31
May

ညို နှင့် တွေ့ဆုံခြင်း



              မြန်မာနိုင်ငံက
လိင်တူချစ်သူများရဲ့ ဘ၀ဖြတ်သန်းမှုတွေ ခံစားချက်တွေကို နားလည်နိုင်ဖို့ အတွက်
In
& Out
အစီအစဉ်လေးကို သက်တန့်ရောင်
စာစောင်မှာ အပတ်စဉ် ဖော်ပြတင်ဆက်သွားမှာ ဖြစ်ပါတယ်၊ ဘယ်စာမျက်နှာမှာမှ
အရေးတယူတင်ပြ မခံရသေးတဲ့ လိင်တူချစ်သူများ အသံအတွက် ဝေဖန်အကြံပြုစာ များကိုလည်း
ဖိတ်ခေါ်အပ်ပါတယ်၊

 

       အခုတပတ်ရွေးချယ်ထားတဲ့ သူကတော့
ကိုယ့်ကိုယ်ကို ညိုလို့ ပြောလေ့ရှိတဲ့ မြန်မာနိုင်ငံက လိင်တူချစ်သူ
အမျိုးသားတယောက် ဖြစ်ပဲဖြစ်ပါတယ်၊ ငယ်ငယ်ကတည်းက ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုကို
သိပေမယ့် မိဘကြောင့် ယောက်ျားလေး တယောက်လို နေထိုင်။ သူတို့တွေ စိတ်ချမ်းသာအောင်
လက်ဝှေ့ထိုးခဲ့ပြီး နောက်ဆုံးတော့ မိန်းကလေး အ၀တ်အစားတွေဝတ်။ မိန်းကလေးတယောက်လို
နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမျိုးသားချစ်သူ ညိုရဲ့ကြောင်းကို တင်ပြထားပါတယ်၊ ဖတ်ရှုရအောင်နော်၊

 

 

 

သက်တန့်ရောင်စာစောင်အဖွဲ့

 

 

 

မေး၊  ၊ ညိုက ငယ်ငယ်လေးကထဲက ကိုယ့်ကိုယ်ကိုကိုယ် ဂျီမ
မှန်းသိတာလား၊ ဘယ်အချိန်ကစသိတာလဲ၊

 

ညို၊  ၊ ဘယ်အချိန်ကသိလဲဆိုတော့ ညို ပထမတန်းနှစ်မှာ
စသိတာ၊ အမေ ပေးဝတ်တာက ဘောင်းဘီအတိုလေးတွေ၊ လမ်းရောက်တော့ စကတ်အတိုလေးတွေ ပြောင်းပြီးဝတ်တယ်၊
အိမ်ပြန်ရောက်ရင် ပြန်ချွတ်လဲပြီး ပြန်လာတယ်၊ ဘယ်လိုမျိုး သိလာလဲဆိုတော့
ကျောင်းနေကတည်းက မိန်းကလေး အင်္ကျီလေးတွေ ၀တ်တယ်၊ သူငယ်ချင်း အင်္ကျီတွေပေါ့၊
သူငယ်ချင်းတွေကလည်း ပေးဝတ်တယ်၊ သူတို့တွေကလည်း နာမည်မခေါ်ဘူး၊ ဂံဒူး လို့ဘဲ
ခေါ်ကြတယ်၊ အဲဒီအချိန်ကတည်းက ကိုယ့်ကိုယ်ကို စသိလာတာ၊ အိမ်မှာဆိုရင် ထမင်းချက်ရတယ်၊
ဘုရားပန်းထိုးရတယ်၊ ရေ တော့မခတ်ရဘူး၊ ရေက အစ်ကိုတွေ ခတ်တယ်၊ မောင်နှမ
များတယ်ဆိုတော့ အလှည့်ကျ တာဝန်ခွဲပေးထားတယ်၊ အမေက ညိုကို ဂျီမ ဖြစ်မှန်းသိတယ်၊
အမေက ဆူတယ်လေ၊ ကိုယ့်ကိုယ်ကို ကိုယ်ပြန်ပြီး ပြုပြင်ရတယ်ပေါ့၊ ဒုတိယတန်းရောက်တော့
အမေက ညို့ကို ကျောင်းကထွက်ခိုင်းပြီး ကိုရင်ဝတ်ခိုင်းတယ်၊ ကိုရင်ဝတ်တာ ၃နှစ်
ကြာတယ်၊ ကိုရင်ထွက်ပြီး ကျောင်းပြန်နေတော့ လူကကြီးပြီး အတန်းက ငယ်နေတယ်၊ အဲဒါ ညိုက
ရှက်တယ်၊ ရွာမှာဆိုရင် ဆိုင်းနဲ့ဗုံနဲ့ ကတဲ့ ဂေး အဖွဲ့ရှိတယ်၊
စုပေါင်း အင်အားလို့ ခေါ်တယ်၊ အဲဒီမှာ ညိုက သွားကတယ်၊ အဲဒါကို အမေက သိတော့
အိမ်မှာညို့ကို လက်နှစ်ဘက်ကို ကြိုးနဲ့ချည်ပြီး အမေက နောက်ကိုဂျီမ
လုပ်ဦးမလားဆိုပြီး စက်ဘီးချိန်းကြိုးနဲ့ရိုက်တယ်၊ အဲဒီအဖြစ်အပျက်က တော်တော်လေးကို
အမှတ်တရ ဖြစ်စေပြီး ဂျီမဘ၀ တော်တော်လေးကို ဖြတ်သန်းခဲ့ရတယ်၊

 

 

 

မေး၊  ၊ အဲဒီအချိန်မှာ ညို့စိတ်ထဲမှာ ဘယ်လိုခံစားရလဲ၊
အမေကရော ဘယ်လိုဆူလဲ၊

 

ညို၊  ၊ အမေက နင်အဲလို မိန်းမပုံစံလုပ်ပြီး အခြောက်လုပ်နေတာ
အဆင့်အတန်းမရှိဘူး
လို့
ပြောတယ်၊ မောင်နှမသားချင်းထဲမှာဆိုရင် ယောက်ျားပဲရှိတယ်၊ အခြောက်မရှိဘူးပေါ့၊
ညိုကပြောတယ်ပေါ့နော်၊ ညို အဲလို မလုပ်ပဲမရဘူးပေါ့နော်၊ ညို့ စိတ်ကို ညို
ထိန်းလို့မရဘူးပေါ့၊ ညို ၄တန်း အောင် ၅တန်း ရောက်တာနဲ့ ညို့ထက်တော်တဲ့သူက
ညို့ကိုပြောတယ်၊ နင်အဲလို ဂေး ပဲဖြစ်နေတယ်ဆိုရင်တော့ မကောင်းဘူးပေါ့နော်၊
အဲဒီအဖွဲ့ထဲက ထွက်လိုက်ပေါ့၊ ပြီးရင် ကိုယ့်ဘ၀ကို ကိုယ်ရုန်းကန်ပေါ့နော်၊ ညို
တော်တော်လေးကို ဒုက္ခဖြစ်တယ်၊ အခုတော့ ကိုယ့်ဟာကိုယ် ပညာတတ်ပြီး ကိုယ့်အသိနဲ့ကိုယ်
နေလာမှ အခုလိုမျိုး ဖြစ်လာတယ်၊ ပိုက်ဆံရလာတော့ မိဘကိုလည်း ခြေစုံမကန်ဘူး၊ အမေ့ကို
ပို့ပေးတယ်၊ အမေက သားယောက်ျားလေးတွေ ပို့တဲ့ ပိုက်ဆံကျတော့ တန်ဖိုးထားတယ်၊ ဂျီမ
ပို့တဲ့ ပိုက်ဆံကျတော့ တန်ဖိုးမထားဘူး၊ အမေက ဂေး လုပ်တာ မကြိုက်ဘူးဆိုတော့
သူငယ်ချင်းတွေ အိမ်လာလည်ရင်လည်း အမေက ဆူတယ်၊ ညို ၆တန်း အရောက်မှာ အစ်ကိုက လက်ဝှေ့
ထိုးသင်ပေးပြီး ညိုက လက်ဝှေ့ စထိုးတယ်၊ တစ်ရက်မှာ လက်ဝှေ့နှစ်ပွဲထိုးတာ
နှစ်ပွဲလုံး အောင်မြင်တယ်၊ နှစ်ပွဲလုံးအောင်မြင်ပြီး ရွာကိုပြန်လာတော့ အမေက
ဝမ်းသာတယ်၊ သူ့သား ယောက်ျားဖြစ်ပြီ ဆိုပြီးတော့လေ၊ ယောက်ျား ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။
ဂျီမ စိတ်ကကုန်မှ မကုန်တဲ့ဟာ၊

 

 

 

မေး၊  ၊ စိတ်ကစားတော့ရော ယောက်ျားလေးကို ပိုပြီးတော့
စိတ်ဝင်စားတာလား၊ မိန်းကလေးကို ပိုပြီးတော့ စိတ်ဝင်စားတာလား၊

 

ညို၊  ၊ ငယ်ငယ်တုန်းကဆိုရင်တော့ ယောက်ျားလေးကိုပဲ
ပိုပြီးစိတ်ဝင်စားများတယ်၊ ငယ်ငယ်တုန်းက ကျောင်းနေဖက် တစ်ယောက်ပဲရှိတယ်၊
စိတ်ဝင်စားတာ၊ ဘာမှတော့ မဖြစ်ဘူး၊ သူ့ဟာလည်း ကိုယ်မကိုင်ဘူး ကိုယ့်ဟာလည်း
သူမကိုင်ဘူး၊ သွားအတူသွား။ စားအတူစားပေါ့လေ၊ အဲဒီအချိန်ကတည်းက ယောက်ျားနဲ့ ကင်းကွာပြီး
၃၁နှစ် ယောက်မှ ယောက်ျားနဲ့ နီးစပ်တယ်၊ နီးစပ်တော့လည်း သူများတွေထက်တောင်
များသေးတယ်၊

 

 

 

မေး၊  ၊ ဟို ခုနက ညိုပြောတဲ့အချိန်မှာ ညို လက်ဝှေ့
ထိုးတယ်လို့ပြောတယ် ဟုတ်လား၊ ဘာကြောင့် လက်ဝှေ့ ၀င်ထိုးတာလဲ၊

 

ညို၊  ၊ ဘာလို့ထိုးလဲဆိုတော့ ညို့
အစ်ကိုကိုကြောက်လို့ ၀င်ထိုးရတာ၊ သူက သင်ပေး။ သူကပဲ စင်ပေါ်တင်ပေးတာ၊ မထိုးရင်လည်း
မရဘူး၊ အိမ်ကျရင် ရိုက်ခံရမှာကြောက်လို့ ထိုးတာ၊ အစ ပထမတော့ ဂျီမပုံစံနဲ့
တက်ထိုးတာ၊ ဆံပင်အရှည်နဲ့ ဆံပင်က ခါးလောက်ရှိတာ၊ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး
မျက်နှာမှာ ဘာမှမလိမ်းပဲ တက်တာ၊ လူတွေက သိတာပေါ့၊ ဒါ ဂံဒူး ပဲလို့ဆိုကြတာပေါ့၊
ကိုယ့်ကိုယ်ကိုတော့ ဂေး ပေါ့၊ ဒါပေမယ့် ဆရာလည်းဖြစ်။ အစ်ကိုလည်းဖြစ်တဲ့
သူကိုကြောက်တော့ ကြောက်တဲ့အရှိန်နဲ့ပဲ ထိုးရတာပေါ့၊ အစ်ကိုက အလုပ်တစ်ခုကိုလုပ်မယ်
ဆိုလို့ရှိရင် ကိုယ့်စိတ်ဓါတ်ခိုင်မာ တည်ကြည်မှ အောင်မြင်မှုပန်းတိုင်
ရောက်နိုင်မယ်လို့ သင်ပေးထားတာ၊ သူပြောထားတဲ့အတိုင်း ညိုကဘာစိတ်မှမရှိဘူး၊
ထိုးဆိုရင် ထိုးလိုက်တာပဲ၊ သူလာရင် ကိုယ်လှဲမယ်။ ထိတာလည်း ထိပေါ့၊ တခါတလေ
သွားတောင်ကျိုးတယ်၊

 

 

 

မေး၊  ၊ ညို ခုနကပြောသလို ကိုယ်ကဆံပင်အရှည်ထားပြီး
အပုန်းပုံစံနဲ့ပေါ့၊ အဲသလို အပုန်းပုံစံကနေ ဘာကြောင့်ပွင့် သွားတာလဲ၊

 

ညို၊  ၊ ရွာမှာ အသက် ၂၁နှစ် ရောက်တော့
ပဉ္ဇင်းတက်လိုက်တယ်၊ ၂၂နှစ် မှာ အမေက မိန်းမပေးစားတယ်၊ ငယ်ငယ်တုန်းက အမေတို့
အဖေတို့ သဘောတူထားတဲ့ သူပေါ့၊ ကိုယ်နဲ့ကလည်း ကျောင်းနေဖက် သူငယ်ချင်းတွေလေ၊
ပြေးကြတယ်ပေါ့၊ သူလည်းပြေး။ ကိုယ်လည်းပြေးနဲ့ ထားဝယ်မှာ သွားဆုံကြတယ်၊ တွေ့တော့
နင်ဒီမှာ ဘာလာလုပ်လဲလို့ မေးတော့ နင်နဲ့ ပေးစားမယ်ဆိုလို့
ငါပြေးလာတယ်ပေါ့၊ အေးငါလည်း ပြေးလာတယ်ပေါ့
အဲဒါဆို ဘယ်လိုလုပ်ကြ မလဲပေါ့၊ သူကပြောတယ်၊ နင်ကရွာကို
ပြန်သွား၊ ငါကပြေးမယ်ပေါ့၊ ညိုလည်း မော်လမြိုင်သွားပြီး ဇာတ်ပွဲသွားကပေါလေရော၊
ဇာတ်ပွဲကပြီးတော့ ရွာကိုပြန်ရောက်လာတာပေါ့၊ ၂၀၀၆ခုနှစ်မှာ ထိုင်းနိုင်ငံကို
ကတုံးကြီးနဲ့ ရောက်လာတယ်၊ ၆လ လောက်အကြာမှာ ဆံပင်ရှည်ပြီး နောက်ပိုင်း
ထမီတွေဝတ်တယ်၊ နို့ကြီးဆေးတွေ စားတယ်၊ ကိုယ်က ဂေးပဲဆိုပြီး
ဂေးစစ်စစ်လုပ်ချလိုက်တယ်၊ အဲလိုနဲ့ပဲ့ ပွင့်လာတာပါ၊

 

 

 

မေး၊  ၊ အခုလိုမျိုး ပွင့်ပွင့်လင်းလင်း ပွင့်လာရတော့
ကိုယ့်ကိုယ်ကိုကိုယ် ဂုဏ်ယူသလား၊

 

ညို၊  ၊ တခါတလေလည်း ဂုဏ်ယူမိတယ်၊ တခါတလေလည်း
ဝမ်းနည်းမိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ယောက်ျားကောင်း
တစ်ယောက်အနေနဲ့ သာသနာ့ဘောင် ၀င်နိုင်တယ်ပေါ့၊ ခဏကြာ မိန်းမပုံစံနဲ့ လှလှပပလေး
ထွက်ချင်ပြန်ရော၊ ဂေး စိတ်ဆိုတာကလည်း မတည်မြဲဘူး၊ ညိုဆိုရင် တစ်လမှာ
သုံးပုံထွက်တယ်၊ ၁၀ရက် ကြာရင် မိန်းမအ၀တ် အစားဝတ်လိုက်။ ပြန်ပြီးနားလိုက်။ နောက်
၁၀ရက် လောက်ကြာရင် ယောက်ျားအ၀တ်အစား ၀တ်လိုက်။ ပြန်ပြီးနားလိုက်။ နောက်ထပ် ၁၀ရက် လောက်ကြာရင်
ဂေး အ၀တ်အစားဝတ်လိုက်။ ပြန်ပြီးနားလိုက်နဲ့ စိတ်ဟာတုန်လှုပ် ချောက်ခြားနေတယ်၊

 

 

 

မေး၊  ၊ အရင်ကဆိုရင် ဂေး တွေဟာ
သီးခြားနေထိုင်ကြပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြဘူး၊ နောက်ပိုင်းမှာ
ရနောင်းမှာရှိတဲ့ ဂေးတွေက တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းပြီးတော့ အစည်းအဝေး
လုပ်ကြတာတို့။ ပွဲတွေအတူတူ ကတာတို့ ကိုယ်တို့ကြားတယ်၊ အဲဒါဟုတ်လား၊

 

ညို၊  ၊အစ ပထမဦးဆောင်တာကတော့ ကိုညီမောင်
ကဦးဆောင်တယ်၊ အစ ပထမမှာတော့ ဂျီမဇာတ်ပွဲ ဆိုလို့တော့ မရှိသေးဘူး၊ ခရစ္စမတ်
ကပွဲတွေမှာ သွားပြီးတော့ စဖျော်ဖြေတာပေါ့၊ အဲဒါကို သူတို့တွေက သဘောကျတယ်ပေါ့၊ ညိုက
ကိုညီမောင်ကိုပြောတယ်၊ ညို တို့ဂျီမအုပ်စုတွေ စုပေါင်းပြီးတော့ ဂျီမဇာတ်ပွဲလေး
စတည်ထောင် မယ်ဆိုရင်တော့ ကောင်းမှာပဲလို့ ခုတော့ စင်တင်ကပွဲ အနေနဲ့ကတော့
နှစ်ပွဲလောက်ရှိပြီ၊ ပထမပွဲကတော့ ညိုတို့ ရန်ပုံငွေထဲမ၀င်ဘူး၊ ကိုယ်တွေက
ကူညီတဲ့အနေနဲ့ သွားကတာပဲရှိတယ်၊ ဒုတိယပွဲကတော့ သူတို့က ညိုတို့ကို လာငှားတယ်၊
တစ်ညဘယ်လောက်နဲ့ ကမလဲပေါ့နော်၊ ပွဲမှာဆိုရင် မိတ်ကပ်မပြင်တတ်တဲ့ ဂျီမတွေဆိုရင်လည်း
မိတ်ကပ်ဝိုင်းပြင် ပေးရတာတွေ၊ ဆံထိုးမထုံးတတ်တဲ့ သူတွေဆိုရင်လည်း ၀ိုင်းပြီးဆံထိုး
ထုံးပေးကြရတယ်လေ၊ အ၀တ်အစား ဆင်ယင်တာကအစပေါ့နော် တတ်တဲ့သူတွေက
ဝိုင်းပြီးကြည့်ပေးကြတာပေါ့၊ ညိုဆိုလည်း ပွဲမကခင်မှာ ညို အိမ်မှာခေါ်ပြီး
မိတ်ကပ်လူးပေးတာတို့ လုပ်ပေးတယ်လေ၊

 

 

 

မေး၊  ၊ ဒီမှာရှိတဲ့ ဂျီမတွေကြားထဲမှာ
တခြားလုပ်တာတွေရော ဘာတွေရှိသေးလဲ၊ စာကြည့်တိုက်တို့။ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့မှာ
ဝင်ပါတဲ့ ဟာမျိုးတွေရော၊

 

ဖြေ၊  ၊ စာကြည့်တိုက်မှာဆိုရင်တော့ ကိုညီမောင်က
တစ်လတစ်ကြိမ် စာရင်းစစ်တယ်၊ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့မှာဆိုရင် ညိုတို့အုပ်စုတွေက
သူများတွေ လမ်းလျှောက်ချီတက်တာမျိုးနဲ့ မတူအောင်ကို ချီတက်ကြတယ်၊ ညိုတို့
အုပ်စုတွေက ဂျပန်။ အိန္ဒိယ။ ထိုင်း။ ဗမာ ၀တ်စုံတွေနဲ့ ပြီးတော့ ဒေါင်းတောင်တွေနဲ့
ခမ်းခမ်းနားနားဖြစ်အောင် ချီတက်ကြတယ်လေ၊ ထိုင်းဝတ်စုံကို ညိုက ၀တ်တယ်လေ၊

 

 

 

မေး၊  ၊ အရင်ကဆိုရင် ဂျီမတွေဆိုရင် အထင်သေးတယ်၊
လူတွေကြားထဲမှာ ၀င်လုပ်တာမျိုးမရှိဘူး၊ အခုကျတော့ ဂျီမတွေက ပွဲလမ်းသဘင်တွေမှာ
ဝင်လုပ်တာတွေ။ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးမှာ ၀င်ပါတာတွေ ရှိလာတော့ ပတ်ဝန်းကျင်က
လူတွေကြားထဲမှာ ဘယ်လိုအမြင်တွေ ပြောင်းသွားတာမျိုး တွေရှိလဲ၊

 

 

 

ညို၊  ၊ ပတ်ဝန်းကျင်ကလူတွေထဲမှာ အရင်ကတော့ ဂံဒူးသုံးမရတဲ့ ဂံဒူး တွေပေါ့၊ အဲလို အရာရောက်တဲ့နေရာမှာ
ကိုယ်တွေ ရှေ့တန်းကသွားလိုက်တော့ သူတို့တွေက ချီးကျူးတာပေါ့၊ ဂျီမ တယောက်ဟာ
ဘယ်လောက်အထိ ကြိုးစားတယ်။ ဘယ်လောက်အထိ စွမ်းဆောင်နိုင်တယ်ပေါ့၊ ပွဲသွားကကြ
တော့မယ်ဆိုရင်လည်း ပတ်ဝန်းကျင်ကလူတွေက သူတို့တွေလာခဲ့ကြမယ်ပေါ့၊
လာအားပေးမယ်ပေါ့နော်၊ ကိုယ်တွေကလည်း လာခဲ့ကြပေါ့၊ နင်တို့တွေရဲ့ လက်ခုပ်သံဟာ
ကိုယ်တွေအတွက် အားဆေးတစ်ခွက်ပေါ့နော်၊

 

 

 

မေး၊  ၊ ငယ်ငယ်တုန်းက ညိုပြောတယ်၊ အမေက
ဒါကိုမကြိုက်တော့ ညိုဝမ်းနည်းခဲ့တယ် မဟုတ်လား၊ ခုချိန်ကျတော့ လူကြီးတစ်ယောက်အနေနဲ့
လွတ်လွတ်ကင်းကင်း ဖြစ်လာတယ်၊ တစ်ချိန်တည်းမှာပဲ အခြားသူတွေကလည်း အထင်ကြီးလာတယ်၊
ဂျီမတွေ အပေါ်မှာ လေးစားမှု ပေးလာတော့ ညို့အနေနဲ့ ဘယ်လိုခံစားရလဲ၊

 

ညို၊  ၊ ညို့စိတ်ထဲမှာ ပီတိဖြစ်တယ်၊ သူတို့တွေက
ကိုယ်တွေကို လေးစားတော့ ပီတိဖြစ်တယ်၊ ကိုယ်ကနေ ဦးစီးဦးဆောင်အနေနဲ့
အလုပ်လုပ်ပေးတော့ ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူတယ်၊ ပြီးတော့ ရည်မှန်းချက်
ပန်းတိုင်ကိုမရောက်သေးတဲ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တာနှစ်ခုမှာ တစ်ခုက ကိုယ့်စိတ်ကိုကိုယ်
ဝေခွဲမရဖြစ်နေတယ်၊ ရည်မှန်းချက်ပန်းတိုင် သုံးချိုးမှာ နှစ်ချိုးလောက်တော့
ရောက်သွားပြီ။

 

 

 

မေး၊  ၊ တကယ်လို့ ညို့မှာ အကုန်လုံးသာပြည့်စုံရင်
ညို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာဖြစ်ချင်လဲ၊

 

ညို၊  ၊ အားလုံးသာ ပြည့်စုံနေမယ်ဆိုရင်
မိန်းမဘ၀ပြောင်းပြီး ကိုယ်တတ်တဲ့ ပညာလေးနဲ့ လုပ်စားပြီး ယောက်ျားတစ်ယောက်နဲ့
အတည်အကျ ပေါင်းသင်းနေထိုင်ချင်ပါတယ်၊

 

 

 

မေး၊  ၊ တကယ်လို့သာ ညို့ကို လူတစ်ယောက်က ဂျီမတွေက
အသုံးမကျဘူး၊ ပလီပလာပဲပြောတယ်၊ စကားမတည်ဘူး၊ အေအိုင်ဒီအက်စ်ဖြစ်မဲ့ သူတွေလို့
ပြောရင် ညို့အနေနဲ့ ဘယ်လိုတုန့်ပြန်မလဲ၊

 

ညို၊  ၊ ဘယ်လိုတုန့်ပြန်မလဲဆိုတော့ အရင်ကဆိုရင်
အေအိုင်ဒီအက်စ် ဆိုတာ ကုရာနတ္ထိဆေးမရှိပေါ့၊ အခုဆိုရင် တန့်ဆေးမျိုးပေါ်လာနေပြီပေါ့၊
ငါတို့အနေနဲ့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့၊

 

 

 

မေး၊  ၊ နောက်ဆုံးမေးခွန်းက တခြားဂျီမတွေကိုရော ညို့ရဲ့အတွေ့အကြုံနဲ့
ပတ်သက်ပြီးတော့ ဘယ်လိုမျိုးပြောချင်လဲ၊

 

ညို၊  ၊ တခြားဂျီမတွေကိုတော့ ကိုယ်တတ်တဲ့ပညာတွေ
ပြန်ပြီး သင်ပေးချင်တယ်၊ ပတ်ဝန်းကျင်က အထင်သေးအောင် မနေဖို့ သူတို့တွေအနေနဲ့
တလေးတစားနဲ့ ဆက်ဆံလာအောင် နေတတ်ဖို့အတွက် ကိုယ်နေသလိုမျိုးပေါ့၊

 

 

 

မေး၊  ၊ ဂျီမတွေအပေါ် နှိမ်တဲ့သူတွေ။ အမြဲတမ်း ဂံဒူးမ” “အခြောက်မဆိုပြီး နှိမ်တဲ့သူတွေကိုရော ညို ဘယ်လိုမျိုး ပြောချင်လဲ၊

 

ညို၊  ၊ အရင်ကသာ ဂျီမတွေဟာ လက်မောင်းကြောမတင်းပဲ
အိမ်မှာခိုကပ်စားကြတာ၊ အခုအချိန်မှာ ဂျီမတွေဟာ ယောက်ျားနဲ့ ရင်ပေါင်တန်းပြီး
သူတို့တွေထက် ၀င်ငွေပိုကောင်းအောင်ရှာတတ်တယ်၊ နင်တို့ရှာတာထက် နှစ်ဆကို
ငါရှာနိုင်တယ်လို့ ပြောမယ်ပေါ့၊ ငါ့ကို မှီအောင်နင်တို့ ရင်ပေါင်တန်းပြီး
လိုက်လာလို့ ပြောမှာပေါ့၊

 

 

 

မေး၊  ၊ ညို့အနေနဲ့ ဂျီမ ဖြစ်ရတာကို မှားတယ်လို့
ထင်လား၊

 

ညို၊  ၊ မမှားပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားသာ
ဖြစ်သွားမယ်ဆိုရင် အမေကိုမပြုစု မစောင့်ရှောက်ရဘူး၊ မိန်းမနဲ့ကလေးတွေသာ
ပြုစုစောင့်ရှောက်ရမှာ၊ အခုကျတော့ ဂျီမဖြစ်နေတော့ ကိုယ်ရတဲ့ပိုက်ဆံကို
ကိုယ့်အမေဆီကိုပို့ပြီး ပြုစုစောင့်ရှောက်လို့ နိုင်တယ်၊ လူမှု
အသိုင်းအ၀ိုင်းကိုလည်း ၀င်လို့နိုင်တယ်၊ ရောဂါဖြစ်နေတဲ့ သူတွေကိုလည်း
ပြုစုစောင့်ရှောက်နိုင်တယ်၊ ဒါကြောင့် ဂျီမဖြစ်ရတာကိုပဲ ဂုဏ်ယူတယ်၊ ဘုရားဆီမှာပဲ
ယောက်ျား ခန္ဓာကိုယ်နဲ့ ဂျီမဖြစ်ပါစေလို့ ဆုတောင်းတယ်၊ ဒီပုံစံနဲ့ပဲ ကိုယ့်ရဲ့
အဖေအမေကို လုပ်ကျွေးမှာ၊

 

 

 

မေး၊  ၊ မိန်းမတယောက်က အစ်ကိုရယ်
အစ်ကိုယောက်ျားလိုပြန်နေပါ၊ အစ်ကို့ကို ကျွန်မလက်ထပ် ချင်ပါတယ်ဆို ဘယ်လိုနေမလဲ၊

 

ညို၊  ၊ မျက်နှာဖြတ်ရိုက်လိုက်မှာပေါ့၊ ငါက မိန်းမ
မကြိုက်ဘူး၊ ယောက်ျားပဲ စိတ်ဝင်စားတယ်၊ နင်ချမ်းသာလို့ နင်ကိုယ်လုံးနဲ့ တိုင်းပြီး
ရွှေတွေလာပေးရင်တောင် ငါစိတ်မ၀င်စားဘူးလို့ ပြောလိုက်မယ်။



Colours Rainbow

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top