသ သည့်ဗီဒီယိုရုံများအား သက်ဆိုင်ရာ ကျေးရွာများရှိ ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်များမှ  လိုက်လံစစ်ဆေး သွားမည်ဖြစ်ပြီး  ပြသနေသည်ကို တွေ့ရှိပါက ဗီဒီယို အက်ဥပဒေနှင့်အညီ
အရေးယူသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းအတွင်းတွင် ကျေးရွာ အုပ်စုပေါင်း
၂၁၂၈ ခုရှိကြောင်း လည်း သိရှိရပါသည်။

 

First – 11 ရန်ကုန်တိုင်းအတွင်းရှိ
ကျေးရွာများတွင် ညစ်ညမ်းဗီဒီယိုခွေများပြသသော ဗီဒီယိုရုံနှင့် ပြသသူများအား အရေးယူတော့မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top